နိုက်ကလပ်တွင် အဖမ်းခံခဲ့ရတဲ့ ဘရိုက်တန်စတား အာမခံဖြင့်ပြန်လွတ်လာ

ဘရိုက်တန်ကွင်းလယ်ကစားသမားဘစ်ဆူမာဟာလိင်အကြမ်းဖက်မှုစွပ်စွဲချက်ဖြင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီးနောက်အာမခံဖြင့်ပြန်လည်လွတ်မြောက်လာပြီဖြစ်ရာစနေနေ့တွင်ကစားမယ့်နော့ဝှစ်ချ်နှင့်ပွဲမှာပါဝင်လာဖို့ရှိနေပါတယ်။

အသက်၂၄နှစ်ရှိဘစ်ဆူမာဟာပြီးခဲ့တဲ့အပတ်တုန်းကနိုက်ကလပ်တစ်ခုတွင်အမျိုးသမီးတစ်ဦးအားလိင်အကြမ်းဖက်မှုအတွက်လက်ထိပ်ခတ်ကာရဲစခန်းသို့ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ကစွပ်စွဲထားမှုအပေါ်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ်အတွင်းဘစ်ဆူမာအနေဖြင့်အာမခံဖြင့်ပြန်လည်လွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာနိုင်ငံတကာပွဲစဉ်များမတိုင်မီတုန်းကဒူးဒဏ်ရာကြောင့်ဘရိုက်တန်ရဲ့ပွဲနှစ်ပွဲကိုလွဲခဲ့ပေမယ့်ဒဏ်ရာမှလုံးဝပျောက်ကင်းထားပြီးဖြစ်တာကြောင့်နော့ဝှစ်ချ်နှင့်ပွဲတွင်ပါဝင်လာတော့မှာဖြစ်ပါတယ်။

ဘစ်ဆူမာဟာဘရိုက်တန်ရဲ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်ပြီးအာဆင်နယ်၊လီဗာပူးတို့ရဲ့ပစ်မှတ်ထားခြင်းခံနေရသူလည်းဖြစ်ပါတယ်။

ZawGyi

ႏိုက္ကလပ္တြင္ အဖမ္းခံခဲ့ရတဲ့ ဘ႐ိုက္တန္စတား အာမခံျဖင့္ျပန္လြတ္လာ

ဘ႐ိုက္တန္ကြင္းလယ္ကစားသမားဘစ္ဆူမာဟာလိင္အၾကမ္းဖက္မႈစြပ္စြဲခ်က္ျဖင့္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရၿပီးေနာက္အာမခံျဖင့္ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ရာစေနေန႔တြင္ကစားမယ့္ေနာ့ဝွစ္ခ်္ႏွင့္ပြဲမွာပါဝင္လာဖို႔ရွိေနပါတယ္။

အသက္၂၄ႏွစ္ရွိဘစ္ဆူမာဟာၿပီးခဲ့တဲ့အပတ္တုန္းကႏိုက္ကလပ္တစ္ခုတြင္အမ်ိဳးသမီးတစ္ဦးအားလိင္အၾကမ္းဖက္မႈအတြက္လက္ထိပ္ခတ္ကာရဲစခန္းသို႔ေခၚေဆာင္သြားျခင္းခံခဲ့ရပါတယ္။

ရဲတပ္ဖြဲ႕ကစြပ္စြဲထားမႈအေပၚစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနစဥ္အတြင္းဘစ္ဆူမာအေနျဖင့္အာမခံျဖင့္ျပန္လည္လြတ္ေျမာက္လာခဲ့တာလည္းျဖစ္ပါတယ္။

သူဟာႏိုင္ငံတကာပြဲစဥ္မ်ားမတိုင္မီတုန္းကဒူးဒဏ္ရာေၾကာင့္ဘ႐ိုက္တန္ရဲ႕ပြဲႏွစ္ပြဲကိုလြဲခဲ့ေပမယ့္ဒဏ္ရာမွလုံးဝေပ်ာက္ကင္းထားၿပီးျဖစ္တာေၾကာင့္ေနာ့ဝွစ္ခ်္ႏွင့္ပြဲတြင္ပါဝင္လာေတာ့မွာျဖစ္ပါတယ္။

ဘစ္ဆူမာဟာဘ႐ိုက္တန္ရဲ႕အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးျဖစ္ၿပီးအာဆင္နယ္၊လီဗာပူးတို႔ရဲ႕ပစ္မွတ္ထားျခင္းခံေနရသူလည္းျဖစ္ပါတယ္။