အာဆင်နယ်အသင်း ရမှတ်တစ်ရာအထိ ရယူလာနိုင်ကြောင်း ဂွါဒီယိုလာဖွင့်ဟလာ

မန်စီးတီးနည်းပြဂွါဒီယိုလာကအာဆင်နယ်အသင်းမှာပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန်အခြေအနေအကောင်းဆုံးဖြစ်နေပြီးရမှတ်တစ်ရာအထိရယူလာနိုင်ကြောင်းဆိုသွားပါတယ်။

ချန်ပီယံမန်စီးတီးဟာယနေ့ညစတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်တွင်ချဲလ်ဆီးကိုအနိုင်ယူနိုင်ပါကထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၅မှတ်အထိကျဉ်းမြောင်းလာနိုင်ပါတယ်။

ဂွါဒီယိုလာကမန်စီးတီးအနေဖြင့်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန်အကောင်းဆုံးအပြည့်စုံဆုံးအနေအထားမျိုးတွင်ရှိနေရမည်ဖြစ်ကြောင်းဆိုသွားပါတယ်။

ဂွါဒီယိုလာက “အာဆင်နယ်နဲ့ယူနိုက်တက်တို့မှာအားသာနေတာတစ်ခုကတော့ပရီးမီးယားလိဂ်ဖလားမရထားတာပါ။မန်စီးတီးလိုအသင်းကိုအမှတ်၂၀လောက်အထိဖြတ်ထားနိုင်တာပါ။ပြီးတော့ဒါကတခါတလေပြဿနာကြီးဖြစ်လာတတ်တယ်။အာဆင်နယ်အတွက်ကတော့ပရီးမီးယားလိဂ်ဖလားမရထားတာအားသာချက်ဖြစ်လာနိုင်ပါတယ်။သူတို့ဘယ်လောက်တောင်ကြာပြီလဲမသိတော့ပါဘူး။ဒါပေမဲ့သူတို့ရဲ့ရင်ဆိုင်ရတော့သူတို့ရဲ့သမိုင်းရနံ့တွေရတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဂွါဒီယိုလာက၂၀၀၄ခုနှစ်တွင်နောက်ဆုံးပရီးမီးယားလိဂ်ဖလားရရှိခဲ့တဲ့အာဆင်နယ်မှာရမှတ်တစ်ရာအထိရယူလာနိုင်တဲ့အနေအထားမျိုးတွင်ရှိနေကြောင်းလည်းဆိုသွားပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်ပွဲ၁၇ပွဲကစားခဲ့ရာတွင်၁၄ပွဲအနိုင်ရရှိထားပြီးတစ်ပွဲတည်းသာရှုံးနိမ့်ထားကာရမှတ်၄၄မှတ်ရယူထားနိုင်ပါတယ်။

ဂွါဒီယိုလာက “အာဆင်နယ်ဟာရမှတ်၁၀၀(သို့မဟုတ်)၁၀၀မှတ်ထက်များအားရယူနိုင်တဲ့အနေအထားမှာရှိတယ်။တကယ်လို့ဒီအတိုင်းသူတို့သာဆက်သွားနေရင်ကျွန်တော်တို့လိုက်မီတော့မှာမဟုတ်ပါဘူး။ဒီတော့ကျွန်တော်တို့အနေနဲ့ရာသီကုန်တဲ့အထိအပြီးပြည့်စုံဆုံးဖြစ်နေရပါမယ်။သူတို့ရဲ့ခြေစွမ်းနည်းနည်းကျလာဖို့လည်းမျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

အာဆင္နယ္အသင္း ရမွတ္တစ္ရာအထိ ရယူလာႏိုင္ေၾကာင္း ဂြါဒီယိုလာဖြင့္ဟလာ

မန္စီးတီးနည္းျပဂြါဒီယိုလာကအာဆင္နယ္အသင္းမွာပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ရန္အေျခအေနအေကာင္းဆုံးျဖစ္ေနၿပီးရမွတ္တစ္ရာအထိရယူလာႏိုင္ေၾကာင္းဆိုသြားပါတယ္။

ခ်န္ပီယံမန္စီးတီးဟာယေန႔ညစတမ္းဖို႔ဒ္ဘရစ္ခ်္ပြဲစဥ္တြင္ခ်ဲလ္ဆီးကိုအႏိုင္ယူႏိုင္ပါကထိပ္ဆုံးမွအာဆင္နယ္ႏွင့္ရမွတ္၅မွတ္အထိက်ဥ္းေျမာင္းလာႏိုင္ပါတယ္။

ဂြါဒီယိုလာကမန္စီးတီးအေနျဖင့္ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ရန္အေကာင္းဆုံးအျပည့္စုံဆုံးအေနအထားမ်ိဳးတြင္ရွိေနရမည္ျဖစ္ေၾကာင္းဆိုသြားပါတယ္။

ဂြါဒီယိုလာက “အာဆင္နယ္နဲ႔ယူႏိုက္တက္တို႔မွာအားသာေနတာတစ္ခုကေတာ့ပရီးမီးယားလိဂ္ဖလားမရထားတာပါ။မန္စီးတီးလိုအသင္းကိုအမွတ္၂၀ေလာက္အထိျဖတ္ထားႏိုင္တာပါ။ၿပီးေတာ့ဒါကတခါတေလျပႆနာႀကီးျဖစ္လာတတ္တယ္။အာဆင္နယ္အတြက္ကေတာ့ပရီးမီးယားလိဂ္ဖလားမရထားတာအားသာခ်က္ျဖစ္လာႏိုင္ပါတယ္။သူတို႔ဘယ္ေလာက္ေတာင္ၾကာၿပီလဲမသိေတာ့ပါဘူး။ဒါေပမဲ့သူတို႔ရဲ႕ရင္ဆိုင္ရေတာ့သူတို႔ရဲ႕သမိုင္းရနံ႔ေတြရတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဂြါဒီယိုလာက၂၀၀၄ခုႏွစ္တြင္ေနာက္ဆုံးပရီးမီးယားလိဂ္ဖလားရရွိခဲ့တဲ့အာဆင္နယ္မွာရမွတ္တစ္ရာအထိရယူလာႏိုင္တဲ့အေနအထားမ်ိဳးတြင္ရွိေနေၾကာင္းလည္းဆိုသြားပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္ပြဲ၁၇ပြဲကစားခဲ့ရာတြင္၁၄ပြဲအႏိုင္ရရွိထားၿပီးတစ္ပြဲတည္းသာရႈံးနိမ့္ထားကာရမွတ္၄၄မွတ္ရယူထားႏိုင္ပါတယ္။

ဂြါဒီယိုလာက “အာဆင္နယ္ဟာရမွတ္၁၀၀(သို႔မဟုတ္)၁၀၀မွတ္ထက္မ်ားအားရယူႏိုင္တဲ့အေနအထားမွာရွိတယ္။တကယ္လို႔ဒီအတိုင္းသူတို႔သာဆက္သြားေနရင္ကြၽန္ေတာ္တို႔လိုက္မီေတာ့မွာမဟုတ္ပါဘူး။ဒီေတာ့ကြၽန္ေတာ္တို႔အေနနဲ႔ရာသီကုန္တဲ့အထိအၿပီးျပည့္စုံဆုံးျဖစ္ေနရပါမယ္။သူတို႔ရဲ႕ေျခစြမ္းနည္းနည္းက်လာဖို႔လည္းေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။