အာလင်းဟာလန်းနှင့်တွဲပေးရေးအတွက် ဘက်ပေးကို ခေါ်ယူရန် ငွေကြေးပြဿနာမရှိတဲ့ မန်စီးတီး

မန်စီးတီးဟာအာလင်းဟာလန်းနှင့်တွဲကစားနိုင်စေရန်အတွက်ကိုင်လီယန်ဘက်ပေးကို အီတီဟတ်ခေါ်ယူရေးအတွက်ငွေကြေးပြဿနာတစုံတရာမရှိကြောင်းသိရပါတယ်။

ပြင်သစ်စူပါစတားကိုင်လီယန်ဘက်ပေးဟာပီအက်စ်ဂျီအသင်းကစားဖော်များ၊ အသင်းတာဝန်ရှိသူများနှင့်သဘောထားကွဲလွဲလျက်ရှိပြီးလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပင် အသင်းပြောင်းရန်စဉ်းစားနေပါတယ်။

တကယ်လို့များဘက်ပေးသာပီအက်စ်ဂျီနှင့်ချုပ်ဆိုထားတဲ့စာချုပ်ကိုဖျက်သိမ်းလာမည်ဆိုပါကသူ့ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူလာနိုင်ပါမယ်။

သူ့ကိုခေါ်ယူလိုတဲ့ကလပ်အနေဖြင့်လက်မှတ်ရေးထိုးကြေးနှင့်လုပ်ခကိုသာပေးရတော့မှာဖြစ်ပါတယ်။

Marca ရဲ့ဖော်ပြလာမှုအရမန်စီးတီးဟာငွေကြေးအင်အားတောင့်တင်းနေမှုနှင့်အတူ ကိုင်လီယန်ဘက်ပေးကို ခေါ်ယူနိုင်တဲ့ငွေကြေးအလုံအလောက်ရှိနေကြောင်းသိရပါတယ်။

တကယ်လို့များမန်စီးတီးသာကိုင်လီယန်ဘက်ပေးကိုခေါ်ယူရေးကြိုးပမ်းလာမည်ဆိုပါက အာလင်းဟာလန်းနှင့်တွဲကစားလာရမည်ဖြစ်ပြီးမန်စီးတီးတိုက်စစ်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးတိုက်စစ်ကိုပိုင်ဆိုင်လာပါမယ်။

ZawGyi

အာလင္းဟာလန္းႏွင့္တြဲေပးေရးအတြက္ ဘက္ေပးကို ေခၚယူရန္ ေငြေၾကးျပႆနာမရွိတဲ့ မန္စီးတီး

မန္စီးတီးဟာအာလင္းဟာလန္းႏွင့္တြဲကစားႏိုင္ေစရန္အတြက္ကိုင္လီယန္ဘက္ေပးကို အီတီဟတ္ေခၚယူေရးအတြက္ေငြေၾကးျပႆနာတစုံတရာမရွိေၾကာင္းသိရပါတယ္။

ျပင္သစ္စူပါစတားကိုင္လီယန္ဘက္ေပးဟာပီအက္စ္ဂ်ီအသင္းကစားေဖာ္မ်ား၊ အသင္းတာဝန္ရွိသူမ်ားႏွင့္သေဘာထားကြဲလြဲလ်က္ရွိၿပီးလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ပင္ အသင္းေျပာင္းရန္စဥ္းစားေနပါတယ္။

တကယ္လို႔မ်ားဘက္ေပးသာပီအက္စ္ဂ်ီႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ကိုဖ်က္သိမ္းလာမည္ဆိုပါကသူ႔ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူလာႏိုင္ပါမယ္။

သူ႔ကိုေခၚယူလိုတဲ့ကလပ္အေနျဖင့္လက္မွတ္ေရးထိုးေၾကးႏွင့္လုပ္ခကိုသာေပးရေတာ့မွာျဖစ္ပါတယ္။

Marca ရဲ႕ေဖာ္ျပလာမႈအရမန္စီးတီးဟာေငြေၾကးအင္အားေတာင့္တင္းေနမႈႏွင့္အတူ ကိုင္လီယန္ဘက္ေပးကို ေခၚယူႏိုင္တဲ့ေငြေၾကးအလုံအေလာက္ရွိေနေၾကာင္းသိရပါတယ္။

တကယ္လို႔မ်ားမန္စီးတီးသာကိုင္လီယန္ဘက္ေပးကိုေခၚယူေရးႀကိဳးပမ္းလာမည္ဆိုပါက အာလင္းဟာလန္းႏွင့္တြဲကစားလာရမည္ျဖစ္ၿပီးမန္စီးတီးတိုက္စစ္မွာ စိတ္လႈပ္ရွားစရာအေကာင္းဆုံးတိုက္စစ္ကိုပိုင္ဆိုင္လာပါမယ္။