အာလင်းဟာလန်းကြောင့် ကစားဟန်ပြောင်းလဲလိုက်ရတဲ့ မန်စီးတီး

မန်စီးတီးနည်းပြဂွါဒီယိုလာကအာလင်းဟာလန်းကြောင့်မန်စီးတီးရဲ့ကစားဟန်အချို့ကိုအပြောင်းအလဲပြုလုပ်ထားရကြောင်းဝန်ခံပြောကြားလာပါတယ်။

နော်ဝေတိုက်စစ်မှူးဟာဝုဗ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဂိုးသွင်းယူပြီးတဲ့နောက်မန်စီးတီးအတွက်၁၉ပွဲမှာ၂၅ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။

ဝေဖန်ရေးသမားအချို့တို့ကမန်စီးတီးမှာနွေရာသီတုန်းကအာလင်းဟာလန်းရောက်လာပြီးနောက်ကစားဟန်ကောင်းမွန်ခြင်းမရှိတော့ကြောင်းဝေဖန်ခဲ့ကြပါတယ်။

ယခုအခါဂွါဒီယိုလာက “သူ့အရည်အသွေးတွေကိုကျွန်တော်တို့သိထားပြီးသားပါ။သူရှိနေတဲ့အတွင် False Nine နဲ့ကစားလို့မရတော့ပါဘူး။တချို့ရွှေ့လျားမှုတေမှာအပြောင်းအလဲပြုလုပ်ခဲ့ရပါတယ်။သူကလည်းတတ်နိုင်သလောက်ဘောလုံးပေးပို့ပေးပါတယ်။သူ့ပတ်ပတ်လည်မှာအရမ်းကောင်းတဲ့ကစားသမားတွေရှိပါတယ်။ဒါပေမဲ့ပထမဂိုးကတော့သူရှိနေလို့ပါ။ကီဗင်(ဒီဘရိုင်း)ဆီကပေးပို့လိုက်မှုကလည်းအရမ်းကောင်းပါတယ်”လို့ပြောကြားသွားပါတယ်။

ဝုဗ်နှင့်ပွဲတွင်အာလင်းဟာလန်းဟာပထမဂိုးကိုကီဗင်ဒီဘရိုင်းရဲ့ဖြတ်တင်ဘောမှခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီးဒုတိယဂိုးကိုပင်နယ်တီကနေသွင်းခဲ့တာဖြစ်ပါတယ်။သူဟာသူ့ရဲ့ယခုရာသီစတုတ္ထေမြောက်ဟက်ထရစ်ကို ဝုဗ်ဂိုးသမားအမှားမှတဆင့်မရာ့ဇ်ရဲ့ပေးပို့မှုကနေအကာအကွယ်မဲ့နေတဲ့ဂိုးပေါက်ထဲသို့ကန်သွင်းခဲ့တာဖြစ်ပါတယ်။

အာလင်းဟာလန်းဟာပရီးမီးယားလိဂ်ပွဲ၁၉ပွဲတွင်၂၅ဂိုးသွင်းယူထားနိုင်ပြီဖြစ်ပြီးယမန်နှစ်ရွှေဖိနပ်ဆုရှင်မိုဟာမက်ဆာလက်နှင့်ဆန်ဟောင်မင်းတို့ရဲ့သွင်းဂိုးကိုလည်းကျော်ဖြတ်ထားနိုင်ပါတယ်။

အာလင်းဟာလန်းအနေဖြင့်အလန်ရှီးယားရဲ့ပရီးမီးယားလိဂ်တစ်ရာသီတည်းတွင်ဟက်ထရစ်အများဆုံးသွင်းယူတဲ့စံချိန်ဖြစ်တဲ့ ၅ကြိမ်ဟက်ထရစ်စံချိန်ကိုရိုက်ချိုးနိုင်ရန် လက်ကျန်၁၈ပွဲတွင်ကြိုးပမ်းရပါမယ်။

ZawGyi

အာလင္းဟာလန္းေၾကာင့္ ကစားဟန္ေျပာင္းလဲလိုက္ရတဲ့ မန္စီးတီး

မန္စီးတီးနည္းျပဂြါဒီယိုလာကအာလင္းဟာလန္းေၾကာင့္မန္စီးတီးရဲ႕ကစားဟန္အခ်ိဳ႕ကိုအေျပာင္းအလဲျပဳလုပ္ထားရေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာဝုဗ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဂိုးသြင္းယူၿပီးတဲ့ေနာက္မန္စီးတီးအတြက္၁၉ပြဲမွာ၂၅ဂိုးအထိသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။

ေဝဖန္ေရးသမားအခ်ိဳ႕တို႔ကမန္စီးတီးမွာေႏြရာသီတုန္းကအာလင္းဟာလန္းေရာက္လာၿပီးေနာက္ကစားဟန္ေကာင္းမြန္ျခင္းမရွိေတာ့ေၾကာင္းေဝဖန္ခဲ့ၾကပါတယ္။

ယခုအခါဂြါဒီယိုလာက “သူ႔အရည္အေသြးေတြကိုကြၽန္ေတာ္တို႔သိထားၿပီးသားပါ။သူရွိေနတဲ့အတြင္ False Nine နဲ႔ကစားလို႔မရေတာ့ပါဘူး။တခ်ိဳ႕ေ႐ႊ႕လ်ားမႈေတမွာအေျပာင္းအလဲျပဳလုပ္ခဲ့ရပါတယ္။သူကလည္းတတ္ႏိုင္သေလာက္ေဘာလုံးေပးပို႔ေပးပါတယ္။သူ႔ပတ္ပတ္လည္မွာအရမ္းေကာင္းတဲ့ကစားသမားေတြရွိပါတယ္။ဒါေပမဲ့ပထမဂိုးကေတာ့သူရွိေနလို႔ပါ။ကီဗင္(ဒီဘ႐ိုင္း)ဆီကေပးပို႔လိုက္မႈကလည္းအရမ္းေကာင္းပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဝုဗ္ႏွင့္ပြဲတြင္အာလင္းဟာလန္းဟာပထမဂိုးကိုကီဗင္ဒီဘ႐ိုင္းရဲ႕ျဖတ္တင္ေဘာမွေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ၿပီးဒုတိယဂိုးကိုပင္နယ္တီကေနသြင္းခဲ့တာျဖစ္ပါတယ္။သူဟာသူ႔ရဲ႕ယခုရာသီစတုေတၳေျမာက္ဟက္ထရစ္ကို ဝုဗ္ဂိုးသမားအမွားမွတဆင့္မရာ့ဇ္ရဲ႕ေပးပို႔မႈကေနအကာအကြယ္မဲ့ေနတဲ့ဂိုးေပါက္ထဲသို႔ကန္သြင္းခဲ့တာျဖစ္ပါတယ္။

အာလင္းဟာလန္းဟာပရီးမီးယားလိဂ္ပြဲ၁၉ပြဲတြင္၂၅ဂိုးသြင္းယူထားႏိုင္ၿပီျဖစ္ၿပီးယမန္ႏွစ္ေ႐ႊဖိနပ္ဆုရွင္မိုဟာမက္ဆာလက္ႏွင့္ဆန္ေဟာင္မင္းတို႔ရဲ႕သြင္းဂိုးကိုလည္းေက်ာ္ျဖတ္ထားႏိုင္ပါတယ္။

အာလင္းဟာလန္းအေနျဖင့္အလန္ရွီးယားရဲ႕ပရီးမီးယားလိဂ္တစ္ရာသီတည္းတြင္ဟက္ထရစ္အမ်ားဆုံးသြင္းယူတဲ့စံခ်ိန္ျဖစ္တဲ့ ၅ႀကိမ္ဟက္ထရစ္စံခ်ိန္ကို႐ိုက္ခ်ိဳးႏိုင္ရန္ လက္က်န္၁၈ပြဲတြင္ႀကိဳးပမ္းရပါမယ္။