အာရှကစားသမားများ တောက်ပလာအောင်ကူညီဖို့ Football For Peace စင်တာ တည်ထောင်လိုက်တဲ့ အိုဇေးလ်

မီဆတ်အိုဇေးလ်ဟာမိခင်ဖြစ်သူရဲ့တောင်းဆိုမှုကြောင့်သူ့ဘောလုံးကျွမ်းကျင်မှုကိုအသုံးချပြီးအခြားသူများကိုကူညီရန်လုပ်ဆောင်လာပါတယ်။

အာဆင်နယ်စတားဟာဗြိတိန်တောင်အာရှကစားသမားများ တောက်ပလာရေးအကူအညီပေးနိုင်ရန်အတွက်ဘရန့်ဖို့ဒ်တွင် Football for Peace Mesut Ozil Centre ကိုတည်ထောင်လိုက်ပါတယ်။

ဗြိတိန်ရဲ့လူဦးရေရဲ့၈ရာခိုင်နှုန်းမှာတောင်အာရှလူမျိုးများဖြစ်ကြပေမယ့်အင်္ဂလိပ်ဘောလုံးလိဂ်များတွင်ပါဝင်ကစားနိုင်တဲ့ပမဏက ၀.၂၅ရာခိုင်နှုန်းသာရှိပါတယ်။

ဒါကြောင့်လည်းတာကစ်-ဂျာမန်တတိယမျိုးဆက်ဖြစ်တဲ့အသက်၃၂နှစ်ရှိအိုဇေးလ်ဟာတောင်အာရှနွယ်ဖွားကစားသမားများထွန်းတောက်လာရေးအတွက်စင်တာတစ်ခုဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

အိုဇေးလ်ဟာ Football for Peace တည်ထောင်သူပါကစ္စတန်လက်ရွေးစင်ဟောင်းကက်ရှ်ဆက်ဒီကီနဲ့ပူးပေါင်းကာပြီးခဲ့တဲ့နှစ်တုန်းကဗြိတိန်တလွှားတွင်အစားအစာ ၅၀၀၀၀ ပေးပို့လှူဒါန်းခဲ့သူလည်းဖြစ်ပါတယ်။ဆက်ဒီကီမှာလည်းအာဆင်နယ်လူငယ်အသင်းတွင်ကစားခဲ့ဖူသူဖြစ်ပါတယ်။

ZawGyi





