အာလင်းဟာလန်းကြောင့် ဟယ်ရီကိန်းရဲ့Nike တန်ဖိုးကြီးစာချုပ်ဆိုင်းငံ့ထားရ

ဟယ်ရီကိန်းရဲ့Nike နှင့်ချုပ်ဆိုလာမယ့်တန်ဖိုးကြီးစာချုပ်မှာယခုရာသီအစအာလင်းဟာလန်းခြေစွမ်းပြကစားနေမှုနှင့်အတူဆိုင်းငံ့မှုပြုလုပ်ထားရပါတယ်။

စပါးစ်တိုက်စစ်မှူးဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် Nike နှင့်စာချုပ်သက်တမ်းတိုးချုပ်ဆိုရန်စီစဉ်ထားပါတယ်။ဒါပေမဲ့စာချုပ်သက်တမ်းတိုးရေးဆွေးနွေးမှုမှာအာလင်းဟာလန်းရဲ့မန်စီးတီးကစားသမားဘဝအစခြေစွမ်းပြကစားနေမှုနှင့်အတူဆိုင်းငံ့လိုက်ရပါတယ်။

The Daily Telegraph ရဲ့ဖော်ပြချက်အရ Nike အပါအဝင်ထိပ်သီးအားကစားဝတ်စုံကုမ္ပဏီဟာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီအာလင်းဟာလန်းကို စပွန်ဆာစာချုပ်ချုပ်ဆိုနိုင်ရေးအတွက်ပစ်မှတ်ထားလုပ်ဆောင်နေကြပါတယ်။

အသက်၂၂နှစ်ရှိအာလင်းဟာလန်းဟာနော်ဝေအသင်းကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်မှုနှင့်အတူ ကာတာကမ္ဘာ့ဖလားမှာရှိမနေပါဘူး။ဒါကြောင့်လည်း အားကစားအမှတ်တံဆိပ်များဟာကမ္ဘာ့ဖလားမတိုင်မီအာလင်းဟာလန်းကို စပွန်ဆာစာချုပ်ချုပ်ဆိုရေးအပြိုင်ပစ်မှတ်ထားနေကြပါတယ်။

ဒါကြောင့်လည်း Nike ဟာအာလင်းဟာလန်းကိုစပွန်ဆာစာချုပ်ချုပ်ဆိုနိုင်ရေးကိုသာအဓိကအားပြုလုပ်ဆောင်နေမှုနှင့်အတူ ဟယ်ရီကိန်းနှင့်စာချုပ်သက်တမ်းတိုးချုပ်ဆိုရေးကိုရပ်ဆိုင်းထားပါတယ်။

၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်ကိုဆီမီးဖိုင်နယ်သို့ပို့ဆောင်ပေးခဲ့တဲ့အပြင်ဂိုးသွင်းဘုရင်အဖြစ်ရပ်တည်ခဲ့တဲ့ဟယ်ရီကိန်းဟာလည်း Nike နှင့်သက်တမ်းမတိုးနိုင်ပါက Adidas၊ New Balance၊ Puma တို့ရဲ့ပစ်မှတ်ထားခြင်းခံလာရဖို့ရှိနေပါတယ်။

အာလင်းဟာလန်းဟာနွေရာသီတွင်ဒေါ့မွန်မှမန်စီးတီးသို့ပေါင်၅၁သန်းဝန်းကျင်ဖြင့်ပြောင်းရွှေ့လာပြီးနောက်မန်စီးတီးအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၄ဂိုးသွင်းထားပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင် Nikeနှင့်စပွန်ဆာစာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးယခုရာသီတွင်ဖိနပ်အမှတ်တံဆိပ်များစွာကိုဝတ်ဆင်နေပါတယ်။

ZawGyi

အာလင္းဟာလန္းေၾကာင့္ ဟယ္ရီကိန္းရဲ႕Nike တန္ဖိုးႀကီးစာခ်ဳပ္ဆိုင္းငံ့ထားရ

ဟယ္ရီကိန္းရဲ႕Nike ႏွင့္ခ်ဳပ္ဆိုလာမယ့္တန္ဖိုးႀကီးစာခ်ဳပ္မွာယခုရာသီအစအာလင္းဟာလန္းေျခစြမ္းျပကစားေနမႈႏွင့္အတူဆိုင္းငံ့မႈျပဳလုပ္ထားရပါတယ္။

စပါးစ္တိုက္စစ္မႉးဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ Nike ႏွင့္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုရန္စီစဥ္ထားပါတယ္။ဒါေပမဲ့စာခ်ဳပ္သက္တမ္းတိုးေရးေဆြးေႏြးမႈမွာအာလင္းဟာလန္းရဲ႕မန္စီးတီးကစားသမားဘဝအစေျခစြမ္းျပကစားေနမႈႏွင့္အတူဆိုင္းငံ့လိုက္ရပါတယ္။

The Daily Telegraph ရဲ႕ေဖာ္ျပခ်က္အရ Nike အပါအဝင္ထိပ္သီးအားကစားဝတ္စုံကုမၸဏီဟာကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီအာလင္းဟာလန္းကို စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေရးအတြက္ပစ္မွတ္ထားလုပ္ေဆာင္ေနၾကပါတယ္။

အသက္၂၂ႏွစ္ရွိအာလင္းဟာလန္းဟာေနာ္ေဝအသင္းကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ျမင္မႈႏွင့္အတူ ကာတာကမာၻ႔ဖလားမွာရွိမေနပါဘူး။ဒါေၾကာင့္လည္း အားကစားအမွတ္တံဆိပ္မ်ားဟာကမာၻ႔ဖလားမတိုင္မီအာလင္းဟာလန္းကို စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုေရးအၿပိဳင္ပစ္မွတ္ထားေနၾကပါတယ္။

ဒါေၾကာင့္လည္း Nike ဟာအာလင္းဟာလန္းကိုစပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေရးကိုသာအဓိကအားျပဳလုပ္ေဆာင္ေနမႈႏွင့္အတူ ဟယ္ရီကိန္းႏွင့္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုေရးကိုရပ္ဆိုင္းထားပါတယ္။

၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဂၤလန္ကိုဆီမီးဖိုင္နယ္သို႔ပို႔ေဆာင္ေပးခဲ့တဲ့အျပင္ဂိုးသြင္းဘုရင္အျဖစ္ရပ္တည္ခဲ့တဲ့ဟယ္ရီကိန္းဟာလည္း Nike ႏွင့္သက္တမ္းမတိုးႏိုင္ပါက Adidas၊ New Balance၊ Puma တို႔ရဲ႕ပစ္မွတ္ထားျခင္းခံလာရဖို႔ရွိေနပါတယ္။

အာလင္းဟာလန္းဟာေႏြရာသီတြင္ေဒါ့မြန္မွမန္စီးတီးသို႔ေပါင္၅၁သန္းဝန္းက်င္ျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္မန္စီးတီးအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၄ဂိုးသြင္းထားပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္ Nikeႏွင့္စပြန္ဆာစာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီးယခုရာသီတြင္ဖိနပ္အမွတ္တံဆိပ္မ်ားစြာကိုဝတ္ဆင္ေနပါတယ္။