အားကစားဒါရိုက်တာသစ်ရဲ့ခွင့်ပြုချက်ရရှိလာမှုနဲ့အတူ နေမာကို ဈေးများစွာလျှော့ပြီး ရောင်းဖို့အသင့်ဖြစ်နေပြီဖြစ်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာယခုနွေရာသီတွင်နေမာကိုရောင်းချရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းသိရပါတယ်။

အားကစားဒါရိုက်တာသစ်လူးဝစ်ကမ်ပို့စ်ကနေမာကိုသင့်တော်တဲ့ဈေးနှုန်းရရှိပါကရောင်းချရန်နှင့်၎င်းနေရာတွင်အစားထိုးမယ့်သူရှာတွေ့ထားကြောင်းကလပ်ကိုပြောကြားလာပါတယ်။

Foot Mecato ရဲ့ဖော်ပြချက်အရပီအက်စ်ဂျီဟာယခုနွေရာသီတွင်နည်းပြပိုချက်တီနိုနှင့်အားကစားဒါရိုက်တာလီယိုနာဒိုတို့ကိုထုတ်ပယ်ပြီးကလပ်ကိုအပြောင်းအလဲများပြုလုပ်ကာစီမံကိန်းသစ်ရေးဆွဲနေမှုနေပြီးစီမံကိန်းသစ်တွင်နေမာပါဝင်ခြင်းမရှိပါဘူး။

ပီအက်စ်ဂျီဟာနည်းပြရာထူးအတွက်နိုက်စ်နည်းပြခရစ္စတိုဖီဂယ်တီယာကိုခန့်အပ်ရေးအတွက်ဆွေးနွေးနေပါတယ်။

ဂယ်တီယာဟာပီအက်စ်ဂျီနည်းပြသစ်ဖြစ်လာပါက၃-၅-၂ကစားကွက်ကိုအသုံးပြုလာမှာဖြစ်ပြီးနေမာမှာယင်းအစီအစဉ်တွင်မပါဝင်ပါဘူး။

ယင်းကစားကွက်ကြောင့်မက်ဆီနှင့်ဟာကီမီတို့ရဲ့အကောင်းဆုံးခြေစွမ်းလည်းထွက်ပေါ်လာမယ်လို့ယုံကြည်နေကြပါတယ်။

ပီအက်စ်ဂျီဟာနေမာကို၂၀၁၇ခုနှစ်တုန်းကကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၂၀၀ဝန်းကျင်ဖြင့်ဝယ်ယူခဲ့ပေမဲ့ယခုနွေရာသီတွင်ပေါင်၇၆သန်းဝန်းကျင်ဖြင့်ရောင်းချသွားပါမယ်။

ပီအက်စ်ဂျီဟာနေမာကိုဝယ်ယူရေးစိတ်ဝင်စားမှုရှိ/မရှိကိုဂျူဗင်တပ်ကိုမေးမြန်းထားကြောင်းသိရပါတယ်။ဂျူဗင်တပ်အနေဖြင့်နေမာရဲ့ပြောင်းရွှေ့ကြေးကိုပေးရန်ပြဿနာမရှိပေမဲ့လည်းသူ့ရဲ့တစ်ပတ်လုပ်ခပေါင်၆၀၀၀၀၀ ပေးရန်ပြဿနာရှိနေပါတယ်။

နေမာဟာပီအက်စ်ဂျီနှင့်၂၀၂၅ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။

ZawGyi

အားကစားဒါ႐ိုက္တာသစ္ရဲ႕ခြင့္ျပဳခ်က္ရရွိလာမႈနဲ႔အတူ ေနမာကို ေဈးမ်ားစြာေလွ်ာ့ၿပီး ေရာင္းဖို႔အသင့္ျဖစ္ေနၿပီျဖစ္တဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာယခုေႏြရာသီတြင္ေနမာကိုေရာင္းခ်ရန္အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

အားကစားဒါ႐ိုက္တာသစ္လူးဝစ္ကမ္ပို႔စ္ကေနမာကိုသင့္ေတာ္တဲ့ေဈးႏႈန္းရရွိပါကေရာင္းခ်ရန္ႏွင့္၎ေနရာတြင္အစားထိုးမယ့္သူရွာေတြ႕ထားေၾကာင္းကလပ္ကိုေျပာၾကားလာပါတယ္။

Foot Mecato ရဲ႕ေဖာ္ျပခ်က္အရပီအက္စ္ဂ်ီဟာယခုေႏြရာသီတြင္နည္းျပပိုခ်က္တီႏိုႏွင့္အားကစားဒါ႐ိုက္တာလီယိုနာဒိုတို႔ကိုထုတ္ပယ္ၿပီးကလပ္ကိုအေျပာင္းအလဲမ်ားျပဳလုပ္ကာစီမံကိန္းသစ္ေရးဆြဲေနမႈေနၿပီးစီမံကိန္းသစ္တြင္ေနမာပါဝင္ျခင္းမရွိပါဘူး။

ပီအက္စ္ဂ်ီဟာနည္းျပရာထူးအတြက္ႏိုက္စ္နည္းျပခရစၥတိုဖီဂယ္တီယာကိုခန႔္အပ္ေရးအတြက္ေဆြးေႏြးေနပါတယ္။

ဂယ္တီယာဟာပီအက္စ္ဂ်ီနည္းျပသစ္ျဖစ္လာပါက၃-၅-၂ကစားကြက္ကိုအသုံးျပဳလာမွာျဖစ္ၿပီးေနမာမွာယင္းအစီအစဥ္တြင္မပါဝင္ပါဘူး။

ယင္းကစားကြက္ေၾကာင့္မက္ဆီႏွင့္ဟာကီမီတို႔ရဲ႕အေကာင္းဆုံးေျခစြမ္းလည္းထြက္ေပၚလာမယ္လို႔ယုံၾကည္ေနၾကပါတယ္။

ပီအက္စ္ဂ်ီဟာေနမာကို၂၀၁၇ခုႏွစ္တုန္းကကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၂၀၀ဝန္းက်င္ျဖင့္ဝယ္ယူခဲ့ေပမဲ့ယခုေႏြရာသီတြင္ေပါင္၇၆သန္းဝန္းက်င္ျဖင့္ေရာင္းခ်သြားပါမယ္။

ပီအက္စ္ဂ်ီဟာေနမာကိုဝယ္ယူေရးစိတ္ဝင္စားမႈရွိ/မရွိကိုဂ်ဴဗင္တပ္ကိုေမးျမန္းထားေၾကာင္းသိရပါတယ္။ဂ်ဴဗင္တပ္အေနျဖင့္ေနမာရဲ႕ေျပာင္းေ႐ႊ႕ေၾကးကိုေပးရန္ျပႆနာမရွိေပမဲ့လည္းသူ႔ရဲ႕တစ္ပတ္လုပ္ခေပါင္၆၀၀၀၀၀ ေပးရန္ျပႆနာရွိေနပါတယ္။

ေနမာဟာပီအက္စ္ဂ်ီႏွင့္၂၀၂၅ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။