အာရှသား ဝန်ထမ်းကို လှောင်ပြောင်ခဲ့မိမှုအတွက် ဂရက်ဇ်မန်းနှင့်ဒမ်ဘီလီတောင်းပန်လာ

ပြင်သစ်စတားများဖြစ်ကြတဲ့ဂရက်ဇ်မန်းနှင့်ဒမ်ဘီလီတို့ဟာအွန်လိုင်းတွင်ပေါက်ကြားနေတဲ့ဗီဒီယိုဖိုင်တစ်ခုတွင်၎င်းတို့ကအာရှသား ဝန်ထမ်းကိုလှောင်ပြောင်မှုပြုလုပ်ခဲ့မိမှုအတွက် အားလုံးကိုတောင်းပန်လာပါတယ်။

ဘာစီလိုနာနှင့်ပြင်သစ်ကစားသမားနှစ်ဦးတို့ဟာ၂၀၁၉ခုနှစ်တုန်းကဂျပန်ဟိုတယ်တစ်ခုသို့ရောက်ရှိနေစဉ်အတွင်းတွင်ဟိုတယ်ဝန်ထမ်းအားနောက်ပြောင်နေခဲ့ကြတာဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာ၂၀၁၉ခုနှစ်၊နွေရာသီတုန်းကဂျပန်သို့ရာသီကြိုခရီးစဉ်အဖြစ်ရောက်နေစဉ်အတွင်းရေကန်တွင်အနားယူနေစဉ် နိုင်ငံခြားသားများက တရုတ်လူမျိုးကို လှောင်ပြောင်ရာတွင် သုံးလေ့ရှိတဲ့ Ching Chong ဆိုတဲ့စကားလုံးကိုပြောဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။

ယခုအခါ ဒမ်ဘီလီနှင့်ဂရက်ဇ်မန်းတို့က၎င်းတို့မှာအသားအရောင်ခွဲခြားလိုတဲ့ဆန္ဒမျိုးဖြင့် ဝန်ထမ်းအားလှောင်ပြောင်ခဲ့ခြင်းမျိုးမဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။

ဒမ်ဘီလီက၎င်းမှာမည်သည့်လူ့အဖွဲ့အစည်းကိုရည်ရွယ်ကာလှောင်ပြောင်ခြင်းမျိုးမဟုတ်ကြောင်း၊ယင်းဗီဒီယိုဖိုင်ကြောင့်လူများနာကျင်ရနိုင်ကြောင်း၊ယင်းအတွက်တောင်းပန်ကြောင်းဆိုသွားပါတယ်။

ဒါ့အပြင်ဂရက်ဇ်မန်းကလည်း ၎င်းမှာခွဲခြားဆက်ဆံမှုအားလုံးကိုဆန့်ကျင်သူဖြစ်ကြောင်း၊ယင်းဗီဒီယိုဖိုင်ကြောင့်ဂျပန်သူငယ်ချင်းများကိုထိခိုက်သွားစေပါကတောင်းပန်ကြောင်းဆိုသွားပါတယ်။

ZawGyi

အာရွသား ဝန္ထမ္းကို ေလွာင္ေျပာင္ခဲ့မိမႈအတြက္ ဂရက္ဇ္မန္းႏွင့္ဒမ္ဘီလီေတာင္းပန္လာ

ျပင္သစ္စတားမ်ားျဖစ္ၾကတဲ့ဂရက္ဇ္မန္းႏွင့္ဒမ္ဘီလီတို႔ဟာအြန္လိုင္းတြင္ေပါက္ၾကားေနတဲ့ဗီဒီယိုဖိုင္တစ္ခုတြင္၎တို႔ကအာရွသား ဝန္ထမ္းကိုေလွာင္ေျပာင္မႈျပဳလုပ္ခဲ့မိမႈအတြက္ အားလုံးကိုေတာင္းပန္လာပါတယ္။

ဘာစီလိုနာႏွင့္ျပင္သစ္ကစားသမားႏွစ္ဦးတို႔ဟာ၂၀၁၉ခုႏွစ္တုန္းကဂ်ပန္ဟိုတယ္တစ္ခုသို႔ေရာက္ရွိေနစဥ္အတြင္းတြင္ဟိုတယ္ဝန္ထမ္းအားေနာက္ေျပာင္ေနခဲ့ၾကတာျဖစ္ပါတယ္။

၎တို႔ႏွစ္ဦးဟာ၂၀၁၉ခုႏွစ္၊ေႏြရာသီတုန္းကဂ်ပန္သို႔ရာသီႀကိဳခရီးစဥ္အျဖစ္ေရာက္ေနစဥ္အတြင္းေရကန္တြင္အနားယူေနစဥ္ ႏိုင္ငံျခားသားမ်ားက တ႐ုတ္လူမ်ိဳးကို ေလွာင္ေျပာင္ရာတြင္ သုံးေလ့ရွိတဲ့ Ching Chong ဆိုတဲ့စကားလုံးကိုေျပာဆိုခဲ့ၾကတာလည္းျဖစ္ပါတယ္။

ယခုအခါ ဒမ္ဘီလီႏွင့္ဂရက္ဇ္မန္းတို႔က၎တို႔မွာအသားအေရာင္ခြဲျခားလိုတဲ့ဆႏၵမ်ိဳးျဖင့္ ဝန္ထမ္းအားေလွာင္ေျပာင္ခဲ့ျခင္းမ်ိဳးမဟုတ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဒမ္ဘီလီက၎မွာမည္သည့္လူ႔အဖြဲ႕အစည္းကိုရည္႐ြယ္ကာေလွာင္ေျပာင္ျခင္းမ်ိဳးမဟုတ္ေၾကာင္း၊ယင္းဗီဒီယိုဖိုင္ေၾကာင့္လူမ်ားနာက်င္ရႏိုင္ေၾကာင္း၊ယင္းအတြက္ေတာင္းပန္ေၾကာင္းဆိုသြားပါတယ္။

ဒါ့အျပင္ဂရက္ဇ္မန္းကလည္း ၎မွာခြဲျခားဆက္ဆံမႈအားလုံးကိုဆန႔္က်င္သူျဖစ္ေၾကာင္း၊ယင္းဗီဒီယိုဖိုင္ေၾကာင့္ဂ်ပန္သူငယ္ခ်င္းမ်ားကိုထိခိုက္သြားေစပါကေတာင္းပန္ေၾကာင္းဆိုသြားပါတယ္။