အာဆင်နယ်အတွက် မခေါ်ယူနိုင်ခဲ့လို့ နောင်တအရဆုံးကစားသမားတစ်ဦးကို အာစင်ဝင်းဂါးဖွင့်ဟလာ

အာစင်ဝင်းဂါးကအာဆင်နယ်ကိုကိုင်တွယ်နေစဉ်ကာလအတွင်းခေါ်ယူရန်အနီးစပ်ဆုံးအနေအထားသို့ရောက်ပြီးမှမခေါ်ယူနိုင်ခဲ့မှုကြောင့်နောင်တအကြီးအကျယ်ရရတဲ့ကစားသမားအမည်ကိုဖွင့်ဟလာပါတယ်။

အာဆင်နယ်ဂန္ထဝင်နည်းပြကမန်ယူစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကိုအာဆင်နယ်သို့မခေါ်ယူနိုင်ခဲ့မှုအတွက်အလွန်နောင်တရရကြောင်းဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

အာစင်ဝင်းဂါးဟာ၂၀၀၃-၀၄ရာသီတုန်းကအာဆင်နယ်ကိုရှုံးပွဲမရှိမှတ်တမ်းဖြင့်ပရီးမီးယားလိဂ်ဖလားရရှိအောင်စွမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ဒါပေမယ့်တကယ်လို့များဝင်းဂါးသာခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူနိုင်ပြီးအာဆင်နယ်တောင်ပံတွင်အသုံးပြုနိုင်ခဲ့မယ်ဆိုပါကဝင်းဂါးနှင့်အာဆင်နယ်သမိုင်းမှာအကြီးအကျယ်အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။

ရော်နယ်ဒိုဟာ၂၀၀၃ခုနှစ်မှာစပို့တင်းလစ္စဘွန်းကနေမန်ယူသို့ပေါင်၁၂.၂၄သန်းဖြင့်ပြောင်းခဲ့ပါတယ်။

ရော်နယ်ဒိုဟာထိုစဉ်ကကမ္ဘာ့အကောင်းဆုံးလူငယ်များထဲမှတစ်ဦးအဖြစ်ချီးကျူးခံရသူဖြစ်ပြီးသူ့ကိုခေါ်ယူလိုသူကလည်းအများကြီးပါ။သူ့ကိုခေါ်ယူလိုတဲ့သူတွေထဲမှာအာစင်ဝင်းဂါးလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဝင်းဂါးကို Invincible 2003-04 Squad အတွက်ဘယ်ကစားသမားကိုခေါ်ယူလိုသလဲလို့မေးမြန်းခဲ့ရာပြင်သစ်လူမျိုးနည်းပြကရှင်းရှင်းလင်းလင်းပင်ဖြေကြားသွားပါတယ်။

ဝင်းဂါးက “ရော်နယ်ဒိုပါ။သူက၂၀၀၄မှာမန်ယူအတွက်ကစားနေတယ်။သူကကျွန်တော်မခေါ်ယူနိုင်လို့နောင်တရမိတဲ့ကစားသမားတွေထဲကတစ်ဦးပါ။သူ့ကိုခေါ်ယူဖို့အရမ်းအရမ်းကိုနီးစပ်ခဲ့တာပါ”လို့ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာမန်ယူတွင်အထနှေးခဲ့သော်လည်းပရီးမီးယားလိဂ်တွင်ကစားစဉ်ကာလအတွင်းတွင်ပင်ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်လာခဲ့ပါတယ်။

၂၀၀၈ခုနှစ်တုန်းကမန်ယူတွင်ကစားစဉ် Ballon d’Or ဆုကိုပထမဆုံးအကြိမ်ဆွတ်ခူးခဲ့တဲ့ရော်နယ်ဒိုဟာယခုရာသီတွင်မန်ယူသို့တကျော့ပြန်ရောက်နေပြီဖြစ်ပါတယ်။

တကယ်လို့များရော်နယ်ဒိုသာထိုစဉ်ကမန်ယူသို့မပြောင်းဘဲအာဆင်နယ်သို့ပြောင်းပါကလည်းနေရာရရှိရန်မလွယ်ကူပါဘူး။ထိုစဉ်ကရော်နယ်ဒိုကငယ်ရွယ်ကာအတွေ့အကြုံနုနယ်သေးတဲ့အပြင်အာဆင်နယ်တွင်ရောဘတ်ပီးရက်စ်နှင့်ဖရက်ဒီယွန်းဘတ်တို့အကောင်းဆုံးခြေစွမ်းပြနေချိန်ဖြစ်ပါတယ်။

တကယ်လို့များရော်နယ်ဒိုသာအာစင်ဝင်းဂါးလက်အောက်သို့ရောက်သွားခဲ့မယ်လို့သူ့ကံကြမ္မာဘယ်လိုဖြစ်လာမယ်လို့ထင်လဲ?

ZawGyi

အာဆင္နယ္အတြက္ မေခၚယူႏိုင္ခဲ့လို႔ ေနာင္တအရဆုံးကစားသမားတစ္ဦးကို အာစင္ဝင္းဂါးဖြင့္ဟလာ

အာစင္ဝင္းဂါးကအာဆင္နယ္ကိုကိုင္တြယ္ေနစဥ္ကာလအတြင္းေခၚယူရန္အနီးစပ္ဆုံးအေနအထားသို႔ေရာက္ၿပီးမွမေခၚယူႏိုင္ခဲ့မႈေၾကာင့္ေနာင္တအႀကီးအက်ယ္ရရတဲ့ကစားသမားအမည္ကိုဖြင့္ဟလာပါတယ္။

အာဆင္နယ္ဂႏၴဝင္နည္းျပကမန္ယူစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုကိုအာဆင္နယ္သို႔မေခၚယူႏိုင္ခဲ့မႈအတြက္အလြန္ေနာင္တရရေၾကာင္းဖြင့္ဟလာခဲ့တာျဖစ္ပါတယ္။

အာစင္ဝင္းဂါးဟာ၂၀၀၃-၀၄ရာသီတုန္းကအာဆင္နယ္ကိုရႈံးပြဲမရွိမွတ္တမ္းျဖင့္ပရီးမီးယားလိဂ္ဖလားရရွိေအာင္စြမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။ဒါေပမယ့္တကယ္လို႔မ်ားဝင္းဂါးသာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူႏိုင္ၿပီးအာဆင္နယ္ေတာင္ပံတြင္အသုံးျပဳႏိုင္ခဲ့မယ္ဆိုပါကဝင္းဂါးႏွင့္အာဆင္နယ္သမိုင္းမွာအႀကီးအက်ယ္အေျပာင္းအလဲျဖစ္လာႏိုင္ပါတယ္။

ေရာ္နယ္ဒိုဟာ၂၀၀၃ခုႏွစ္မွာစပို႔တင္းလစၥဘြန္းကေနမန္ယူသို႔ေပါင္၁၂.၂၄သန္းျဖင့္ေျပာင္းခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာထိုစဥ္ကကမာၻ႔အေကာင္းဆုံးလူငယ္မ်ားထဲမွတစ္ဦးအျဖစ္ခ်ီးက်ဴးခံရသူျဖစ္ၿပီးသူ႔ကိုေခၚယူလိုသူကလည္းအမ်ားႀကီးပါ။သူ႔ကိုေခၚယူလိုတဲ့သူေတြထဲမွာအာစင္ဝင္းဂါးလည္းတစ္ဦးအပါအဝင္ျဖစ္ပါတယ္။

ဝင္းဂါးကို Invincible 2003-04 Squad အတြက္ဘယ္ကစားသမားကိုေခၚယူလိုသလဲလို႔ေမးျမန္းခဲ့ရာျပင္သစ္လူမ်ိဳးနည္းျပကရွင္းရွင္းလင္းလင္းပင္ေျဖၾကားသြားပါတယ္။

ဝင္းဂါးက “ေရာ္နယ္ဒိုပါ။သူက၂၀၀၄မွာမန္ယူအတြက္ကစားေနတယ္။သူကကြၽန္ေတာ္မေခၚယူႏိုင္လို႔ေနာင္တရမိတဲ့ကစားသမားေတြထဲကတစ္ဦးပါ။သူ႔ကိုေခၚယူဖို႔အရမ္းအရမ္းကိုနီးစပ္ခဲ့တာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာမန္ယူတြင္အထေႏွးခဲ့ေသာ္လည္းပရီးမီးယားလိဂ္တြင္ကစားစဥ္ကာလအတြင္းတြင္ပင္ကမာၻ႔အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးျဖစ္လာခဲ့ပါတယ္။

၂၀၀၈ခုႏွစ္တုန္းကမန္ယူတြင္ကစားစဥ္ Ballon d’Or ဆုကိုပထမဆုံးအႀကိမ္ဆြတ္ခူးခဲ့တဲ့ေရာ္နယ္ဒိုဟာယခုရာသီတြင္မန္ယူသို႔တေက်ာ့ျပန္ေရာက္ေနၿပီျဖစ္ပါတယ္။

တကယ္လို႔မ်ားေရာ္နယ္ဒိုသာထိုစဥ္ကမန္ယူသို႔မေျပာင္းဘဲအာဆင္နယ္သို႔ေျပာင္းပါကလည္းေနရာရရွိရန္မလြယ္ကူပါဘူး။ထိုစဥ္ကေရာ္နယ္ဒိုကငယ္႐ြယ္ကာအေတြ႕အႀကဳံႏုနယ္ေသးတဲ့အျပင္အာဆင္နယ္တြင္ေရာဘတ္ပီးရက္စ္ႏွင့္ဖရက္ဒီယြန္းဘတ္တို႔အေကာင္းဆုံးေျခစြမ္းျပေနခ်ိန္ျဖစ္ပါတယ္။

တကယ္လို႔မ်ားေရာ္နယ္ဒိုသာအာစင္ဝင္းဂါးလက္ေအာက္သို႔ေရာက္သြားခဲ့မယ္လို႔သူ႔ကံၾကမၼာဘယ္လိုျဖစ္လာမယ္လို႔ထင္လဲ?