အာဆင်နယ်-ဘရန့်ဖို့ဒ်ပွဲစဉ်မှ အမှားကြောင့် ယခုအပတ် VAR တာဝန်မှ ထုတ်ပယ်ခံခဲ့ရတဲ့ မေဆင်

လီးမေဆင်ဟာ ယခုအပတ် VAR တာဝန်မှ ထုတ်ပယ်ခြင်းခံလိုက်ရပြီ ဖြစ်ပါတယ်။ မေဆင်ဟာ စနေနေ့တုန်းက အာဆင်နယ်နှင့်ဘရိုက်တန်ပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းရဲ့ချေပဂိုးတည်ဆောက်ချိန်တွင် လူကျွံဘောဖြစ်နေမှုကို မစစ်ဆေးခဲ့မိပါဘူး။

လီးမေဆင်ဟာ ဒိုင်လူကြီးအဖြစ်မှ အနားယူပြီးနောက် VAR ဒိုင်လူကြီးအဖြစ်တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ယခုအခါမှာတော့ လီးမေဆင်ဟာ ယခုအပတ်ပွဲစဉ်များတွင် တာဝန်ထမ်းဆောင်ခွင့်မှ ဖယ်ရှားခြင်းခံလာရပြီ ဖြစ်ပါတယ်။

အသက် ၅၁ နှစ်ရှိ မေဆင်ဂရင်းဝုဒ်ဟာ အာဆင်နယ်နှင့် ဘရန့်ဖို့ဒ်တို့ တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် ခရစ္စတီယန်နော်ဂတ် လူကျွံနေမှုကို Line ဆွဲရန် မေ့ကျန်နေခဲ့မိမှုနဲ့အတူ တိုနေးရဲ့ချေပဂိုးကို ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။

PGMOL ဟာ မေဆင်ရဲ့အမှားအတွက် အာဆင်နယ်ကို လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်ခဲ့ရပါတယ်။

ZawGyi





