အာမေးနီးယားလက်ရွေးစင်ကစားသမားဘဝမှ အမ်ခီတာယန် အနားယူ

ဟင်းနရစ်အမ်ခီတာယန်ဟာအသက်၃၃နှစ်အရွယ်မှာဘဲအာမေးနီးယားလက်ရွေးစင်ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ပါတယ်။

အမ်ခီတာယန်ဟာအာမေးနီးယားလက်ရွေးစင်အသင်းအတွက်၁၅နှစ်ကြာကစားစဉ်အတွင်း၉၅ပွဲကစားကာ၃၃ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၁၅ခုနှစ်ကတည်းကအာမေးနီးယားအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူလာခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့အာမေးနီးယားအသင်းအတွက်နောက်ဆုံးကစားတဲ့ပွဲမှာ နိုဝင်ဘာလတုန်းကဂျာမနီကို၄-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲဖြစ်လာပါတယ်။

သူဟာကလပ်ကစားသမားဘဝကိုပိုမိုအာရုံစိုက်လာနိုင်ရန်အတွက် အာမေးနီးယားလက်ရွေးစင်ကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

သူဟာယခုအခါ လက်ရှိကစားနေတဲ့ရိုးမားအသင်းအတွက်သာအပြည့်အဝအာရုံစိုက်နိုင်တော့မှာဖြစ်ပါတယ်။

သူဟာယခုရာသီမှာမော်ရင်ဟိုလက်ထက်မှာလည်းပုံမှန်ပွဲထွက်ကစားခွင့်ရရှိနေပြီး၃၂ပွဲတွင်၃ဂိုးသွင်းကာ၇ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။

ZawGyi





သူ့ရဲ့အာမေးနီးယားအသင်းအတွက်နောက်ဆုံးကစားတဲ့ပွဲမှာ နိုဝင်ဘာလတုန်းကဂျာမနီကို၎-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲဖြစ်လာပါတယ်။


