အာမခံဖြင့် လွတ်မြောက်လာပြီးနောက် လျှပ်စစ်ခြေကျင်းဝတ်ပတ်ဖြင့် နေထိုင်နေရပြီး နေ့စဉ်ရဲစခန်းသို့ အကြောင်းကြားနေရတဲ့ ဘင်ဂျာမင်မန်ဒီ

ဗလက္ကာယမှုများစွာဖြင့်စွပ်စွဲခံထားရတဲ့မန်စီးတီးစတားဘင်ဂျာမင်မန်ဒီကို အရပ်ဘက်တွင်ပထမဆုံးအကြိမ်ဖြင့်တွေ့မြင်ရပါတယ်။အသက်၂၇နှစ်ရှိပြင်သစ်နောက်ခံလူကိုရဲစခန်းမှာမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဘင်ဂျာမင်မန်ဒီဟာလျှပ်စစ်ခြေကျင်းဝတ်ပတ်ဖြင့်နေထိုင်နေရပြီးအာမခံပါအရနေ့စဉ်ရဲစခန်းတွင်အကြောင်းကြားမှုပြုလုပ်နေရပါတယ်။

ပြင်သစ်လက်ရွေးစင်ဘယ်နောက်ခံလူဟာအမျိုးသမီးလေးဦးကိုဗလက္ကာယမှု၇ကြိမ်ပြုလုပ်ခဲ့မှုအပြင်အခြားလိင်အကြမ်းဖက်မှုတစ်ခုဖြင့်လည်းစွပ်စွဲခံထားရပါတယ်။

သူဟာယခုလအစောပိုင်းတုန်းက HMP Strangways မှအာမခံဖြင့်ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။သူဟာယင်းမတိုင်မီထောင်ထဲတွင်၁၃၄ရက်ကြာနေထိုင်ခဲ့ရပါတယ်။

သူဟာချီရှိုင်းယားရှိပေါင်၄.၈သန်းတန်နေအိမ်တွင်နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ရန်အမိန့်ချခံထားရပြီးသူ့အမှုကိုကြားနာစစ်ဆေးမှုအားစောင့်ဆိုင်းနေပါတယ်။

သူဟာလာမယ့်ဇွန်လအထိအမှုစစ်ဆေးခံရမည်မဟုတ်သေးပါဘူး။ဒါကြောင့်လည်းသူဟာရာသီအကုန်အထိမန်စီးတီးအတွက်စစ်ဆေးမှုခံယူရပါမယ်။

တရားသူကြီးသွမ်ဆင်ကကဘင်ဂျာမင်မန်ဒီအားအာမခံချက်ပေးစဉ်ကအာမခံပါအချက်အလက်များကိုချိုးဖောက်ကြောင်းတွေ့ရှိပါကချက်ချင်း အကျဉ်းထောင်သို့ပြန်ပို့ခံရမည်ဖြစ်ကြောင်းပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။

ပြင်သစ်နှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့မန်ဒီဟာ၂၀၁၇ခုနှစ်တွင်မိုနာကိုမှပေါင်၅၂သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပြီးပရီးမီးယားလိဂ်ဖလား၃ကြိမ်၊လိဂ်ဖလား၂ကြိမ်၊ကွန်မြူနတီဖလားတို့ဆွတ်ခူးထားနိုင်ပါတယ်။

ZawGyi

အာမခံျဖင့္ လြတ္ေျမာက္လာၿပီးေနာက္ လွ်ပ္စစ္ေျခက်င္းဝတ္ပတ္ျဖင့္ ေနထိုင္ေနရၿပီး ေန႔စဥ္ရဲစခန္းသို႔ အေၾကာင္းၾကားေနရတဲ့ ဘင္ဂ်ာမင္မန္ဒီ

ဗလကၠာယမႈမ်ားစြာျဖင့္စြပ္စြဲခံထားရတဲ့မန္စီးတီးစတားဘင္ဂ်ာမင္မန္ဒီကို အရပ္ဘက္တြင္ပထမဆုံးအႀကိမ္ျဖင့္ေတြ႕ျမင္ရပါတယ္။အသက္၂၇ႏွစ္ရွိျပင္သစ္ေနာက္ခံလူကိုရဲစခန္းမွာျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဘင္ဂ်ာမင္မန္ဒီဟာလွ်ပ္စစ္ေျခက်င္းဝတ္ပတ္ျဖင့္ေနထိုင္ေနရၿပီးအာမခံပါအရေန႔စဥ္ရဲစခန္းတြင္အေၾကာင္းၾကားမႈျပဳလုပ္ေနရပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ဘယ္ေနာက္ခံလူဟာအမ်ိဳးသမီးေလးဦးကိုဗလကၠာယမႈ၇ႀကိမ္ျပဳလုပ္ခဲ့မႈအျပင္အျခားလိင္အၾကမ္းဖက္မႈတစ္ခုျဖင့္လည္းစြပ္စြဲခံထားရပါတယ္။

သူဟာယခုလအေစာပိုင္းတုန္းက HMP Strangways မွအာမခံျဖင့္ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။သူဟာယင္းမတိုင္မီေထာင္ထဲတြင္၁၃၄ရက္ၾကာေနထိုင္ခဲ့ရပါတယ္။

သူဟာခ်ီရႈိင္းယားရွိေပါင္၄.၈သန္းတန္ေနအိမ္တြင္ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ေနထိုင္ရန္အမိန႔္ခ်ခံထားရၿပီးသူ႔အမႈကိုၾကားနာစစ္ေဆးမႈအားေစာင့္ဆိုင္းေနပါတယ္။

သူဟာလာမယ့္ဇြန္လအထိအမႈစစ္ေဆးခံရမည္မဟုတ္ေသးပါဘူး။ဒါေၾကာင့္လည္းသူဟာရာသီအကုန္အထိမန္စီးတီးအတြက္စစ္ေဆးမႈခံယူရပါမယ္။

တရားသူႀကီးသြမ္ဆင္ကကဘင္ဂ်ာမင္မန္ဒီအားအာမခံခ်က္ေပးစဥ္ကအာမခံပါအခ်က္အလက္မ်ားကိုခ်ိဳးေဖာက္ေၾကာင္းေတြ႕ရွိပါကခ်က္ခ်င္း အက်ဥ္းေထာင္သို႔ျပန္ပို႔ခံရမည္ျဖစ္ေၾကာင္းျပင္းျပင္းထန္ထန္သတိေပးထားပါတယ္။

ျပင္သစ္ႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးခဲ့တဲ့မန္ဒီဟာ၂၀၁၇ခုႏွစ္တြင္မိုနာကိုမွေပါင္၅၂သန္းျဖင့္ေျပာင္းလာခဲ့သူျဖစ္ၿပီးပရီးမီးယားလိဂ္ဖလား၃ႀကိမ္၊လိဂ္ဖလား၂ႀကိမ္၊ကြန္ျမဴနတီဖလားတို႔ဆြတ္ခူးထားႏိုင္ပါတယ္။