အာရတ်အဝတ်အစားဝတ်ဆင်မှု ရပ်တန့်ရန် ပရိသတ်များကို နယူးကာဆယ် တိုက်တွန်း

နယူးကာဆယ်အသင်းဟာအသင်းကိုဆော်ဒီကျောထောက်နောက်ခံကလပ်ကဝယ်ယူလိုက်ပြီးနောက်အာရတ်အဝတ်အစားဝတ်ဆင်ကာပိုင်ရှင်သစ်ကိုထောက်ခံကြိုဆိုတဲ့ပရိသတ်များအား အာရတ်အဝတ်အစားဝတ်ဆင်မှုရပ်တန့်ရန်တောင်းဆိုလိုက်ပါတယ်။

ရင်းနှီးမြှပ်နှံငွေပေါင်၃၂၀ဘီလီယံရှိ Public Investment Fund ဟာယခုလအစောပိုင်းတုန်းကနယူးကာဆယ်ကိုပေါင်၃၀၅သန်းဖြင့်မိုက်အက်ရှ်လေထံမှဝယ်ယူခဲ့ပြီး နယူးကာဆယ်ပရိသတ်များဟာငွေများစွာသုံးနိုင်တဲ့အာရတ်ပိုင်ရှင်ကိုအကြီးအကျယ်ထောက်ခံနေကြပါတယ်။

ဒါပေမယ့်နယူးကာဆယ်ပရိသတ်များထဲမှအချို့ဟာအာရတ်ရိုးရာအဝတ်အစားများကိုဝတ်ဆင်ကာလူအများရဲ့အာရုံစိုက်မှုခံလာရအောင်လုပ်နေပါတယ်။

ဒါကြောင့်လည်းနယူးကာဆယ်အသင်းကယင်းသို့အာရတ်အဝတ်အစားဝတ်ဆင်မှုက ယဉ်ကျေးမှုကိုမလေးမစားလုပ်သလိုဖြစ်လာနိုင်တာကြောင့် အာရတ်အဝတ်အစားဝတ်ဆင်မှုရပ်တန့်ရန် ပရိသတ်များကိုတောင်းဆိုလာပါတယ်။

နယူးကာဆယ်အသင်းပိုင်ရှင်သစ်များဟာအသင်းကိုဝယ်ယူပြီးနောက်ပထမဆုံးအပြောင်းအလဲပြုလုပ်မှုအဖြစ်နည်းပြစတိဗ်ဘရုစ်နှင့်လမ်းခွဲထားပါတယ်။၎င်းတို့ဟာစတိဗ်ဘရုစ်အားနစ်နာကြေးပေါင်၈သန်းအပြည့်အဝပေးကာလမ်းခွဲခဲ့တာလည်းဖြစ်ပါတယ်။၎င်းတို့ဟာယခုအပတ်ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲမတိုင်မီနည်းပြသစ်ခန့်အပ်ရန်ကြိုးပမ်းနေပြီးပေါ်တူဂီလူမျိုးနည်းပြဖွန်ဆီကာကထိပ်ဆုံးမှရေပန်းစားနေပါတယ်။

ZawGyi

အာရတ္အဝတ္အစားဝတ္ဆင္မႈ ရပ္တန႔္ရန္ ပရိသတ္မ်ားကို နယူးကာဆယ္ တိုက္တြန္း

နယူးကာဆယ္အသင္းဟာအသင္းကိုေဆာ္ဒီေက်ာေထာက္ေနာက္ခံကလပ္ကဝယ္ယူလိုက္ၿပီးေနာက္အာရတ္အဝတ္အစားဝတ္ဆင္ကာပိုင္ရွင္သစ္ကိုေထာက္ခံႀကိဳဆိုတဲ့ပရိသတ္မ်ားအား အာရတ္အဝတ္အစားဝတ္ဆင္မႈရပ္တန႔္ရန္ေတာင္းဆိုလိုက္ပါတယ္။

ရင္းႏွီးျမႇပ္ႏွံေငြေပါင္၃၂၀ဘီလီယံရွိ Public Investment Fund ဟာယခုလအေစာပိုင္းတုန္းကနယူးကာဆယ္ကိုေပါင္၃၀၅သန္းျဖင့္မိုက္အက္ရွ္ေလထံမွဝယ္ယူခဲ့ၿပီး နယူးကာဆယ္ပရိသတ္မ်ားဟာေငြမ်ားစြာသုံးႏိုင္တဲ့အာရတ္ပိုင္ရွင္ကိုအႀကီးအက်ယ္ေထာက္ခံေနၾကပါတယ္။

ဒါေပမယ့္နယူးကာဆယ္ပရိသတ္မ်ားထဲမွအခ်ိဳ႕ဟာအာရတ္႐ိုးရာအဝတ္အစားမ်ားကိုဝတ္ဆင္ကာလူအမ်ားရဲ႕အာ႐ုံစိုက္မႈခံလာရေအာင္လုပ္ေနပါတယ္။

ဒါေၾကာင့္လည္းနယူးကာဆယ္အသင္းကယင္းသို႔အာရတ္အဝတ္အစားဝတ္ဆင္မႈက ယဥ္ေက်းမႈကိုမေလးမစားလုပ္သလိုျဖစ္လာႏိုင္တာေၾကာင့္ အာရတ္အဝတ္အစားဝတ္ဆင္မႈရပ္တန႔္ရန္ ပရိသတ္မ်ားကိုေတာင္းဆိုလာပါတယ္။

နယူးကာဆယ္အသင္းပိုင္ရွင္သစ္မ်ားဟာအသင္းကိုဝယ္ယူၿပီးေနာက္ပထမဆုံးအေျပာင္းအလဲျပဳလုပ္မႈအျဖစ္နည္းျပစတိဗ္ဘ႐ုစ္ႏွင့္လမ္းခြဲထားပါတယ္။၎တို႔ဟာစတိဗ္ဘ႐ုစ္အားနစ္နာေၾကးေပါင္၈သန္းအျပည့္အဝေပးကာလမ္းခြဲခဲ့တာလည္းျဖစ္ပါတယ္။၎တို႔ဟာယခုအပတ္ခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲမတိုင္မီနည္းျပသစ္ခန႔္အပ္ရန္ႀကိဳးပမ္းေနၿပီးေပၚတူဂီလူမ်ိဳးနည္းျပဖြန္ဆီကာကထိပ္ဆုံးမွေရပန္းစားေနပါတယ္။