
အဲဗာတန်ဟာမန်စီးတီးဂိုးသွင်းစက်အာလင်းဟာလန်းကိုပေါင်၅သန်းတည်းဖြင့်ခေါ်ယူခွင့်ရရှိခဲ့ပေမဲ့လည်းဈေးများလွန်းတယ်လို့ယုံကြည်ကာပယ်ချခဲ့ပါတယ်။
အာလင်းဟာလန်းဟာနွေရာသီတွင်မန်စီးတီးသို့ရောက်လာပြီးနောက်ပရီးမီးယားလိဂ်ပွဲ၈ပွဲကစားထားရာတွင်၁၄ဂိုးအထိသွင်းယူထားနိုင်ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာမန်ချက်စတာဒါဘီပွဲတွင်ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက်အိမ်ကွင်းသုံးပွဲဆက်ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။သူဟာလက်ရှိဂိုးသွင်းခြေအတိုင်းရာသီကုန်အထိဆက်သွားမည်ဆိုပါကလိဂ်ဂိုး၆၀အထိသွင်းယူလာနိုင်မဲ့အခြေအနေမှာရှိနေပါတယ်။
မန်စီးတီးဟာနွေရာသီတုန်းကအာလင်းဟာလန်းကိုစာချုပ်ဖျက်သိမ်းကြေးပေါင်၅၁သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့တကယ်တော့အဲဗာတန်ဟာအာလင်းဟာလန်းကိုအသက်၁၈နှစ်အရွယ်တုန်းကပေါင်၅သန်းတည်းဖြင့်ခေါ်ယူခွင့်ရရှိခဲ့ပါတယ်။
Daily Mail ရဲ့ဖော်ပြချက်အရအဲဗာတန်ဟာထိုစဉ်တုန်းကမိုလ်ဒီတွင်လူမသိသူမသိခြေစွမ်းပြနေတဲ့အာလင်းဟာလန်းကိုခေါ်ယူလိုခဲ့ကြောင်း၊ဒါပေမဲ့ ပေါင်၅သန်းတောင်းဆိုမှုခဲ့လို့နောက်ဆုတ်သွားခဲ့ပါတယ်။
အဲဗာတန်ဟာအာလင်းဟာလန်းကိုပရီးမီးယားလိဂ်တွင်အသုံးပြုရန်ရည်ရွယ်ဆက်သွယ်ခဲ့တာမဟုတ်ဘဲယူ-၂၃အသင်းအတွက်ကစားရန်ခေါ်ယူရေးကြိုးပမ်းခဲ့ရာယင်းပမာဏမှာများလွန်းတယ်ဆိုပြီးနောက်ဆုတ်သွားခဲ့တာလည်းဖြစ်ပါတယ်။
အဲဗာတန်ပရိသတ်ဖြစ်တဲ့ လီဗာပူးမြို့တော်ဝန်ဟောင်းဂျိုအင်ဒါဆင်ဟာလည်း အာလင်းဟာလန်းရဲ့ခြေစွမ်း ဗီဒီယိုဖိုင်ကိုကြည့်ရှုပြီးနောက်အဲဗာတန်ဥက္ကဌဘေးလ်ကန်ရိုက်နှင့်အမှုဆောင်ချုပ်ရောဘတ်အယ်စတုန်းတို့အား ခေါ်ယူရေးတောင်းဆိုခဲ့ပေမဲ့ ၎င်းတို့ကဈေးများလွန်းလို့ပယ်ချခဲ့ပါတယ်။
ဒါ့အပြင်ယူနိုက်တက်ဟာလည်းဆိုးလ်ရှားလက်ထက်တုန်းက အာလင်းဟာလန်းကိုခေါ်ယူရေးကြိုးပမ်းခဲ့ပြီးယူရိုသန်း၂၀ဖြင့်နီးစပ်ခဲ့ပေမဲ့အေးဂျင့်ခများပြားမှု၊စာချုပ်ဖျက်သိမ်းကြေးထည့်သွင်းရေးအချက်တို့ကြောင့် ခေါ်ယူရေးပျက်ပြယ်ခဲ့ပါတယ်။
ZawGyi
အာလင္းဟာလန္းကို ေပါင္ ၅ သန္းတည္းျဖင့္ ေခၚယူခြင့္ရရွိခဲ့တဲ့ အဲဗာတန္
အဲဗာတန္ဟာမန္စီးတီးဂိုးသြင္းစက္အာလင္းဟာလန္းကိုေပါင္၅သန္းတည္းျဖင့္ေခၚယူခြင့္ရရွိခဲ့ေပမဲ့လည္းေဈးမ်ားလြန္းတယ္လို႔ယုံၾကည္ကာပယ္ခ်ခဲ့ပါတယ္။
အာလင္းဟာလန္းဟာေႏြရာသီတြင္မန္စီးတီးသို႔ေရာက္လာၿပီးေနာက္ပရီးမီးယားလိဂ္ပြဲ၈ပြဲကစားထားရာတြင္၁၄ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။
ေနာ္ေဝတိုက္စစ္မႉးဟာမန္ခ်က္စတာဒါဘီပြဲတြင္ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီးေနာက္အိမ္ကြင္းသုံးပြဲဆက္ဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။သူဟာလက္ရွိဂိုးသြင္းေျခအတိုင္းရာသီကုန္အထိဆက္သြားမည္ဆိုပါကလိဂ္ဂိုး၆၀အထိသြင္းယူလာႏိုင္မဲ့အေျခအေနမွာရွိေနပါတယ္။
မန္စီးတီးဟာေႏြရာသီတုန္းကအာလင္းဟာလန္းကိုစာခ်ဳပ္ဖ်က္သိမ္းေၾကးေပါင္၅၁သန္းျဖင့္ေခၚယူခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့တကယ္ေတာ့အဲဗာတန္ဟာအာလင္းဟာလန္းကိုအသက္၁၈ႏွစ္အ႐ြယ္တုန္းကေပါင္၅သန္းတည္းျဖင့္ေခၚယူခြင့္ရရွိခဲ့ပါတယ္။
Daily Mail ရဲ႕ေဖာ္ျပခ်က္အရအဲဗာတန္ဟာထိုစဥ္တုန္းကမိုလ္ဒီတြင္လူမသိသူမသိေျခစြမ္းျပေနတဲ့အာလင္းဟာလန္းကိုေခၚယူလိုခဲ့ေၾကာင္း၊ဒါေပမဲ့ ေပါင္၅သန္းေတာင္းဆိုမႈခဲ့လို႔ေနာက္ဆုတ္သြားခဲ့ပါတယ္။
အဲဗာတန္ဟာအာလင္းဟာလန္းကိုပရီးမီးယားလိဂ္တြင္အသုံးျပဳရန္ရည္႐ြယ္ဆက္သြယ္ခဲ့တာမဟုတ္ဘဲယူ-၂၃အသင္းအတြက္ကစားရန္ေခၚယူေရးႀကိဳးပမ္းခဲ့ရာယင္းပမာဏမွာမ်ားလြန္းတယ္ဆိုၿပီးေနာက္ဆုတ္သြားခဲ့တာလည္းျဖစ္ပါတယ္။
အဲဗာတန္ပရိသတ္ျဖစ္တဲ့ လီဗာပူးၿမိဳ႕ေတာ္ဝန္ေဟာင္းဂ်ိဳအင္ဒါဆင္ဟာလည္း အာလင္းဟာလန္းရဲ႕ေျခစြမ္း ဗီဒီယိုဖိုင္ကိုၾကည့္ရႈၿပီးေနာက္အဲဗာတန္ဥကၠဌေဘးလ္ကန္႐ိုက္ႏွင့္အမႈေဆာင္ခ်ဳပ္ေရာဘတ္အယ္စတုန္းတို႔အား ေခၚယူေရးေတာင္းဆိုခဲ့ေပမဲ့ ၎တို႔ကေဈးမ်ားလြန္းလို႔ပယ္ခ်ခဲ့ပါတယ္။
ဒါ့အျပင္ယူႏိုက္တက္ဟာလည္းဆိုးလ္ရွားလက္ထက္တုန္းက အာလင္းဟာလန္းကိုေခၚယူေရးႀကိဳးပမ္းခဲ့ၿပီးယူ႐ိုသန္း၂၀ျဖင့္နီးစပ္ခဲ့ေပမဲ့ေအးဂ်င့္ခမ်ားျပားမႈ၊စာခ်ဳပ္ဖ်က္သိမ္းေၾကးထည့္သြင္းေရးအခ်က္တို႔ေၾကာင့္ ေခၚယူေရးပ်က္ျပယ္ခဲ့ပါတယ္။