အာဆင်နယ် နံပါတ်တစ်ဂိုးသမားနေရာအတွက် နေ့စဉ် တိုက်ပွဲဝင်နေတဲ့ ရမ်ဒဲလ်

အေရွန်ရမ်ဒဲလ်ဟာအာဆင်နယ်နံပါတ်တစ်နေရာမှာသူနဲ့သာထိုက်တန်ကြောင်းကိုပြသရန်နေ့စဉ်နှင့်အမျှဘန်းလီနိုနှင့်တိုက်ပွဲဝင်နေပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမားရမ်ဒဲလ်ဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ရှက်ဖီးလ်ယူနိုက်တက်မှအာဆင်နယ်သို့ရောက်လာခဲ့သူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့စနေနေ့တုန်းကနော့ဝှစ်ချ်အား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်အာဆင်နယ်အတွက်ပထမဆုံးပရီးမီးယားလိဂ်ပွဲအဖြစ်ကစားခွင့်ရရှိခဲ့ပါတယ်။ယင်းပွဲမှာအာဆင်နယ်အတွက်ယခုရာသီတွင်ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲဖြစ်သလိုပထမဆုံးဂိုးမပေးခဲ့ရတဲ့ပွဲလည်းဖြစ်ပါတယ်။

အာတီတာဟာနိုင်ငံတကာပွဲစဉ်များမတိုင်မီနောက်ဆုံးပွဲစဉ်ဖြစ်တဲ့မန်စီးတီးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်ပွဲတွင်လက်စွမ်းမပြနိုင်ခဲ့တဲ့လီိနိုကိုအရန်ခုံသို့ပို့ခဲ့ပါတယ်။

ဂျာမနီဂိုးသမားဟာ၂၀၁၈ခုနှစ်တုန်းကလေဗာကူဆင်မှရောက်လာကတည်းကအာဆင်နယ်တွင်အပြည့်အဝယုံကြည်မှုမရလာသူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်အေရွန်ရမ်ဒဲလ်ဘက်ကလေ့ကျင့်ရေးအစီအစဉ်များတွင်အပြင်းအထန်ကြိုးစားကာအာဆင်နယ်နံပါတ်တစ်နေရာရယူရေးအပြင်းအထန်လုပ်ဆောင်လာမှုကြောင့်အရန်ခုံတွင်ဆက်တိုက်ထိုင်လာရမယ့်အခြေအနေမျိုးနှင့်လည်းရင်ဆိုင်လာရဖို့ရှိပါတယ်။

ZawGyi

အာဆင္နယ္ နံပါတ္တစ္ဂိုးသမားေနရာအတြက္ ေန႔စဥ္ တိုက္ပြဲဝင္ေနတဲ့ ရမ္ဒဲလ္

ေအ႐ြန္ရမ္ဒဲလ္ဟာအာဆင္နယ္နံပါတ္တစ္ေနရာမွာသူနဲ႔သာထိုက္တန္ေၾကာင္းကိုျပသရန္ေန႔စဥ္ႏွင့္အမွ်ဘန္းလီႏိုႏွင့္တိုက္ပြဲဝင္ေနပါတယ္။

အဂၤလန္လက္ေ႐ြးစင္ဂိုးသမားရမ္ဒဲလ္ဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ရွက္ဖီးလ္ယူႏိုက္တက္မွအာဆင္နယ္သို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့စေနေန႔တုန္းကေနာ့ဝွစ္ခ်္အား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္အာဆင္နယ္အတြက္ပထမဆုံးပရီးမီးယားလိဂ္ပြဲအျဖစ္ကစားခြင့္ရရွိခဲ့ပါတယ္။ယင္းပြဲမွာအာဆင္နယ္အတြက္ယခုရာသီတြင္ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲျဖစ္သလိုပထမဆုံးဂိုးမေပးခဲ့ရတဲ့ပြဲလည္းျဖစ္ပါတယ္။

အာတီတာဟာႏိုင္ငံတကာပြဲစဥ္မ်ားမတိုင္မီေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့မန္စီးတီးအား၅-၀ဂိုးျဖင့္ရႈံးနိမ့္ပြဲတြင္လက္စြမ္းမျပႏိုင္ခဲ့တဲ့လီိႏိုကိုအရန္ခုံသို႔ပို႔ခဲ့ပါတယ္။

ဂ်ာမနီဂိုးသမားဟာ၂၀၁၈ခုႏွစ္တုန္းကေလဗာကူဆင္မွေရာက္လာကတည္းကအာဆင္နယ္တြင္အျပည့္အဝယုံၾကည္မႈမရလာသူလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ေအ႐ြန္ရမ္ဒဲလ္ဘက္ကေလ့က်င့္ေရးအစီအစဥ္မ်ားတြင္အျပင္းအထန္ႀကိဳးစားကာအာဆင္နယ္နံပါတ္တစ္ေနရာရယူေရးအျပင္းအထန္လုပ္ေဆာင္လာမႈေၾကာင့္အရန္ခုံတြင္ဆက္တိုက္ထိုင္လာရမယ့္အေျခအေနမ်ိဳးႏွင့္လည္းရင္ဆိုင္လာရဖို႔ရွိပါတယ္။