အာတီတာရဲ့ဦးဆောင်မှုအောက်တွင် လမ်းကြောင်းမှန်ပေါ်သို့ အာဆင်နယ် ရောက်နေသလားဆိုတာ ဟင်နရီ ပြောပြီ

သီယာရီဟင်နရီဟာမီခေးလ်အာတီတာရဲ့ဦးဆောင်မှုဖြင့်အာဆင်နယ်အသင်း လမ်းကြောင်းပေါ်သို့ရောက်နေသလားဆိုတဲ့အချက်အပေါ်သံသယဝင်နေပါတယ်။

အသက်၄၄နှစ်ရှိသီယာရီဟင်နရီဟာစပါးစ်ကိုဂိုးပြတ်အနိုင်ရရှိတဲ့မြောက်လန်ဒန်ဒါဘီပွဲတုန်းကအမ်းမရိတ်ကွင်းသို့ကိုယ်တိုင်လာရောက်ကာအားပေးခဲ့သူလည်းဖြစ်ပါတယ်။

ယင်းနောက်သူဟာဘရိုက်တန်နှင့်ဂိုးမရှိသရေကျတဲ့နိုင်ငံတကာပွဲစဉ်မတိုင်မီပရီးမီးယားလိဂ်ပွဲကိုလည်းကိုယ်တိုင်လာကြည့်ခဲ့ပါတယ်။

ဟင်နရီက “သူတို့ဟာလမ်းကြောင်းမှန်ပေါ်မှာသွားနေသလားဆိုတာကျွန်တော်မသိပါဘူး။ဘရိုက်တန်နဲ့ပွဲကိုကြည့်ခဲ့ပါတယ်။အဲဒီပွဲမတိုင်ခင်နော့ဝှစ်ချ်ကိုနိုင်တဲ့ပွဲကိုကြည့်ခဲ့တယ်။စပါးစ်ကိုနိုင်ပွဲကိုလည်းကြည့်ခဲ့တယ်။အကောင်းဆုံးလျှောက်လှမ်းနေခဲ့တယ်။ဒါပေမယ့်အဝေးကွင်းမှာခြေစွမ်းဘယ်လိုရှိမလဲဆိုတာစောင့်ကြည့်ခဲ့တယ်။အဲဒီမှာနာကျင်ခဲ့ရတာပါပဲ။အာဆင်နယ်မှာ Plan B မရှိဘူးဆိုတာမြင်ခဲ့ရတယ်။ဘာမှမသုံးမကျတဲ့ ပေးပို့မှုတွေပြုလုပ်နေခဲ့တယ်။ဘရိုက်တန်နဲ့ပွဲမှာအာဆင်နယ်မှလုပ်ပြခဲ့တာဘာမှမရှိပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

အာတီတာရဲ႕ဦးေဆာင္မႈေအာက္တြင္ လမ္းေၾကာင္းမွန္ေပၚသို႔ အာဆင္နယ္ ေရာက္ေနသလားဆိုတာ ဟင္နရီ ေျပာၿပီ

သီယာရီဟင္နရီဟာမီေခးလ္အာတီတာရဲ႕ဦးေဆာင္မႈျဖင့္အာဆင္နယ္အသင္း လမ္းေၾကာင္းေပၚသို႔ေရာက္ေနသလားဆိုတဲ့အခ်က္အေပၚသံသယဝင္ေနပါတယ္။

အသက္၄၄ႏွစ္ရွိသီယာရီဟင္နရီဟာစပါးစ္ကိုဂိုးျပတ္အႏိုင္ရရွိတဲ့ေျမာက္လန္ဒန္ဒါဘီပြဲတုန္းကအမ္းမရိတ္ကြင္းသို႔ကိုယ္တိုင္လာေရာက္ကာအားေပးခဲ့သူလည္းျဖစ္ပါတယ္။

ယင္းေနာက္သူဟာဘ႐ိုက္တန္ႏွင့္ဂိုးမရွိသေရက်တဲ့ႏိုင္ငံတကာပြဲစဥ္မတိုင္မီပရီးမီးယားလိဂ္ပြဲကိုလည္းကိုယ္တိုင္လာၾကည့္ခဲ့ပါတယ္။

ဟင္နရီက “သူတို႔ဟာလမ္းေၾကာင္းမွန္ေပၚမွာသြားေနသလားဆိုတာကြၽန္ေတာ္မသိပါဘူး။ဘ႐ိုက္တန္နဲ႔ပြဲကိုၾကည့္ခဲ့ပါတယ္။အဲဒီပြဲမတိုင္ခင္ေနာ့ဝွစ္ခ်္ကိုႏိုင္တဲ့ပြဲကိုၾကည့္ခဲ့တယ္။စပါးစ္ကိုႏိုင္ပြဲကိုလည္းၾကည့္ခဲ့တယ္။အေကာင္းဆုံးေလွ်ာက္လွမ္းေနခဲ့တယ္။ဒါေပမယ့္အေဝးကြင္းမွာေျခစြမ္းဘယ္လိုရွိမလဲဆိုတာေစာင့္ၾကည့္ခဲ့တယ္။အဲဒီမွာနာက်င္ခဲ့ရတာပါပဲ။အာဆင္နယ္မွာ Plan B မရွိဘူးဆိုတာျမင္ခဲ့ရတယ္။ဘာမွမသုံးမက်တဲ့ ေပးပို႔မႈေတြျပဳလုပ္ေနခဲ့တယ္။ဘ႐ိုက္တန္နဲ႔ပြဲမွာအာဆင္နယ္မွလုပ္ျပခဲ့တာဘာမွမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။