အာတီတာရဲ့ယခုနွေရာသီ ပထမဆုံးခေါ်ယူမှုအဖြစ် ဘင်ဖီကာစတား တာဗာရက်စ် ရောက်လာပြီ

အာဆင်နယ်ဟာဘင်ဖီကာနောက်ခံလူနူနိုတာဗာရက်စ်အားပြောင်းရွှေ့ကြေးပေါင်၈သန်းဖြင့်ခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။

ပေါ်တူဂီယူ-၂၁လက်ရွေးစင်ဟာမီခေးလ်အာတီတာရဲ့အာဆင်နယ်အသင်းနှင့်နှစ်ရှည်စာချုပ်ချုပ်ဆိုလိုက်တာလည်းဖြစ်ပါတယ်။

အာတီတာက “နူနိုကိုကလပ်ကနေကြိုဆိုပါတယ်။သူဟာပြီးခဲ့တဲ့နှစ်များအတွင်းမှာဘင်ဖီကာနဲ့အတူအရမ်းကောင်းမွန်စွာတိုးတက်လာခဲ့တဲ့လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။သူဟာပေါ်တူဂီယူ-၂၁အသင်းနဲ့အတူသူ့အရည်အချင်းကိုလည်းပြသထားပြီးဖြစ်ပါတယ်။နူနိုရောက်လာမှုကြောင့်အသင်းအတွက်နောက်ထပ်အားဖြည့်မှုသစ်ဖြစ်လာသလိုခံစစ်ပိုင်းအတွက်ပိုတောင့်တင်းလာပါတယ်။အထူးသဖြင့်ဘယ်ခြမ်းကအရမ်းတောင့်တင်းလာစေပါတယ်”လို့ပြောကြားသွားပါတယ်။

နူနိုဟာယခုနွေရာသီတွင်အာဆင်နယ်အသင်းခေါ်ယူလိုက်တဲ့ပထမဆုံးကစားသမားလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာ၂၅နှစ်တာကာလအတွင်းတွင်ပထမဆုံးအကြိမ်အဖြစ်ဥရောပဝင်ခွင့်ဆုံးရှုံးထားပါတယ်။၎င်းတို့ဟာလာမယ့်ရာသီမှာပရီးမီးယားလိဂ်ကိုသာအဓိကထားယှဉ်ပြိုင်ရမှာဖြစ်ပြီးယခုနွေတွင်အသင်းကိုအကြီးအကျယ်အားဖြည့်ရန်စီစဉ်ထားပါတယ်။

တာဗာရက်စ်ဟာပြီးခဲ့တဲ့နှစ်ရာသီအတွင်းမှာဘင်ဖီကာအတွက်၂၅ပွဲကစားခဲ့သူဖြစ်ပြီး၂၀၁၉ခုနှစ်တုန်းကစပို့တင်းလစ္စဘွန်းအားအနိုင်ရရှိတဲ့ပေါ်တူဂီစူပါဖလားပြိုင်ပွဲတွင်ဘင်ဖီကာအတွက်ပထမဆုံးပွဲကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

တာဗာရက်စ်ဟာအာဆင်နယ်မှာမကြာသေးမီတုန်းကစာချုပ်သစ်ချုပ်ဆိုထားတဲ့ကီရန်တီယာနေးရဲ့အရန်အဖြစ်ကစားရပါမယ်။

ZawGyi

အာတီတာရဲ႕ယခုေႏြရာသီ ပထမဆုံးေခၚယူမႈအျဖစ္ ဘင္ဖီကာစတား တာဗာရက္စ္ ေရာက္လာၿပီ

အာဆင္နယ္ဟာဘင္ဖီကာေနာက္ခံလူႏူႏိုတာဗာရက္စ္အားေျပာင္းေ႐ႊ႕ေၾကးေပါင္၈သန္းျဖင့္ေခၚယူလိုက္ႏိုင္ၿပီျဖစ္ပါတယ္။

ေပၚတူဂီယူ-၂၁လက္ေ႐ြးစင္ဟာမီေခးလ္အာတီတာရဲ႕အာဆင္နယ္အသင္းႏွင့္ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တာလည္းျဖစ္ပါတယ္။

အာတီတာက “ႏူႏိုကိုကလပ္ကေနႀကိဳဆိုပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာဘင္ဖီကာနဲ႔အတူအရမ္းေကာင္းမြန္စြာတိုးတက္လာခဲ့တဲ့လူငယ္ကစားသမားတစ္ဦးျဖစ္ပါတယ္။သူဟာေပၚတူဂီယူ-၂၁အသင္းနဲ႔အတူသူ႔အရည္အခ်င္းကိုလည္းျပသထားၿပီးျဖစ္ပါတယ္။ႏူႏိုေရာက္လာမႈေၾကာင့္အသင္းအတြက္ေနာက္ထပ္အားျဖည့္မႈသစ္ျဖစ္လာသလိုခံစစ္ပိုင္းအတြက္ပိုေတာင့္တင္းလာပါတယ္။အထူးသျဖင့္ဘယ္ျခမ္းကအရမ္းေတာင့္တင္းလာေစပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ႏူႏိုဟာယခုေႏြရာသီတြင္အာဆင္နယ္အသင္းေခၚယူလိုက္တဲ့ပထမဆုံးကစားသမားလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာ၂၅ႏွစ္တာကာလအတြင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ဥေရာပဝင္ခြင့္ဆုံးရႈံးထားပါတယ္။၎တို႔ဟာလာမယ့္ရာသီမွာပရီးမီးယားလိဂ္ကိုသာအဓိကထားယွဥ္ၿပိဳင္ရမွာျဖစ္ၿပီးယခုေႏြတြင္အသင္းကိုအႀကီးအက်ယ္အားျဖည့္ရန္စီစဥ္ထားပါတယ္။

တာဗာရက္စ္ဟာၿပီးခဲ့တဲ့ႏွစ္ရာသီအတြင္းမွာဘင္ဖီကာအတြက္၂၅ပြဲကစားခဲ့သူျဖစ္ၿပီး၂၀၁၉ခုႏွစ္တုန္းကစပို႔တင္းလစၥဘြန္းအားအႏိုင္ရရွိတဲ့ေပၚတူဂီစူပါဖလားၿပိဳင္ပြဲတြင္ဘင္ဖီကာအတြက္ပထမဆုံးပြဲကစားခြင့္ရခဲ့သူျဖစ္ပါတယ္။

တာဗာရက္စ္ဟာအာဆင္နယ္မွာမၾကာေသးမီတုန္းကစာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတဲ့ကီရန္တီယာေနးရဲ႕အရန္အျဖစ္ကစားရပါမယ္။