အာဖကန်လက်ရွေးစင်အမျိုးသမီးဘောလုံးသမားများရဲ့အသက်အန္တရာယ်အလွန်စိုးရိမ်နေရ

အာဖကန်နစ္စတန်အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းမှကစားသမားများဟာမြို့တော်ကာဘူးလ်ကိုတာလီဘန်များကိုသိမ်းပိုက်လိုက်ပြီးနောက်အသက်အန္တရာယ်အတွက်အလွန်အမင်းစိုးရိမ်ရတဲ့အနေအထားတွင်ရှိနေကြောင်းသိရပါတယ်။

အမေရိကန်တပ်များဟာနှစ်ပေါင်း၂၀ကြာအာဖကန်စစ်ပွဲမှရုတ်သိမ်းလိုက်မှုနဲ့အတူအစ္စလမ်မစ်အစွန်းရောက်အုပ်စုဖြစ်တဲ့တာလီဘန်များဟာကာဘူးလ်အပါအဝင်အာဖကန်နစ္စတန်တစ်နိုင်ငံလုံးကိုသိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

တာလီဘန်များရဲ့လက်ထဲသို့အာဏာပြန်လည်ရောက်လာမှုနဲ့အတူအာဖကန်နစ္စတန်နိုင်ငံသားအမြောက်အမြားတို့ဟာနိုင်ငံမှထွက်ပြေးရန်ကြိုးပမ်းနေကြပါတယ်။

အာဖကန်နစ္စတန်မှအမျိုးသမီးအားကစားစတားများဟာလည်းအခြားအာဖကန်ပြည်သူများကဲ့သို့ပင်အသက်အန္တရာယ်အကြီးအကျယ်စိုးရိမ်နေရပြီဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ဘောလုံးသမားဟောင်းတစ်ဦးဖြစ်တဲ့အပြင်လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ခါလီဒါပိုပယ်ကအာဖကန်နစ္စတန်တွင်နေထိုင်နေဆဲဖြစ်တဲ့လက်ရွေးစင်အမျိုးသမီးဘောလုံးသမားများရဲ့အသက်အန္တရာယ်စိုးရိမ်နေရပြီးအကူအညီတောင်းတဲ့ဖုန်းဆက်သွယ်မှုအမြောက်အမြားရရှိထားကြောင်းဆိုလာပါတယ်။ခါလီဒါပိုပယ်ဟာလက်ရှိအချိန်တွင်ဒိန်းမတ်တွင်နေထိုင်နေသူလည်းဖြစ်ပါတယ်။

တာလီဘန်များဟာ၁၉၉၀ခုနှစ်နှောင်းပိုင်းနှစ်များတွင်အာဖကန်နစ္စတန်ကိုကြီးစိုးခဲ့ပြီး ဘာသာရေးစည်းမျဉ်းစည်းကမ်းများဖြင့်နိုင်ငံကိုထိန်းချုပ်ခဲ့ကြသူများလည်းဖြစ်ပါတယ်။

၎င်းတို့ဟာအမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကအာဖကန်ရှိစစ်တပ်ကိုရုတ်သိမ်းရန်အမိန့်ပေးပြီးရက်အနည်းငယ်အကြာမှာဘဲအာဖရိကန်နစ္စတန်တစ်နိုင်ငံလုံးကိုသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။

ZawGyi

အာဖကန္လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးသမားမ်ားရဲ႕အသက္အႏၲရာယ္အလြန္စိုးရိမ္ေနရ

အာဖကန္နစၥတန္အမ်ိဳးသမီးလက္ေ႐ြးစင္ေဘာလုံးအသင္းမွကစားသမားမ်ားဟာၿမိဳ႕ေတာ္ကာဘူးလ္ကိုတာလီဘန္မ်ားကိုသိမ္းပိုက္လိုက္ၿပီးေနာက္အသက္အႏၲရာယ္အတြက္အလြန္အမင္းစိုးရိမ္ရတဲ့အေနအထားတြင္ရွိေနေၾကာင္းသိရပါတယ္။

အေမရိကန္တပ္မ်ားဟာႏွစ္ေပါင္း၂၀ၾကာအာဖကန္စစ္ပြဲမွ႐ုတ္သိမ္းလိုက္မႈနဲ႔အတူအစၥလမ္မစ္အစြန္းေရာက္အုပ္စုျဖစ္တဲ့တာလီဘန္မ်ားဟာကာဘူးလ္အပါအဝင္အာဖကန္နစၥတန္တစ္ႏိုင္ငံလုံးကိုသိမ္းပိုက္လိုက္ၿပီျဖစ္ပါတယ္။

တာလီဘန္မ်ားရဲ႕လက္ထဲသို႔အာဏာျပန္လည္ေရာက္လာမႈနဲ႔အတူအာဖကန္နစၥတန္ႏိုင္ငံသားအေျမာက္အျမားတို႔ဟာႏိုင္ငံမွထြက္ေျပးရန္ႀကိဳးပမ္းေနၾကပါတယ္။

အာဖကန္နစၥတန္မွအမ်ိဳးသမီးအားကစားစတားမ်ားဟာလည္းအျခားအာဖကန္ျပည္သူမ်ားကဲ့သို႔ပင္အသက္အႏၲရာယ္အႀကီးအက်ယ္စိုးရိမ္ေနရၿပီျဖစ္ပါတယ္။

ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားေဟာင္းတစ္ဦးျဖစ္တဲ့အျပင္လူ႔အခြင့္အေရးလႈပ္ရွားသူတစ္ဦးျဖစ္တဲ့ခါလီဒါပိုပယ္ကအာဖကန္နစၥတန္တြင္ေနထိုင္ေနဆဲျဖစ္တဲ့လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးသမားမ်ားရဲ႕အသက္အႏၲရာယ္စိုးရိမ္ေနရၿပီးအကူအညီေတာင္းတဲ့ဖုန္းဆက္သြယ္မႈအေျမာက္အျမားရရွိထားေၾကာင္းဆိုလာပါတယ္။ခါလီဒါပိုပယ္ဟာလက္ရွိအခ်ိန္တြင္ဒိန္းမတ္တြင္ေနထိုင္ေနသူလည္းျဖစ္ပါတယ္။

တာလီဘန္မ်ားဟာ၁၉၉၀ခုႏွစ္ေႏွာင္းပိုင္းႏွစ္မ်ားတြင္အာဖကန္နစၥတန္ကိုႀကီးစိုးခဲ့ၿပီး ဘာသာေရးစည္းမ်ဥ္းစည္းကမ္းမ်ားျဖင့္ႏိုင္ငံကိုထိန္းခ်ဳပ္ခဲ့ၾကသူမ်ားလည္းျဖစ္ပါတယ္။

၎တို႔ဟာအေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ကအာဖကန္ရွိစစ္တပ္ကို႐ုတ္သိမ္းရန္အမိန႔္ေပးၿပီးရက္အနည္းငယ္အၾကာမွာဘဲအာဖရိကန္နစၥတန္တစ္ႏိုင္ငံလုံးကိုသိမ္းပိုက္လိုက္တာလည္းျဖစ္ပါတယ္။