အာဆင်နယ်အတွက် တကျော့ပြန် ပထမဆုံးပွဲမှာ အမိုက်စားစကေးဖြင့် ဆာကာအတွက် ဖန်တီးခဲ့တဲ့ အိုဒီဂတ်

မာတင်အိုဒီဂတ်ဟာအာဆင်နယ်အတွက်တကျော့ပြန်ပထမဆုံးကစားတဲ့ပွဲမှာကစားဖော်ဘူကာယိုဆာကာအတွက်အမိုက်စားစကေးဖြင့်ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

အသက်၂၂နှစ်ရှိနော်ဝေလက်ရွေးစင်ဟာပြီးခဲ့တဲ့အပတ်တုန်းကမှရီးရဲလ်မက်ဒရစ်မှအာဆင်နယ်သို့ပေါင်သန်း၃၀ဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကအာဆင်နယ်သို့ခြောက်လအငှားဖြင့်လာရောက်ကစားခဲ့တဲ့အိုဒီဂတ်ဟာမနေ့ညတုန်းကဝက်စ်ဘရွန်းအား၆-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ကာရာဘောင်းဖလားပွဲစဉ်မှာပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ပါတယ်။

သူဟာဝက်စ်ဘရွန်းဘက်သို့ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပေမယ့်လည်းကစားဖော်ဆာကာအတွက်ဖန်တီးမှုပြုလုပ်ခဲ့ပါတယ်။

အင်္ဂလန်စတားဆာကာဟာဘယ်ခြမ်းကထိုးဖောက်ရင်းအိုဒီဂတ်ကိုပေးပို့ပြီးရှေ့သို့ပြေးထွက်ခဲ့ပါတယ်။အိုဒီဂတ်ဟာဘောလုံးကိုချက်ချင်းပင်နောက်ပေါက်ဖြင့်ရှေ့သို့ချပေးခဲ့ပြီးပြေးတက်လာတဲ့ဆာကာကပင်ဂိုးသွင်းယူခဲ့ပါတယ်။

တကယ်တော့အိုဒီဂတ်ဟာယင်းပွဲမှာဂိုးသွင်းနိုင်မယ့်အခွင့်အရေးရရှိခဲ့သူဖြစ်ပါတယ်။သူဟာအကာအကွယ်မဲ့နေတဲ့ဂိုးပေါက်ထဲသို့ကန်သွင်းနိုင်မယ့်အခွင့်အရေးရခဲ့ပေမယ့်အသုံးမချနိုင်ခဲ့ပါတယ်။

ဝက်စ်ဘရွန်းနှင့်ပွဲစဉ်တွင်အာဆင်နယ်အတွက်ဂိုးများကိုအသင်းခေါင်းဆောင်အူဘာမီယန်ကဟက်ထရစ်သွင်းခဲ့ပြီးပီပီ၊ဆာကာနှင့်လာကာဇက်တီတို့ကသွင်းယူခဲ့ပါတယ်။

အာဆင်နယ်နည်းပြအာတီတာဟာလည်းဝက်စ်ဘရွန်းနိုင်ပွဲကြောင့်အနည်းငယ်ဖိအားလျှော့သွားခဲ့ပါတယ်။

အာဆင်နယ်ဟာလာမယ့်စနေနေ့မှာမန်စီးတီးကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

အာဆင္နယ္အတြက္ တေက်ာ့ျပန္ ပထမဆုံးပြဲမွာ အမိုက္စားစေကးျဖင့္ ဆာကာအတြက္ ဖန္တီးခဲ့တဲ့ အိုဒီဂတ္

မာတင္အိုဒီဂတ္ဟာအာဆင္နယ္အတြက္တေက်ာ့ျပန္ပထမဆုံးကစားတဲ့ပြဲမွာကစားေဖာ္ဘူကာယိုဆာကာအတြက္အမိုက္စားစေကးျဖင့္ဖန္တီးမႈျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။

အသက္၂၂ႏွစ္ရွိေနာ္ေဝလက္ေ႐ြးစင္ဟာၿပီးခဲ့တဲ့အပတ္တုန္းကမွရီးရဲလ္မက္ဒရစ္မွအာဆင္နယ္သို႔ေပါင္သန္း၃၀ျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကအာဆင္နယ္သို႔ေျခာက္လအငွားျဖင့္လာေရာက္ကစားခဲ့တဲ့အိုဒီဂတ္ဟာမေန႔ညတုန္းကဝက္စ္ဘ႐ြန္းအား၆-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ကာရာေဘာင္းဖလားပြဲစဥ္မွာပြဲထြက္လူစာရင္းမွာပါဝင္ခဲ့ပါတယ္။

သူဟာဝက္စ္ဘ႐ြန္းဘက္သို႔ဂိုးသြင္းႏိုင္ခဲ့ျခင္းမရွိေပမယ့္လည္းကစားေဖာ္ဆာကာအတြက္ဖန္တီးမႈျပဳလုပ္ခဲ့ပါတယ္။

အဂၤလန္စတားဆာကာဟာဘယ္ျခမ္းကထိုးေဖာက္ရင္းအိုဒီဂတ္ကိုေပးပို႔ၿပီးေရွ႕သို႔ေျပးထြက္ခဲ့ပါတယ္။အိုဒီဂတ္ဟာေဘာလုံးကိုခ်က္ခ်င္းပင္ေနာက္ေပါက္ျဖင့္ေရွ႕သို႔ခ်ေပးခဲ့ၿပီးေျပးတက္လာတဲ့ဆာကာကပင္ဂိုးသြင္းယူခဲ့ပါတယ္။

တကယ္ေတာ့အိုဒီဂတ္ဟာယင္းပြဲမွာဂိုးသြင္းႏိုင္မယ့္အခြင့္အေရးရရွိခဲ့သူျဖစ္ပါတယ္။သူဟာအကာအကြယ္မဲ့ေနတဲ့ဂိုးေပါက္ထဲသို႔ကန္သြင္းႏိုင္မယ့္အခြင့္အေရးရခဲ့ေပမယ့္အသုံးမခ်ႏိုင္ခဲ့ပါတယ္။

ဝက္စ္ဘ႐ြန္းႏွင့္ပြဲစဥ္တြင္အာဆင္နယ္အတြက္ဂိုးမ်ားကိုအသင္းေခါင္းေဆာင္အူဘာမီယန္ကဟက္ထရစ္သြင္းခဲ့ၿပီးပီပီ၊ဆာကာႏွင့္လာကာဇက္တီတို႔ကသြင္းယူခဲ့ပါတယ္။

အာဆင္နယ္နည္းျပအာတီတာဟာလည္းဝက္စ္ဘ႐ြန္းႏိုင္ပြဲေၾကာင့္အနည္းငယ္ဖိအားေလွ်ာ့သြားခဲ့ပါတယ္။

အာဆင္နယ္ဟာလာမယ့္စေနေန႔မွာမန္စီးတီးကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရပါမယ္။