အာဆင်နယ်-မန်စီးတီးပွဲတွင် အချင်းများစဉ်အတွင်း အာတီတာကို ဆောင့်တွန်းခဲ့တဲ့ ကီဗင်ဒီဘရိုင်း

မန်စီးတီးကွင်းလယ်ဖန်တီးရှင်ကီဗင်ဒီဘရိုင်းဟာမနေ့ညတုန်းကအမ်းမရိတ်ကွင်းတွင်အာဆင်နယ်အားအနိုင်ရရှိတဲ့ပွဲတွင်သူ့ကိုဘောလုံးမရရှိအောင်တားဆီးတဲ့အာဆင်နယ်နည်းပြမီခေးလ်အာတီတာကိုဆောင့်တွန်းခဲ့ပါတယ်။

မနေ့ညကပွဲတွင်ကီဗင်ဒီဘရိုင်းဟာတိုမီယာဆုရဲ့အမှားကနေအာဆင်နယ်ဂိုးသမားအေရွန်ရမ်ဒေးလ်ကိုကျော်ကာမန်စီးတီးအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။

ဒါပေမဲ့ယင်းဂိုးကိုဆာကာကအငြင်းပွားဖွယ်ပင်နယ်တီကနေပြန်လည်ချေပဂိုးသွင်းခဲ့ပါတယ်။

အမ်းမရိတ်ကွ့င်းတွင်ကစားတဲ့ပွဲစဉ်ရဲ့ဒုတိယပိုင်းတွင်တင်းမာမှုများဖြစ်ခဲ့ပြီးကီဗင်ဒီဘရိုင်းဟာအာတီတာနှင့်အထစ်အငေါ့ဖြစ်ခဲ့ပါတယ်။

အာတီတာဟာကီဗင်ဒီဘရိုင်းကိုလက်ပစ်ဘောအလျှင်အမြန်ပစ်ပေးခြင်းမပြုလုပ်နိုင်အောင်တားဆီးခဲ့ပါတယ်။ထိုအခါကီဗင်ဒီဘရိုင်းကလည်းအာတီတာကိုဆောင့်တွန်းမှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။

မနေ့ညကပွဲတွင်မန်စီးတီးဟာပွဲချိန်၇၂မိနစ်မှာဂျက်ဂရဲလ်လစ်ရှ်ရဲ့ဂိုးဖြင့်ဒုတိယဂိုးရရှိခဲ့ပါတယ်။မန်စီးတီးအတွက်အပိတ်ဂိုးကိုအာလင်းဟာလန်းက၈၂မိနစ်မှာသွင်းယူခဲ့လို့၃-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီးဟာအာဆင်နယ်နိုင်ပွဲကြောင့် အမှတ်တူဂိုးကွာခြားချက်ဖြင့်ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်လာပါတယ်။

ZawGyi

အာဆင္နယ္-မန္စီးတီးပြဲတြင္ အခ်င္းမ်ားစဥ္အတြင္း အာတီတာကို ေဆာင့္တြန္းခဲ့တဲ့ ကီဗင္ဒီဘ႐ိုင္း

မန္စီးတီးကြင္းလယ္ဖန္တီးရွင္ကီဗင္ဒီဘ႐ိုင္းဟာမေန႔ညတုန္းကအမ္းမရိတ္ကြင္းတြင္အာဆင္နယ္အားအႏိုင္ရရွိတဲ့ပြဲတြင္သူ႔ကိုေဘာလုံးမရရွိေအာင္တားဆီးတဲ့အာဆင္နယ္နည္းျပမီေခးလ္အာတီတာကိုေဆာင့္တြန္းခဲ့ပါတယ္။

မေန႔ညကပြဲတြင္ကီဗင္ဒီဘ႐ိုင္းဟာတိုမီယာဆုရဲ႕အမွားကေနအာဆင္နယ္ဂိုးသမားေအ႐ြန္ရမ္ေဒးလ္ကိုေက်ာ္ကာမန္စီးတီးအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။

ဒါေပမဲ့ယင္းဂိုးကိုဆာကာကအျငင္းပြားဖြယ္ပင္နယ္တီကေနျပန္လည္ေခ်ပဂိုးသြင္းခဲ့ပါတယ္။

အမ္းမရိတ္ကြ႕င္းတြင္ကစားတဲ့ပြဲစဥ္ရဲ႕ဒုတိယပိုင္းတြင္တင္းမာမႈမ်ားျဖစ္ခဲ့ၿပီးကီဗင္ဒီဘ႐ိုင္းဟာအာတီတာႏွင့္အထစ္အေငါ့ျဖစ္ခဲ့ပါတယ္။

အာတီတာဟာကီဗင္ဒီဘ႐ိုင္းကိုလက္ပစ္ေဘာအလွ်င္အျမန္ပစ္ေပးျခင္းမျပဳလုပ္ႏိုင္ေအာင္တားဆီးခဲ့ပါတယ္။ထိုအခါကီဗင္ဒီဘ႐ိုင္းကလည္းအာတီတာကိုေဆာင့္တြန္းမႈျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။

မေန႔ညကပြဲတြင္မန္စီးတီးဟာပြဲခ်ိန္၇၂မိနစ္မွာဂ်က္ဂရဲလ္လစ္ရွ္ရဲ႕ဂိုးျဖင့္ဒုတိယဂိုးရရွိခဲ့ပါတယ္။မန္စီးတီးအတြက္အပိတ္ဂိုးကိုအာလင္းဟာလန္းက၈၂မိနစ္မွာသြင္းယူခဲ့လို႔၃-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

မန္စီးတီးဟာအာဆင္နယ္ႏိုင္ပြဲေၾကာင့္ အမွတ္တူဂိုးကြာျခားခ်က္ျဖင့္ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာရပ္တည္လာပါတယ္။