ဘောလုံးဒါရိုက်တာသစ်တစ်ဦးကို အာဆင်နယ်ခန့်အပ်

အာဆင်နယ်ဟာနည်းပြမီခေးလ်အာတီတာနှင့်အားကစားဒါရိုက်တာအီဒူးအတွက်အထောက်အပံ့ဖြစ်စေရန် Director of Football Operations နေရာအတွက်ရစ်ချက်ဂါလစ်ခ်ကိုခန့်အပ်လိုက်ပါတယ်။

ဂါလစ်ဟာယခင်တုန်းကဝက်စ်ဘရွန်းအသင်းတွင်ဘောလုံးဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။အာဆင်နယ်ဟာ၂၀၂၀ခုနှစ်၊အောက်တိုဘာလတုန်းကရာထူးမှနုတ်ထွက်သွားတဲ့ဟတ်စ်ဖာမီရဲ့နေရာမှာအစားထိုး ရန်အတွက်ဂါလစ်ခ်ကိုခန့်အပ်လိုက်တာလည်းဖြစ်ပါတယ်။

ဂါလစ်ခ်ရဲ့တာဝန်များတွင်ကစားသမားများအားစာချုပ်ချုပ်ဆိုရေးအတွက်တာဝန်လည်းပါဝင်သလိုတစ်ကမ္ဘာတလွှားမှလူငယ်ပါရမီရှင်များကိုလည်းခေါ်ဆောင်ပေးသွားရပါမယ်။သူဟာဝက်စ်ဘရွန်းအသင်းမှာရှစ်နှစ်တိုင်တိုင် အလုပ်လုပ်ခဲ့ဖူးတာကြောင့်အတွေ့အကြုံရှိဘောလုံးဒါရိုက်တာတစ်ဉီးလည်းဖြစ်ပါတယ်။

ZawGyi



