အာဖရိကဖလားပြိုင်ပွဲနှင့်ပတ်သက်ပြီး မှတ်ချက်အတွက် တောင်းပန်ရန် ကလော့ပ်ကို သတင်းထောက်တောင်းဆို

ဂျာဂင်ကလော့ပ်ဟာအာဖရိကပြိုင်ပွဲကိုပြိုင်ပွဲငယ်လေးတစ်ခုအဖြစ်ရည်ညွှန်းပြောကြားမှုအတွက်သတင်းထောက်တစ်ဦးရဲ့ဒေါသတကြီး တောင်းပန်ရန်တောင်းဆိုခြင်းခံခဲ့ရပါတယ်။

အာဖရိကဖလားပြိုင်ပွဲမှာအာဖရိကတိုက်ရဲ့အကြီးမားဆုံးဘောလုံးပြိုင်ပွဲဖြစ်ပါတယ်။ဒါပေမယ့်ဂျာဂင်ကလော့ပ်ဟာသူ့ရဲ့အကောင်းဆုံးကစားသမားများဖြစ်ကြတဲ့မိုဟာမက်ဆာလက်၊ဆာဒေယိုမာနေးအပြင်နာဘီးကီတာတို့ကိုတစ်လကြာဆုံးရှုံးရပါမယ်။

ပြီးခဲ့တဲ့လတုန်းကလီဗာပူးနည်းပြဟာမတ်လအထိနိုင်ငံတကာပွဲမရှိတော့ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမယ့်ချက်ချင်းဆိုသလိုဘဲသူဟာကင်မရွန်းမှာကျင်းပမယ့်တောင်အာဖရိကပြိုင်ပွဲကိုသတိရသွားခဲ့ပါတယ်။

ယင်းနောက်မှာတော့လီဗာပူးနည်းပြဟာအာဖရိကဖလားပြိုင်ပွဲကိုပြိုင်ပွဲငယ်တစ်ခုရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ထိုအခါအာဖရိကဂျာနယ်လစ်တစ်ဦးဟာကလော့ပ်ရဲ့ပြောကြားမှုအပေါ်အကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။

ကြားရက်တုန်းကပေါ်တိုကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးမှာတော့ဂျာနယ်လစ်တစ်ဦးဟာကလော့ပ်ကိုသူ့ရဲ့အာဖရိကဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီးမှတ်ချက်အတွက်တောင်းပန်မှုပြုလုပ်ရန်တောင်းဆိုလာခဲ့ပါတော့တယ်။

ပဲရစ်အခြေစိုက်ဂျာနယ်လစ်အိုဂျိုရာဘာဘာတွန်ဒီက “ဟေ့ဂျာဂင်။နောက်ဆုံးသတင်းစာရှင်းလင်းပွဲတုန်းကမင်းကအာဖရိကဖလားပြိုင်ပွဲကိုပြိုင်ပွဲငယ်လေးတစ်ခုဆိုပြီးပြောခဲ့တယ်။ဒါကကစားသမားတွေစော်ကားတာပဲ။ပရိသတ်တွေကိုစော်ကားလိုက်တာပါ။အာဖရိကမှာနေတဲ့သူတွေကိုစော်ကားလိုက်တာပဲ။ဒီအတွက်မင်းတောင်းပန်သင့်တယ်လို့ထင်တယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်ကလော့ပ်ကတစ်စုံတစ်ရာမဖြေဘဲနှုတ်ဆိတ်နေခဲ့ပါတယ်။ဒါကြောင့်ယင်းဂျာနယ်လစ်ကယင်းသို့ပြောကြားမှုကအာဖရိကကိုစော်ကားခြင်းဖြစ်ကြောင်းထပ်ပြောခဲ့ပါတယ်။ထိုအခါကလော့ပ်က “ဒါကမင်းဘဲပြောတာလေ။သတင်းစာတာဝန်ခံပြောတာနားထောင်နေတာ။မင်းပဲအာဖရိကတိုက်ကိုသေးငယ်တယ်လို့ပြောခဲ့တာ။ဒါကမင်းဘဲပြောခဲ့တာ”လို့ပြောကြားခဲ့ပါတယ်။

ယင်းနောက်ကလော့ပ်ဟာသူပြောဆိုခဲ့မှုနဲ့ပတ်သက်ပြီးရှင်းလင်းခဲ့ပါတယ်။၎င်းက “ငါကအဲဒီလိုရည်ရွယ်ပြီးပြောခဲ့တာမဟုတ်ဘူး။ငါစိတ်ထဲမှာလည်းအဲဒီလိုမရှိဘူး။အာဖရိကဖလားပြိုင်ပွဲကိုပြိုင်ပွဲငယ်(သို့မဟုတ်)အာဖရိကတိုက်ကိုတိုက်ငယ်တစ်ခုလို့လည်းမရည်ရွယ်ဘူး။ဒါပေမယ့်အဲဒီသတင်းစာရှင်းလင်းပွဲတစ်ခုလုံးကိုကြည့်ဖြစ်ရင်မင်းသိလာမှာပါ။ငါကဇန်နဝါရီမှာပြိုင်ပွဲတစ်ခုရှိသေးတာပဲလို့ပြောချင်ခဲ့တာ။ပြိုင်ပွဲကြီးတစ်ခုပေါ့။ဒီပြိုင်ပွဲကိုကျုပ်ရဲ့အကောင်းဆုံးကစားသမားတွေကိုဆုံးရှုံးရမယ်”လို့ပြောကြားသွားပါတယ်။

အာဖရိကဖလားပြိုင်ပွဲကိုဇန်နဝါရီလ၉ရက်နေ့မှဖေဖော်ဝါရီလ၆ရက်နေ့အထိကျင်းပတာဖြစ်ပါတယ်။

ကလပ်များဟာဒီဇင်ဘာလနှောင်းပိုင်းကတည်းကအာဖရိကဖလားပြိုင်ပွဲအတွက်စေလွှတ်ရပါမယ်။

ZawGyi

အာဖရိကဖလားၿပိဳင္ပြဲႏွင့္ပတ္သက္ၿပီး မွတ္ခ်က္အတြက္ ေတာင္းပန္ရန္ ကေလာ့ပ္ကို သတင္းေထာက္ေတာင္းဆို

ဂ်ာဂင္ကေလာ့ပ္ဟာအာဖရိကၿပိဳင္ပြဲကိုၿပိဳင္ပြဲငယ္ေလးတစ္ခုအျဖစ္ရည္ၫႊန္းေျပာၾကားမႈအတြက္သတင္းေထာက္တစ္ဦးရဲ႕ေဒါသတႀကီး ေတာင္းပန္ရန္ေတာင္းဆိုျခင္းခံခဲ့ရပါတယ္။

အာဖရိကဖလားၿပိဳင္ပြဲမွာအာဖရိကတိုက္ရဲ႕အႀကီးမားဆုံးေဘာလုံးၿပိဳင္ပြဲျဖစ္ပါတယ္။ဒါေပမယ့္ဂ်ာဂင္ကေလာ့ပ္ဟာသူ႔ရဲ႕အေကာင္းဆုံးကစားသမားမ်ားျဖစ္ၾကတဲ့မိုဟာမက္ဆာလက္၊ဆာေဒယိုမာေနးအျပင္နာဘီးကီတာတို႔ကိုတစ္လၾကာဆုံးရႈံးရပါမယ္။

ၿပီးခဲ့တဲ့လတုန္းကလီဗာပူးနည္းျပဟာမတ္လအထိႏိုင္ငံတကာပြဲမရွိေတာ့ေၾကာင္းေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္ခ်က္ခ်င္းဆိုသလိုဘဲသူဟာကင္မ႐ြန္းမွာက်င္းပမယ့္ေတာင္အာဖရိကၿပိဳင္ပြဲကိုသတိရသြားခဲ့ပါတယ္။

ယင္းေနာက္မွာေတာ့လီဗာပူးနည္းျပဟာအာဖရိကဖလားၿပိဳင္ပြဲကိုၿပိဳင္ပြဲငယ္တစ္ခုရည္ၫႊန္းေျပာဆိုခဲ့ပါတယ္။

ထိုအခါအာဖရိကဂ်ာနယ္လစ္တစ္ဦးဟာကေလာ့ပ္ရဲ႕ေျပာၾကားမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ခဲ့ပါတယ္။

ၾကားရက္တုန္းကေပၚတိုကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲအၿပီးမွာေတာ့ဂ်ာနယ္လစ္တစ္ဦးဟာကေလာ့ပ္ကိုသူ႔ရဲ႕အာဖရိကဖလားၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီးမွတ္ခ်က္အတြက္ေတာင္းပန္မႈျပဳလုပ္ရန္ေတာင္းဆိုလာခဲ့ပါေတာ့တယ္။

ပဲရစ္အေျခစိုက္ဂ်ာနယ္လစ္အိုဂ်ိဳရာဘာဘာတြန္ဒီက “ေဟ့ဂ်ာဂင္။ေနာက္ဆုံးသတင္းစာရွင္းလင္းပြဲတုန္းကမင္းကအာဖရိကဖလားၿပိဳင္ပြဲကိုၿပိဳင္ပြဲငယ္ေလးတစ္ခုဆိုၿပီးေျပာခဲ့တယ္။ဒါကကစားသမားေတြေစာ္ကားတာပဲ။ပရိသတ္ေတြကိုေစာ္ကားလိုက္တာပါ။အာဖရိကမွာေနတဲ့သူေတြကိုေစာ္ကားလိုက္တာပဲ။ဒီအတြက္မင္းေတာင္းပန္သင့္တယ္လို႔ထင္တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ကေလာ့ပ္ကတစ္စုံတစ္ရာမေျဖဘဲႏႈတ္ဆိတ္ေနခဲ့ပါတယ္။ဒါေၾကာင့္ယင္းဂ်ာနယ္လစ္ကယင္းသို႔ေျပာၾကားမႈကအာဖရိကကိုေစာ္ကားျခင္းျဖစ္ေၾကာင္းထပ္ေျပာခဲ့ပါတယ္။ထိုအခါကေလာ့ပ္က “ဒါကမင္းဘဲေျပာတာေလ။သတင္းစာတာဝန္ခံေျပာတာနားေထာင္ေနတာ။မင္းပဲအာဖရိကတိုက္ကိုေသးငယ္တယ္လို႔ေျပာခဲ့တာ။ဒါကမင္းဘဲေျပာခဲ့တာ”လို႔ေျပာၾကားခဲ့ပါတယ္။

ယင္းေနာက္ကေလာ့ပ္ဟာသူေျပာဆိုခဲ့မႈနဲ႔ပတ္သက္ၿပီးရွင္းလင္းခဲ့ပါတယ္။၎က “ငါကအဲဒီလိုရည္႐ြယ္ၿပီးေျပာခဲ့တာမဟုတ္ဘူး။ငါစိတ္ထဲမွာလည္းအဲဒီလိုမရွိဘူး။အာဖရိကဖလားၿပိဳင္ပြဲကိုၿပိဳင္ပြဲငယ္(သို႔မဟုတ္)အာဖရိကတိုက္ကိုတိုက္ငယ္တစ္ခုလို႔လည္းမရည္႐ြယ္ဘူး။ဒါေပမယ့္အဲဒီသတင္းစာရွင္းလင္းပြဲတစ္ခုလုံးကိုၾကည့္ျဖစ္ရင္မင္းသိလာမွာပါ။ငါကဇန္နဝါရီမွာၿပိဳင္ပြဲတစ္ခုရွိေသးတာပဲလို႔ေျပာခ်င္ခဲ့တာ။ၿပိဳင္ပြဲႀကီးတစ္ခုေပါ့။ဒီၿပိဳင္ပြဲကိုက်ဳပ္ရဲ႕အေကာင္းဆုံးကစားသမားေတြကိုဆုံးရႈံးရမယ္”လို႔ေျပာၾကားသြားပါတယ္။

အာဖရိကဖလားၿပိဳင္ပြဲကိုဇန္နဝါရီလ၉ရက္ေန႔မွေဖေဖာ္ဝါရီလ၆ရက္ေန႔အထိက်င္းပတာျဖစ္ပါတယ္။

ကလပ္မ်ားဟာဒီဇင္ဘာလေႏွာင္းပိုင္းကတည္းကအာဖရိကဖလားၿပိဳင္ပြဲအတြက္ေစလႊတ္ရပါမယ္။