အာဖရိကဖလားကြောင့် နှစ်သစ်တွင် အကြပ်အတည်းကြုံရမည်ကို ပရီးမီးယားလိဂ်ကလပ်များ စိုးရိမ်နေ

ပရီးမီးယားလိဂ်နည်းပြများဟာအာဖရိကဖလားပြိုင်ပွဲကြောင့်နှစ်သစ်ကူးကာလတွင်အကြပ်အတည်းနှင့်ရင်ဆိုင်ရမည်ကိုအကြီးအကျယ်စိုးရိမ်လျက်ရှိကြပါတယ်။

အာဖရိကဖလားပြိုင်ပွဲကိုလာမယ့်ဇန်နဝါရီလ၉ရက်နေ့မှဖေဖော်ဝါရီလ၆ရက်နေ့အထိကင်မရွန်းနိုင်ငံတွင်ကျင်းပသွားမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တွင်ရုန်းကန်နေရတဲ့တန်းတက်ဝက်ဖို့ဒ်ဟာအာဖရိကဖလားပြိုင်ပွဲသို့ကစားသမားငါးဦးအထိစေလွှတ်ရမှာဖြစ်ပြီး အကြီးမားဆုံးထိခိုက်တဲ့အသင်းဖြစ်လာပါမယ်။

ဆီနီဂေါမှအစ္စမိုင်လာဆား၊မော်ရိုကိုမှဆူဇာနှင့်အဒမ်မာဆီနာ၊နိုင်ဂျီးရီးယားမှဝီလီယမ်ထရွန်းစ်အဲခွန်နှင့်ဒင်းနစ်တို့အားဆုံးရှုံးရပါမယ်။

ဝက်ဖို့ဒ်နည်းပြရေနီယာရီက “ဝက်ဖို့ဒ်တစ်သင်းတည်းမဟုတ်ပါဘူး။ဒါပေမယ့်လိဂ်ကတော့အိပ်မက်ဆိုးကြုံပါပြီ။အသင်းတိုင်းကကစားသမားအချို့လက်လွှတ်ရပါမယ်။ကျွန်တော်တို့ကြိုသိပြီးသားဆိုတော့ကြိုတင်ပြင်ဆင်ပြီးဖြေရှင်းမယ့်နည်းရှာရပါမယ်”လို့ပြောကြားသွားပါတယ်။

အာဖရိကဖလားပြိုင်ပွဲကို၂၀၂၁ခုနှစ်တွင်ကျင်းပရမှာဖြစ်ပေမယ့်ကိုဗစ်ကြောင့်တစ်နှစ်ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

အာဖရိကဖလားပြိုင်ပွဲဝင်မယ့်အသင်းများဟာကစားသမားများကိုနှစ်သစ်ကူးမတိုင်မီကတည်းကအသင်းသို့စေလွှတ်ခွင့်ရှိနေပါတယ်။

ဒါကြောင့်လည်းပရီးမီးယားလိဂ်ဖလားကိုပစ်မှတ်ထားနေတဲ့လီဗာပူးဟာဆာလက်၊မာနေး၊ကီတာတို့ကိုစောစောစီးစီးစေလွှတ်ရဖို့ရှိပါတယ်။

လီဗာပူးဟာခရစ္စမတ်ကာလအတွင်းတွင်အရေးပါတဲ့ပွဲများကစားရန်ရှိမှုနဲ့အတူသူတို့ရဲ့အဓိကကစားသမားများကိုဇန်နဝါရီလတွင်မှစေလွှတ်နိုင်ရေးအတွက်သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များနှင့်ဆွေးနွေးရန်စီစဉ်ထားပါတယ်။အထူးသဖြင့်ချဲလ်ဆီးဟာနှစ်သစ်ကူးတွင်ကစားရမယ့်ချဲလ်ဆီးနှင့်ပွဲအထိအဓိကကစားသမားများကိုထိန်းထားလိုနေပါတယ်။

ZawGyi

အာဖရိကဖလားေၾကာင့္ ႏွစ္သစ္တြင္ အၾကပ္အတည္းႀကဳံရမည္ကို ပရီးမီးယားလိဂ္ကလပ္မ်ား စိုးရိမ္ေန

ပရီးမီးယားလိဂ္နည္းျပမ်ားဟာအာဖရိကဖလားၿပိဳင္ပြဲေၾကာင့္ႏွစ္သစ္ကူးကာလတြင္အၾကပ္အတည္းႏွင့္ရင္ဆိုင္ရမည္ကိုအႀကီးအက်ယ္စိုးရိမ္လ်က္ရွိၾကပါတယ္။

အာဖရိကဖလားၿပိဳင္ပြဲကိုလာမယ့္ဇန္နဝါရီလ၉ရက္ေန႔မွေဖေဖာ္ဝါရီလ၆ရက္ေန႔အထိကင္မ႐ြန္းႏိုင္ငံတြင္က်င္းပသြားမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္တြင္႐ုန္းကန္ေနရတဲ့တန္းတက္ဝက္ဖို႔ဒ္ဟာအာဖရိကဖလားၿပိဳင္ပြဲသို႔ကစားသမားငါးဦးအထိေစလႊတ္ရမွာျဖစ္ၿပီး အႀကီးမားဆုံးထိခိုက္တဲ့အသင္းျဖစ္လာပါမယ္။

ဆီနီေဂါမွအစၥမိုင္လာဆား၊ေမာ္႐ိုကိုမွဆူဇာႏွင့္အဒမ္မာဆီနာ၊ႏိုင္ဂ်ီးရီးယားမွဝီလီယမ္ထ႐ြန္းစ္အဲခြန္ႏွင့္ဒင္းနစ္တို႔အားဆုံးရႈံးရပါမယ္။

ဝက္ဖို႔ဒ္နည္းျပေရနီယာရီက “ဝက္ဖို႔ဒ္တစ္သင္းတည္းမဟုတ္ပါဘူး။ဒါေပမယ့္လိဂ္ကေတာ့အိပ္မက္ဆိုးႀကဳံပါၿပီ။အသင္းတိုင္းကကစားသမားအခ်ိဳ႕လက္လႊတ္ရပါမယ္။ကြၽန္ေတာ္တို႔ႀကိဳသိၿပီးသားဆိုေတာ့ႀကိဳတင္ျပင္ဆင္ၿပီးေျဖရွင္းမယ့္နည္းရွာရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

အာဖရိကဖလားၿပိဳင္ပြဲကို၂၀၂၁ခုႏွစ္တြင္က်င္းပရမွာျဖစ္ေပမယ့္ကိုဗစ္ေၾကာင့္တစ္ႏွစ္ေ႐ႊ႕ဆိုင္းခဲ့တာျဖစ္ပါတယ္။

အာဖရိကဖလားၿပိဳင္ပြဲဝင္မယ့္အသင္းမ်ားဟာကစားသမားမ်ားကိုႏွစ္သစ္ကူးမတိုင္မီကတည္းကအသင္းသို႔ေစလႊတ္ခြင့္ရွိေနပါတယ္။

ဒါေၾကာင့္လည္းပရီးမီးယားလိဂ္ဖလားကိုပစ္မွတ္ထားေနတဲ့လီဗာပူးဟာဆာလက္၊မာေနး၊ကီတာတို႔ကိုေစာေစာစီးစီးေစလႊတ္ရဖို႔ရွိပါတယ္။

လီဗာပူးဟာခရစၥမတ္ကာလအတြင္းတြင္အေရးပါတဲ့ပြဲမ်ားကစားရန္ရွိမႈနဲ႔အတူသူတို႔ရဲ႕အဓိကကစားသမားမ်ားကိုဇန္နဝါရီလတြင္မွေစလႊတ္ႏိုင္ေရးအတြက္သက္ဆိုင္ရာေဘာလုံးအဖြဲ႕ခ်ဳပ္မ်ားႏွင့္ေဆြးေႏြးရန္စီစဥ္ထားပါတယ္။အထူးသျဖင့္ခ်ဲလ္ဆီးဟာႏွစ္သစ္ကူးတြင္ကစားရမယ့္ခ်ဲလ္ဆီးႏွင့္ပြဲအထိအဓိကကစားသမားမ်ားကိုထိန္းထားလိုေနပါတယ္။