အားကစားဒါရိုက်တာရာထူးအတွက် နော့ဝှစ်ချ်ရဲ့စတူးအပ်ဝက်ဘာနှင့် ဆွေးနွေးနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာနော့ဝှစ်ချ်အားကစားဒါရိုက်တာစတူးအပ်ဝက်ဘာကိုပစ်မှတ်ထားလာပါတယ်။ချဲလ်ဆီးဟာလာမယ့်လတွင်စတင်မယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အားကစားဒါရိုက်တာသစ်ခန့်အပ်လိုနေပါတယ်။

အသက်၃၈နှစ်ရှိဝက်ဘာဟာ၂၀၁၇ခုနှစ်ကတည်းကနော့ဝှစ်ချ်တွင်အားကစားဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်လာသူဖြစ်ပြီးစတမ်းဖို့ဒ်ဘရစ်ချ်တွင်တာဝန်ထမ်းဆောင်ရေးအတွက်ဆွေးနွေးနေပါတယ်။

နွေရာသီတုန်းက ချဲလ်ဆီးပူးတွဲပိုင်ရှင်တော့ဒ်ဘိုလေးဟာ ဒါရိုက်တာမာရီနာဂရာနိုစကီယာနှင့်နည်းစနစ်ပိုင်းနှင့်စွမ်းဆောင်ရည်ပိုင်းအကြံပေးပီတာချက်တို့နုတ်ထွက်သွားမှုကြောင့် ကလပ်ရဲ့အပြောင်းအရွှေ့ဗျူဟာများကိုတာဝန်ယူလုပ်ဆောင်ခဲ့ရပါတယ်။

ချဲလ်ဆီးဟာလစ်လပ်နေတဲ့အားကစားဒါရိုက်တာရာထူးအတွက် လိုက်ဇစ်အားကစားဒါရိုက်တာခရစ္စတိုဖာဗီဗဲလ်ကိုခန့်အပ်ရေးကြိုးပမ်းခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။

ယခုချဲလ်ဆီးဆွေးနွေးနေတဲ့ဝက်ဘာဟာနော့ဝှစ်ချ်ကိုပရီးမီးယားလိဂ်သို့နှစ်ကြိမ်တိုင်တိုင်တန်းတက်နိုင်အောင်နောက်ကွယ်မှကူညီခဲ့သူလည်းဖြစ်ပါတယ်။

တဖက်တွင်နော့ဝှစ်ချ်ဟာဝက်ဘာရဲ့ကောင်းမွန်တဲ့လုပ်ဆောင်မှုများကြောင့် ကြွေးမြီကင်းစင်နေသလိုလေ့ကျင့်ရေးကွင်းအသုံးအဆောင်ပစ္စည်းများမှာလည်းအဆင့်မြင့်ကောင်းမွန်လျက်ရှိပါတယ်။

သူဟာယခင်တုန်းကဟက်ဒါဖီးလ်တောင်း၊ဝုဗ်၊ကျူပီအာ၊လီဗာပူးနှင့်ဝရက်စ်ဟမ်တို့တွင်လည်းအားကစားဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ဖူးပါတယ်။

ချဲလ်ဆီးဟာအစောပိုင်းတုန်းကလီဗာပူးအားကစားဒါရိုက်တာဟောင်းအက်ဒ်ဝတ်ကိုကြိုးပမ်းခဲ့ပေမဲ့ကာယကံရှင်ကယခုရာသီတွင်ဘောလုံးလောကသို့ပြန်မဝင်ဘဲအနားယူလိုနေသေးမှုကြောင့်မအောင်မြင်ခဲ့ပါဘူး။

၎င်းတို့ဟာပေါလ်မစ်ချဲလ်၊မွန်ချီ၊တမ်စတိုက်တန်၊ဗစ်တာအော်တာ၊လီကွန်ဂါတွန်နှင့်လူးဝစ်ကမ်ပို့စ်တို့ကိုလည်းဆွေးနွေးခဲ့ပါသေးတယ်။

ZawGyi

အားကစားဒါ႐ိုက္တာရာထူးအတြက္ ေနာ့ဝွစ္ခ်္ရဲ႕စတူးအပ္ဝက္ဘာႏွင့္ ေဆြးေႏြးေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာေနာ့ဝွစ္ခ်္အားကစားဒါ႐ိုက္တာစတူးအပ္ဝက္ဘာကိုပစ္မွတ္ထားလာပါတယ္။ခ်ဲလ္ဆီးဟာလာမယ့္လတြင္စတင္မယ့္ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီ အားကစားဒါ႐ိုက္တာသစ္ခန႔္အပ္လိုေနပါတယ္။

အသက္၃၈ႏွစ္ရွိဝက္ဘာဟာ၂၀၁၇ခုႏွစ္ကတည္းကေနာ့ဝွစ္ခ်္တြင္အားကစားဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္လာသူျဖစ္ၿပီးစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္တာဝန္ထမ္းေဆာင္ေရးအတြက္ေဆြးေႏြးေနပါတယ္။

ေႏြရာသီတုန္းက ခ်ဲလ္ဆီးပူးတြဲပိုင္ရွင္ေတာ့ဒ္ဘိုေလးဟာ ဒါ႐ိုက္တာမာရီနာဂရာႏိုစကီယာႏွင့္နည္းစနစ္ပိုင္းႏွင့္စြမ္းေဆာင္ရည္ပိုင္းအႀကံေပးပီတာခ်က္တို႔ႏုတ္ထြက္သြားမႈေၾကာင့္ ကလပ္ရဲ႕အေျပာင္းအေ႐ႊ႕ဗ်ဴဟာမ်ားကိုတာဝန္ယူလုပ္ေဆာင္ခဲ့ရပါတယ္။

ခ်ဲလ္ဆီးဟာလစ္လပ္ေနတဲ့အားကစားဒါ႐ိုက္တာရာထူးအတြက္ လိုက္ဇစ္အားကစားဒါ႐ိုက္တာခရစၥတိုဖာဗီဗဲလ္ကိုခန႔္အပ္ေရးႀကိဳးပမ္းခဲ့ေပမဲ့လည္းမေအာင္ျမင္ခဲ့ပါဘူး။

ယခုခ်ဲလ္ဆီးေဆြးေႏြးေနတဲ့ဝက္ဘာဟာေနာ့ဝွစ္ခ်္ကိုပရီးမီးယားလိဂ္သို႔ႏွစ္ႀကိမ္တိုင္တိုင္တန္းတက္ႏိုင္ေအာင္ေနာက္ကြယ္မွကူညီခဲ့သူလည္းျဖစ္ပါတယ္။

တဖက္တြင္ေနာ့ဝွစ္ခ်္ဟာဝက္ဘာရဲ႕ေကာင္းမြန္တဲ့လုပ္ေဆာင္မႈမ်ားေၾကာင့္ ေႂကြးၿမီကင္းစင္ေနသလိုေလ့က်င့္ေရးကြင္းအသုံးအေဆာင္ပစၥည္းမ်ားမွာလည္းအဆင့္ျမင့္ေကာင္းမြန္လ်က္ရွိပါတယ္။

သူဟာယခင္တုန္းကဟက္ဒါဖီးလ္ေတာင္း၊ဝုဗ္၊က်ဴပီအာ၊လီဗာပူးႏွင့္ဝရက္စ္ဟမ္တို႔တြင္လည္းအားကစားဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ဖူးပါတယ္။

ခ်ဲလ္ဆီးဟာအေစာပိုင္းတုန္းကလီဗာပူးအားကစားဒါ႐ိုက္တာေဟာင္းအက္ဒ္ဝတ္ကိုႀကိဳးပမ္းခဲ့ေပမဲ့ကာယကံရွင္ကယခုရာသီတြင္ေဘာလုံးေလာကသို႔ျပန္မဝင္ဘဲအနားယူလိုေနေသးမႈေၾကာင့္မေအာင္ျမင္ခဲ့ပါဘူး။

၎တို႔ဟာေပါလ္မစ္ခ်ဲလ္၊မြန္ခ်ီ၊တမ္စတိုက္တန္၊ဗစ္တာေအာ္တာ၊လီကြန္ဂါတြန္ႏွင့္လူးဝစ္ကမ္ပို႔စ္တို႔ကိုလည္းေဆြးေႏြးခဲ့ပါေသးတယ္။