အာလင်းဟာလန်းမှာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကျောနံပါတ် ၉ ကစားသမားဟု လူးဝစ်ဆွာရက်ဇ်ပြောကြား

လူးဝစ်ဆွာရက်ဇ်ဟာမန်ချက်စတာဒါဘီပွဲတွင်ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အာလင်းဟာလန်းကိုလက်ရှိကမ္ဘာ့အကောင်းဆုံးကျောနံပါတ်၉ကစားသမားဖြစ်ကြောင်းချီးကျူးလာပါတယ်။

အာလင်းဟာလန်းဟာမန်ချက်စတာဒါဘီတွင်ဟက်ထရစ်သွင်းယူကာပရီးမီးယားလိဂ်တွင်တတိယမြောက်ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးပရီးမီးယားလိဂ်ပွဲ၈ပွဲတွင်၁၄ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိအာလင်းဟာလန်းဟာမန်ချက်စတာဒါဘီပွဲတွင်ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့အပြင်ဖီးလ်ဖိုဒန်ဟက်ထရစ်သွင်းနိုင်ရေးအတွက်၂ကြိမ်ဖန်တီးမှုလည်းပြုလုပ်နိုင်ခဲ့တာကြောင့် L’Equipe ရဲ့10/10 Rating ပေးခြင်းခံထားရပါတယ်။

ဒါ့အပြင်အာလင်းဟာလန်းဟာဥရောပထိပ်သီးလိဂ်ပွဲ၁၀၀တွင်၁၀၃ဂိုးအထိသွင်းယူနိုင်ကာပထမဆုံးဥရောပထိပ်သီးလိဂ်ပွဲ၁၀၀တွင်ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့ကစားသမားအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ဘောလုံးဝေဖန်ရေးသမားများဟာအာလင်းဟာလန်းကိုအကြီးအကျယ်ချီးကျူးလျက်ရှိကြပါတယ်။

ယခုအခါလူးဝစ်ဆွာရက်ဇ်ကလည်း “ဂုဏ်ပြုပါတယ်ငါ့သူငယ်ချင်း။မင်းအတွက်တကယ့်အံ့ဩစရာကောင်းတဲ့ပွဲပဲ။အခုအချိန်မှာမင်းကအကောင်းဆုံးကျောနံပါတ်၉ပါ”လို့ ဆိုသွားပါတယ်။

လူးဝစ်ဆွာရက်ဇ်ဟာလည်းပထမဆုံးဥရောပထိပ်သီးလိဂ်ပွဲ၁၀၀ တွင်၅၉ဂိုးအထိသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi







 

