အာမက်ဒီရဲလ်လိုအား အငှားချသွားမည်ဟု ဆိုးလ်ရှားအတည်ပြု

မန်ယူဟာစူပါစတားကစားသမားခရစ္စတီယာနိုရော်နယ်ဒိုအားအိုးထရက်ဖို့ဒ်ပြန်လည်ခေါ်ယူလိုက်မှုနဲ့အတူအာမက်ဒီရဲလ်လိုအားတစ်ရာသီအငှားချသွားတော့မှာဖြစ်ပါတယ်။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကအသက်၁၉နှစ်ရှိတောင်ပံကစားသမားအားအတွေ့အကြုံရရှိလာစေရန်အတွက်အငှားချသွားမည်ဟုအတည်ပြုသွားပါတယ်။ဒါ့အပြင်ဆိုးလ်ရှားကအိုင်ဗရီကို့စ်ကစားသမားကလည်းအငှားချမယ့်အစီအစဉ်ကိုလက်ခံကြောင်းဆိုသွားပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကအသင်းဟောင်းအတ္တလန္တာဟာဒီရဲလ်လိုအားအငှားဖြင့်ခေါ်ယူရန်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင်ရှက်ဖီးလ်ယူနိုက်တက်ကလည်းဒီရဲလ်လိုအားအငှားဖြင့်ခေါ်ယူလိုနေပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်တို့အငှားချသွားပါမယ်။ဘယ်အသင်းကိုရောက်မယ်ဆိုတာမပြောနိုင်သေးပါဘူး။အေမက်လည်းအရမ်းစိတ်လှုပ်ရှားနေတဲ့နေရာတစ်ခုတော့တွေ့ထားပါတယ်”လို့ပြောကြားသွားပါတယ်။

အေမက်ဒီရဲလ်လိုဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကမန်ယူသို့ပေါင်၁၈.၇သန်းဖြင့်ရောင်းချလာခဲ့သူဖြစ်ပါတယ်။မန်ယူဟာဒီရဲလ်လိုရဲ့စွမ်းဆောင်ရည်အပေါ်မူတည်ကာပေါင်၃၇သန်းအထိပေးရပါမယ်။

သူဟာမန်ယူတွင်ကောင်းမွန်စွာအထိုင်ကျလာပြီဖြစ်ပေမယ့်ဆန်ချိုနှင့်ရော်နယ်ဒိုတို့ရောက်လာမှုနဲ့အတူသူ့အတွက်နေရာရရှိမှုကအလွန်နည်းပါးလာတော့မှာဖြစ်ပါတယ်။ဒါကြောင့်လည်းဆိုးလ်ရှားဟာသူ့ရဲ့တိုးတက်မှုနှောင့်နှေးမှုမဖြစ်စေရန်အတွက်အငှားချရန်ဆုံးဖြတ်လိုက်တာပါ။

ZawGyi

အာမက္ဒီရဲလ္လိုအား အငွားခ်သြားမည္ဟု ဆိုးလ္ရွားအတည္ျပဳ

မန္ယူဟာစူပါစတားကစားသမားခရစၥတီယာႏိုေရာ္နယ္ဒိုအားအိုးထရက္ဖို႔ဒ္ျပန္လည္ေခၚယူလိုက္မႈနဲ႔အတူအာမက္ဒီရဲလ္လိုအားတစ္ရာသီအငွားခ်သြားေတာ့မွာျဖစ္ပါတယ္။

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကအသက္၁၉ႏွစ္ရွိေတာင္ပံကစားသမားအားအေတြ႕အႀကဳံရရွိလာေစရန္အတြက္အငွားခ်သြားမည္ဟုအတည္ျပဳသြားပါတယ္။ဒါ့အျပင္ဆိုးလ္ရွားကအိုင္ဗရီကို႔စ္ကစားသမားကလည္းအငွားခ်မယ့္အစီအစဥ္ကိုလက္ခံေၾကာင္းဆိုသြားပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကအသင္းေဟာင္းအတၱလႏၲာဟာဒီရဲလ္လိုအားအငွားျဖင့္ေခၚယူရန္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ပါတယ္။ဒါ့အျပင္ရွက္ဖီးလ္ယူႏိုက္တက္ကလည္းဒီရဲလ္လိုအားအငွားျဖင့္ေခၚယူလိုေနပါတယ္။

ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔အငွားခ်သြားပါမယ္။ဘယ္အသင္းကိုေရာက္မယ္ဆိုတာမေျပာႏိုင္ေသးပါဘူး။ေအမက္လည္းအရမ္းစိတ္လႈပ္ရွားေနတဲ့ေနရာတစ္ခုေတာ့ေတြ႕ထားပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေအမက္ဒီရဲလ္လိုဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကမန္ယူသို႔ေပါင္၁၈.၇သန္းျဖင့္ေရာင္းခ်လာခဲ့သူျဖစ္ပါတယ္။မန္ယူဟာဒီရဲလ္လိုရဲ႕စြမ္းေဆာင္ရည္အေပၚမူတည္ကာေပါင္၃၇သန္းအထိေပးရပါမယ္။

သူဟာမန္ယူတြင္ေကာင္းမြန္စြာအထိုင္က်လာၿပီျဖစ္ေပမယ့္ဆန္ခ်ိဳႏွင့္ေရာ္နယ္ဒိုတို႔ေရာက္လာမႈနဲ႔အတူသူ႔အတြက္ေနရာရရွိမႈကအလြန္နည္းပါးလာေတာ့မွာျဖစ္ပါတယ္။ဒါေၾကာင့္လည္းဆိုးလ္ရွားဟာသူ႔ရဲ႕တိုးတက္မႈေႏွာင့္ေႏွးမႈမျဖစ္ေစရန္အတြက္အငွားခ်ရန္ဆုံးျဖတ္လိုက္တာပါ။