အာတီတာကို ထုတ်ပယ်ရန် ပြောဆိုနေတဲ့ ရဝန်ဒါသမ္မတအား နည်းပြအဖြစ် ခန့်အပ်ရန် ပရိသတ်များ ပြောကြားလာ

အာဆင်နယ်ပရိသတ်များဟာချဲလ်ဆီးကိုရှုံးနိမ့်ပြီးနောက်အာဆင်နယ်နည်းပြအာတီတာအားချက်ချင်းထုတ်ပယ်ရန်တောင်းဆိုနေတဲ့ရဝန်ဒါသမ္မတအားရာသီအကုန်အထိနည်းပြအဖြစ်ခန့်အပ်ရန်ဟာသနှောပြောကြားလာကြပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲတွင်ဘရန့်ဖို့ဒ်နှင့်ချဲလ်ဆီးတို့ကိုဆက်တိုက်ရှုံးနိမ့်ပြီးရဂိုးမရှိပြီးနောက်ကလပ်ရဲ့၁၁၈နှစ်သမိုင်းတွင်အဆိုးရွားဆုံးတာထွက်နှင့်ရင်ဆိုင်နေရပါတယ်။

ယင်းသို့ဆက်တိုက်ရလဒ်ဆိုးရွားမှုနဲ့အတူနည်းပြအာတီတာမှာလည်းဖိအားများနှင့်ရင်ဆိုင်လာရပြီးအနာဂတ်မရေမရာဖြစ်နေပါတယ်။

ဒါကြောင့်အာဆင်နယ်ပရိသတ်တစ်ဦးကအာတီတာအားထုတ်ပယ်ကာရဝန်ဒါသမ္မတအားရာသီအကုန်အထိနည်းပြအဖြစ်ခန့်အပ်ရန်ပြောကြားလာပါတယ်။

ရဝန်ဒါသမ္မတကာဂါမီဟာအာဆင်နယ်ရဲ့လက်မောင်းစပွန်ဆာ Visit Rwanda ကိုစပွန်ဆာပေးထားသူလည်းဖြစ်ပါတယ်။

ရဝန်ဒါသမ္မတဟာအာဆင်နယ်ပရိသတ်တစ်ဦးလို့ယူဆရပြီးရလဒ်ဆိုးရွားမှုအတွက်အာတီတာကိုထုတ်ပယ်ရန်တောင်းဆိုနေသူလည်းဖြစ်ပါတယ်။

ZawGyi

အာတီတာကို ထုတ္ပယ္ရန္ ေျပာဆိုေနတဲ့ ရဝန္ဒါသမၼတအား နည္းျပအျဖစ္ ခန႔္အပ္ရန္ ပရိသတ္မ်ား ေျပာၾကားလာ

အာဆင္နယ္ပရိသတ္မ်ားဟာခ်ဲလ္ဆီးကိုရႈံးနိမ့္ၿပီးေနာက္အာဆင္နယ္နည္းျပအာတီတာအားခ်က္ခ်င္းထုတ္ပယ္ရန္ေတာင္းဆိုေနတဲ့ရဝန္ဒါသမၼတအားရာသီအကုန္အထိနည္းျပအျဖစ္ခန႔္အပ္ရန္ဟာသေႏွာေျပာၾကားလာၾကပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲတြင္ဘရန႔္ဖို႔ဒ္ႏွင့္ခ်ဲလ္ဆီးတို႔ကိုဆက္တိုက္ရႈံးနိမ့္ၿပီးရဂိုးမရွိၿပီးေနာက္ကလပ္ရဲ႕၁၁၈ႏွစ္သမိုင္းတြင္အဆိုး႐ြားဆုံးတာထြက္ႏွင့္ရင္ဆိုင္ေနရပါတယ္။

ယင္းသို႔ဆက္တိုက္ရလဒ္ဆိုး႐ြားမႈနဲ႔အတူနည္းျပအာတီတာမွာလည္းဖိအားမ်ားႏွင့္ရင္ဆိုင္လာရၿပီးအနာဂတ္မေရမရာျဖစ္ေနပါတယ္။

ဒါေၾကာင့္အာဆင္နယ္ပရိသတ္တစ္ဦးကအာတီတာအားထုတ္ပယ္ကာရဝန္ဒါသမၼတအားရာသီအကုန္အထိနည္းျပအျဖစ္ခန႔္အပ္ရန္ေျပာၾကားလာပါတယ္။

ရဝန္ဒါသမၼတကာဂါမီဟာအာဆင္နယ္ရဲ႕လက္ေမာင္းစပြန္ဆာ Visit Rwanda ကိုစပြန္ဆာေပးထားသူလည္းျဖစ္ပါတယ္။

ရဝန္ဒါသမၼတဟာအာဆင္နယ္ပရိသတ္တစ္ဦးလို႔ယူဆရၿပီးရလဒ္ဆိုး႐ြားမႈအတြက္အာတီတာကိုထုတ္ပယ္ရန္ေတာင္းဆိုေနသူလည္းျဖစ္ပါတယ္။