အာတီတာရဲ့လက်အောက်တွင် တာဝန်ထမ်းဆောင်ရန် တံခါးဖွင့်ပေးထားတဲ့ အာဆင်နယ်ဂန္ထဝင်ကာဇိုလာ

အာဆင်နယ်ဂန္ထဝင်ကစားသမားဆန်တီကာဇိုလာကအာဆင်နယ်သို့နည်းပြအဖြစ်ပြန်လာရန်တံခါးဖွင့်ပေးထား ကြောင်းပြောကြားလိုက်ပါတယ်။

ကာဇိုလာဟာအနာဂတ်တွင်သူငယ်ချင်းဖြစ်သူအာတီတာကိုင်တွယ်နေတဲ့အာဆင်နယ်အသင်းနည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်ရန်တံခါးဖွင့်ပေးထားတာလည်းဖြစ်ပါတယ်။

ကာဇိုလာက “အာဆင်နယ်သို့ကျွန်တော်လာတုန်းကမီခေးလ်ကအရမ်းအရေးပါခဲ့ပါတယ်။ဘာသာစကားမ ပြော တတ်သေးဘူး။စပိန်စကားတစ်မျိုးတည်းဘဲပြောတတ်ခဲ့တယ်။ကျွန်တော့်ကိုသူအများကြီးအကူအညီတွေပေးခဲ့ တယ်။သူရောသူ့မိသားစုပါကူညီခဲ့တာပါ။ကျွန်တော်တို့ကဘောလုံးကျောင်းသားနှစ်ဦးပါ။ပွဲတွေလည်းအတူတူ ကြည့်ခဲ့ကြတယ်။အဲဒီကတည်းကသူ့မှာနည်းပြလုပ်ဖို့အစီအစဉ်ကရှိပြီးသား။အခုနည်းပြလုပ်ဖို့မစဉ်းသေးပါဘူး။ နောက်ကျရင်စဉ်းစားသွားပါမယ်။တကယ်လို့သူကသာကျွန်တော့်ကသူ့ကိုကူညီနိုင်တယ်လို့ယုံကြည်ရင်သူနဲ့ အတွေ့အကြုံတွေရယူဖို့တံခါးဖွင့်ပေးထားပါတယ်။ဒါပေမယ့်အခုတော့မဟုတ်သေးပါဘူး”လို့ပြောကြားသွားပါတယ်။

ကာဇိုလာဟာအာဆင်နယ်တွင်ခြောက်နှစ်ကြာကစားစဉ်အတွင်းအက်ဖ်အေဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက်၃၆နှစ်ရှိစပိန်ကစားသမားဟာကာတာကလပ်အယ်လ်ဆက်ဒ်မှာကစားနေပြီးကစားသမားဘဝမှအနားယူ ပြီးချိန်မှာနည်းပြလောကသို့ဝင်ရောက်ဖို့စီစဉ်ထားပါတယ်။

အာတီတာနှင့်ကာဇိုလာတို့ဟာအာဆင်နယ်တွင်ကစားစဉ်ကကွင်းတွင်း/ကွင်းပြင်အလွန်အတွဲမိခဲ့ကြသူများဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းကအာဆင်နယ်ကိုအာတီတာကိုင်တွယ်တုန်းကအာဆင်နယ်သို့ကာဇိုလာရောက်လာမယ်လို့ သတင်းများကျယ်ပြန့်စွာထွက်ခဲ့ဖူးပါသေးတယ်။

ZawGyi

အာတီတာရဲ႕လက္ေအာက္တြင္ တာဝန္ထမ္းေဆာင္ရန္ တံခါးဖြင့္ေပးထားတဲ့ အာဆင္နယ္ဂႏၴဝင္ကာဇိုလာ

အာဆင္နယ္ဂႏၴဝင္ကစားသမားဆန္တီကာဇိုလာကအာဆင္နယ္သို႔နည္းျပအျဖစ္ျပန္လာရန္တံခါးဖြင့္ေပးထား ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ကာဇိုလာဟာအနာဂတ္တြင္သူငယ္ခ်င္းျဖစ္သူအာတီတာကိုင္တြယ္ေနတဲ့အာဆင္နယ္အသင္းနည္းျပအဖြဲ႕တြင္ တာဝန္ထမ္းေဆာင္ရန္တံခါးဖြင့္ေပးထားတာလည္းျဖစ္ပါတယ္။

ကာဇိုလာက “အာဆင္နယ္သို႔ကြၽန္ေတာ္လာတုန္းကမီေခးလ္ကအရမ္းအေရးပါခဲ့ပါတယ္။ဘာသာစကားမေျပာ တတ္ေသးဘူး။စပိန္စကားတစ္မ်ိဳးတည္းဘဲေျပာတတ္ခဲ့တယ္။ကြၽန္ေတာ့္ကိုသူအမ်ားႀကီးအကူအညီေတြေပးခဲ့ တယ္။သူေရာသူ႔မိသားစုပါကူညီခဲ့တာပါ။ကြၽန္ေတာ္တို႔ကေဘာလုံးေက်ာင္းသားႏွစ္ဦးပါ။ပြဲေတြလည္းအတူတူ ၾကည့္ခဲ့ၾကတယ္။အဲဒီကတည္းကသူ႔မွာနည္းျပလုပ္ဖို႔အစီအစဥ္ကရွိၿပီးသား။အခုနည္းျပလုပ္ဖို႔မစဥ္းေသးပါဘူး။ ေနာက္က်ရင္စဥ္းစားသြားပါမယ္။တကယ္လို႔သူကသာကြၽန္ေတာ့္ကသူ႔ကိုကူညီႏိုင္တယ္လို႔ယုံၾကည္ရင္သူနဲ႔ အေတြ႕အႀကဳံေတြရယူဖို႔တံခါးဖြင့္ေပးထားပါတယ္။ဒါေပမယ့္အခုေတာ့မဟုတ္ေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ကာဇိုလာဟာအာဆင္နယ္တြင္ေျခာက္ႏွစ္ၾကာကစားစဥ္အတြင္းအက္ဖ္ေအဖလားႏွစ္ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အသက္၃၆ႏွစ္ရွိစပိန္ကစားသမားဟာကာတာကလပ္အယ္လ္ဆက္ဒ္မွာကစားေနၿပီးကစားသမားဘဝမွအနားယူ ၿပီးခ်ိန္မွာနည္းျပေလာကသို႔ဝင္ေရာက္ဖို႔စီစဥ္ထားပါတယ္။

အာတီတာႏွင့္ကာဇိုလာတို႔ဟာအာဆင္နယ္တြင္ကစားစဥ္ကကြင္းတြင္း/ကြင္းျပင္အလြန္အတြဲမိခဲ့ၾကသူမ်ားျဖစ္ပါတယ္။ၿပီးခဲ့တဲ့ႏွစ္တုန္းကအာဆင္နယ္ကိုအာတီတာကိုင္တြယ္တုန္းကအာဆင္နယ္သို႔ကာဇိုလာေရာက္လာမယ္လို႔ သတင္းမ်ားက်ယ္ျပန႔္စြာထြက္ခဲ့ဖူးပါေသးတယ္။