အာဖကန်မှာ အမျိုးသမီးဘောလုံးသမား ၁၃၀ ဦးတို့ ထွက်ပြေးနိုင်အောင် ကမ်ကာဒါရှီယန် ကူညီပေးခဲ့

ကမ်ကာဒါရှီယန်ဟာအာဖကန်နစ္စတန်မှအမျိုးသမီးဘောလုံးသမားများနှင့်မိသားစုဝင် ၁၃၀ ဝန်းကျင်ကိုကယ်တင်နိုင်အောင်ကူညီဆောင်ရွက်ပေးမှုအတွက်ချီးကျူးခြင်းခံနေရပါတယ်။

ကာဒါရှီယန်ဟာလိဒ်အသင်းပိုင်ရှင်အင်ဒရေရာဒီရီဇန်နှင့်ပူးပေါင်းကာအာဖကန်နစ္စတန်ဘောလုံးသမားများအားတာဘီဘန်လက်အောက်မှလွတ်မြောက်အောင်ကူညီပေးခဲ့တာဖြစ်ပါတယ်။၎င်းတို့ဟာဘောလုံးမယ်များနှင့်မိသားစုဝင်များကိုဗြိတိန်မှာနေထိုင်နိုင်အောင်ကူညီခဲ့တာလည်းဖြစ်ပါတယ်။

အာဖကန်နစ္စတန်အမျိုးသမီးဘောလုံးသမားများနှင့်မိသားစုဝင်များဟာစက်တင်ဘာလတွင်အာဖကန်နစ္စတန်ကိုတာလီဘန်တို့ကသိမ်းပိုက်လိုက်ပြီးနောက်ကာဘူးလ်မှပါကစ္စတန်သို့ထွက်ပြေးခဲ့ကြရပါတယ်။

ကမ်ကာဒါရှီယန်ဟာအာဖကန်နစ္စတန်အမျိုးသမီးဘောလုံးသမားများနှင့်မိသားစုဝင်များ ပါကစ္စတန်မှလန်ဒန်သို့လာရောက်နိုင်အောင် လေယာဉ်စင်းလုံးငှားပေးခဲ့တာလည်းဖြစ်ပါတယ်။

၎င်းတို့ဟာယခုအခါလန်ဒန်သို့လုံခြုံစိတ်ချစွာရောက်ရှိနေကြပြီဖြစ်ပြီဖြစ်ပါတယ်။၎င်းတို့ဟာကိုဗစ်ကွာရန်တင်း၁၀ရက်ဝင်ပြီးနောက်ဗြိတိန်တွင်ဘဝသစ်စတင်နိုင်ကြပါမယ်။

ZawGyi





