
အာလင်းဟာလန်းပရီးမီးယားလိဂ်သို့ရောက်လာမှုကဟယ်ရီကိန်းအတွက်ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင်အကောင်းဆုံးခြေစွမ်းပြသရေးတွန်းအားတစ်ခုဖြစ်နေတာလားမေးခွန်းထုတ်စရာတစ်ခုပေါ်ပေါက်လာပါတယ်။
မှတ်တမ်းတွေအရစပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းဟာသူ့ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝမှအကောင်းဆုံးခြေစွမ်းကိုပိုင်ဆိုင်ထားနိုင်ကြောင်းတွေ့ရပါတယ်။
အသက်၂၂နှစ်ရှိအာလင်းဟာလန်းဟာနွေရာသီတုန်းကဒေါ့မွန်မှပြောင်းရွှေ့လာပြီးတဲ့နောက် မန်စီးတီးအတွက်ပရီးမီးယားလိဂ်ပွဲ၁၁ပွဲတွင်၁၇ဂိုးအထိသွင်းယူထားနိုင်ပါတယ်။
ယင်းသို့အနေအထားကြောင့်အာလင်းဟာလန်းမှာပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရရှိရေးအတွက်အကောင်းဆုံးအနေအထားသို့ရောက်နေပေမဲ့ဟယ်ရီကိန်းမှာလည်းကစားသမားဘဝအကောင်းဆုံးတာထွက်ပိုင်ဆိုင်ထားပါတယ်။
အသက်၂၉နှစ်ရှိဟယ်ရီကိန်းဟာပရီးမီးယားလိဂ်ပွဲ၁၂ပွဲကစားထားရာမှာ၁၀ဂိုးအထိသွင်းထားနိုင်ပြီးအကောင်းဆုံးရာသီပိုင်ဆိုင်ထားပါတယ်။
ဟယ်ရီကိန်းရဲ့ယခင်ပရီးမီးယားလိဂ်အကောင်းဆုံးတာထွက်မှာ၂၀၁၇-၁၈ရာသီနှင့်၂၀၂၀-၂၁ရာသီတုန်းကဖြစ်ပြီး၉ဂိုးသွင်းထားနိုင်ပါတယ်။
သူဟာပြီးခဲ့တဲ့ရာသီမှာတော့နည်းပြနူနိုလက်အောက်မှာတစ်ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။
ဒါပေမဲ့သူဟာယခုရာသီမှာတော့ပရီးမီးယားလိဂ်ဂိုး၁၀ဂိုးအထိသွင်းယူကာကစားသမားဘဝတစ်လျှောက်အကောင်းဆုံးပရီးမီးယားလိဂ်ဂိုးသွင်းစွမ်းရည်ပြသထားနိုင်ပြီဖြစ်ပါတယ်။
ZawGyi
အာလင္းဟာလန္းေရာက္လာၿပီးေနာက္ ကစားသမားဘဝအေကာင္းဆုံးေျခစြမ္းရရွိလာတဲ့ ဟယ္ရီကိန္း
အာလင္းဟာလန္းပရီးမီးယားလိဂ္သို႔ေရာက္လာမႈကဟယ္ရီကိန္းအတြက္ယခုရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲတြင္အေကာင္းဆုံးေျခစြမ္းျပသေရးတြန္းအားတစ္ခုျဖစ္ေနတာလားေမးခြန္းထုတ္စရာတစ္ခုေပၚေပါက္လာပါတယ္။
မွတ္တမ္းေတြအရစပါးစ္တိုက္စစ္မႉးဟယ္ရီကိန္းဟာသူ႔ရဲ႕ပရီးမီးယားလိဂ္ကစားသမားဘဝမွအေကာင္းဆုံးေျခစြမ္းကိုပိုင္ဆိုင္ထားႏိုင္ေၾကာင္းေတြ႕ရပါတယ္။
အသက္၂၂ႏွစ္ရွိအာလင္းဟာလန္းဟာေႏြရာသီတုန္းကေဒါ့မြန္မွေျပာင္းေ႐ႊ႕လာၿပီးတဲ့ေနာက္ မန္စီးတီးအတြက္ပရီးမီးယားလိဂ္ပြဲ၁၁ပြဲတြင္၁၇ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။
ယင္းသို႔အေနအထားေၾကာင့္အာလင္းဟာလန္းမွာပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုရရွိေရးအတြက္အေကာင္းဆုံးအေနအထားသို႔ေရာက္ေနေပမဲ့ဟယ္ရီကိန္းမွာလည္းကစားသမားဘဝအေကာင္းဆုံးတာထြက္ပိုင္ဆိုင္ထားပါတယ္။
အသက္၂၉ႏွစ္ရွိဟယ္ရီကိန္းဟာပရီးမီးယားလိဂ္ပြဲ၁၂ပြဲကစားထားရာမွာ၁၀ဂိုးအထိသြင္းထားႏိုင္ၿပီးအေကာင္းဆုံးရာသီပိုင္ဆိုင္ထားပါတယ္။
ဟယ္ရီကိန္းရဲ႕ယခင္ပရီးမီးယားလိဂ္အေကာင္းဆုံးတာထြက္မွာ၂၀၁၇-၁၈ရာသီႏွင့္၂၀၂၀-၂၁ရာသီတုန္းကျဖစ္ၿပီး၉ဂိုးသြင္းထားႏိုင္ပါတယ္။
သူဟာၿပီးခဲ့တဲ့ရာသီမွာေတာ့နည္းျပႏူႏိုလက္ေအာက္မွာတစ္ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။
ဒါေပမဲ့သူဟာယခုရာသီမွာေတာ့ပရီးမီးယားလိဂ္ဂိုး၁၀ဂိုးအထိသြင္းယူကာကစားသမားဘဝတစ္ေလွ်ာက္အေကာင္းဆုံးပရီးမီးယားလိဂ္ဂိုးသြင္းစြမ္းရည္ျပသထားႏိုင္ၿပီျဖစ္ပါတယ္။