အားကစားသမိုင်းတွင် အမြင့်မားဆုံးလုပ်ခဖြင့် ဆော်ဒီကလပ် Al Nassr သို့ ခရစ္စတီယာနိုရော်နယ်ဒို ပြောင်းရွှေ့

ခရစ္စတီယာနိုရော်နယ်ဒိုဟာအားကစားသမိုင်းတွင်အမြင့်မားဆုံးလုပ်ခဖြင့် ဆော်ဒီကလပ် Al Nassr သို့၂၀၂၅ခုနှစ်အထိစာချုပ်ဖြင့်ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာအငြင်းပွားဖွယ်အင်တာဗျူးတွင်ကလပ်ကိုအပြင်းအထန်ဝေဖန်မှုပြုလုပ်ပြီးတဲ့နောက် မန်ချက်စတာယူနိုက်တက်နှင့်နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့သူလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီတွင် အားကစားသမိုင်းမှာအမြင့်မားဆုံးလုပ်ခရရှိလာမှာလည်းဖြစ်ပါတယ်။

သူဟာဆော်ဒီကလပ်တွင်တစ်နှစ်လုပ်ခပေါင်၁၇၃သန်းရရှိလာမှာလည်းဖြစ်ပါတယ်။သူဟာတစ်ပတ်လျှင်တစ်စက္ကန့်လျှင်ပေါင်၅.၅၀၊တစ်မိနစ်လျှင်ပေါင်၃၃၀၊တစ်နာရီလျှင်ပေါင်၁၉၉၈၂၊တစ်ပတ်လျှင်ပေါင်၃.၃၃သန်း၊တစ်လလျှင်ပေါင်၁၄.၄သန်း၊တစ်နှစ်လျှင်ပေါင်၁၇၃သန်းရရှိလာမှာလည်းဖြစ်ပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုကကွဲပြားတဲ့နိုင်ငံ၊ကွဲပြားတဲ့လိဂ်တွင်အတွေ့အကြုံသစ်ရရှိလာတော့မှာဖြစ်လို့စိတ်လှုပ်ရှားနေကြောင်းပြောကြားသွားပါတယ်။

ဒါ့အပြင်ရော်နယ်ဒိုက “ဥရောပဘောလုံးလောကမှကံကောင်းထောက်မစွာဘဲအားလုံးအောင်မြင်မှုရရှိခဲ့ပြီးဖြစ်ပါတယ်။အခုအာရှမှာကျွန်တော့်အတွေ့အကြုံကိုမျှဝေဖို့အချိန်ရောက်လာပြီလို့ခံစားရပါတယ်”လို့ပြောကြားသွားပါတယ်။

Al Nassr ဟာဆော်ဒီပရိုလိဂ်ချန်ပီယံ၉ကြိမ်ဖြစ်ထားတဲ့အသင်းဖြစ်ပြီး၎င်းတို့ကခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူနိုင်မှုကိုသမိုင်းဝင်ခေါ်ယူနိုင်မှုအဖြစ်ပြောဆိုထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာနွေရာသီတုန်းကအခြားဆော်ဒီအသင်းတစ်သင်းဖြစ်တဲ့ Al Hilal ရဲ့ပေါင်၃၀၅သန်းတန်စာချုပ်ကိုပယ်ချခဲ့ဖူးသူလည်းဖြစ်ပါတယ်။

ZawGyi








