အားကစားသမိုင်းတွင် Overrated အခံရဆုံးကစားသမားအဖြစ် ဒေးဗစ်ဘက်ဟမ်းရွေးချယ်ခြင်းခံရ

အင်္ဂလန်အသင်းခေါင်းဆောင်ဒေးဗစ်ဘက်ဟမ်းဟာအားကစားသမိုင်းတွင် Overrated အခံရဆုံးကစားသမားအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဒေးဗစ်ဘက်ဟမ်းဟာပရော်ဖက်ရှင်နယ်ကစားသမားဘဝ၂၁နှစ်အတွင်းတွင်ဥရောပထိပ်သီးကလပ်များဖြစ်ကြတဲ့ယူနိုက်တက်၊ရီးရဲလ်မက်ဒရစ်၊အေစီမီလန်နှင့်ပီအက်စ်ဂျီတို့တွင်ကစားခဲ့သူဖြစ်ပါတယ်။

ဒေးဗစ်ဘက်ဟမ်းဟာ၂၀၀၇ခုနှစ်တုန်းကမေဂျာလိဂ်ကလပ်အယ်အေဂလက်ဆီသို့ပြောင်းရွှေ့ကာအမေရိကန်သို့ပြောင်းရွှေ့ကစားတဲ့ပထမဆုံးစူပါစတားကစားသမားလည်းဖြစ်ပါတယ်။

သူဟာကစားသမားဘဝအတွင်းမှာပရီးမီးယားလိဂ်ဖလား၆ကြိမ်၊စပိန်လာလီဂါဖလား၁ကြိမ်၊လီဂူး၁ဖလား၁ကြိမ်နှင့်ချန်ပီယံလိဂ်ဖလား၁ကြိမ်တို့ဆွတ်ခူးခဲ့ပါတယ်။

ဒါ့အပြင်ဒေးဗစ်ဘက်ဟမ်းဟာအင်္ဂလန်အသင်းတွင်ကွဲပြားတဲ့နည်းပြအမြောက်အမြားတွင်ကစားခဲ့ပြီးပွဲအများဆုံးကစားသူများထဲမှတစ်ဦးအဖြစ်ရပ်တည်ထားသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ The Top Tens ရဲ့ပရိသတ်မဲဖြင့်ရွေးချယ်မှုအရဒေးဗစ်ဘက်ဟမ်းဟာအားကစားသမိုင်းတွင် overrated အခံရဆုံးကစားသမားအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

အဆိုပါစာရင်းထဲတွင်ခရစ္စတီယာနိုရော်နယ်ဒို၊ဘတ်စကက်ဘောစတားများဖြစ်ကြတဲ့ရှာကွီလီအိုနီရယ်၊လီဘရွန်ဂျိမ်းစ်၊ဂေါက်သမားမီချဲလ်ဝီ၊NFL စတားအီလီမန်းနင်းတို့လည်းပါဝင်ပါတယ်။

ZawGyi

အားကစားသမိုင္းတြင္ Overrated အခံရဆုံးကစားသမားအျဖစ္ ေဒးဗစ္ဘက္ဟမ္းေ႐ြးခ်ယ္ျခင္းခံရ

အဂၤလန္အသင္းေခါင္းေဆာင္ေဒးဗစ္ဘက္ဟမ္းဟာအားကစားသမိုင္းတြင္ Overrated အခံရဆုံးကစားသမားအျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

ေဒးဗစ္ဘက္ဟမ္းဟာပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ၂၁ႏွစ္အတြင္းတြင္ဥေရာပထိပ္သီးကလပ္မ်ားျဖစ္ၾကတဲ့ယူႏိုက္တက္၊ရီးရဲလ္မက္ဒရစ္၊ေအစီမီလန္ႏွင့္ပီအက္စ္ဂ်ီတို႔တြင္ကစားခဲ့သူျဖစ္ပါတယ္။

ေဒးဗစ္ဘက္ဟမ္းဟာ၂၀၀၇ခုႏွစ္တုန္းကေမဂ်ာလိဂ္ကလပ္အယ္ေအဂလက္ဆီသို႔ေျပာင္းေ႐ႊ႕ကာအေမရိကန္သို႔ေျပာင္းေ႐ႊ႕ကစားတဲ့ပထမဆုံးစူပါစတားကစားသမားလည္းျဖစ္ပါတယ္။

သူဟာကစားသမားဘဝအတြင္းမွာပရီးမီးယားလိဂ္ဖလား၆ႀကိမ္၊စပိန္လာလီဂါဖလား၁ႀကိမ္၊လီဂူး၁ဖလား၁ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္တို႔ဆြတ္ခူးခဲ့ပါတယ္။

ဒါ့အျပင္ေဒးဗစ္ဘက္ဟမ္းဟာအဂၤလန္အသင္းတြင္ကြဲျပားတဲ့နည္းျပအေျမာက္အျမားတြင္ကစားခဲ့ၿပီးပြဲအမ်ားဆုံးကစားသူမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ထားသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့ The Top Tens ရဲ႕ပရိသတ္မဲျဖင့္ေ႐ြးခ်ယ္မႈအရေဒးဗစ္ဘက္ဟမ္းဟာအားကစားသမိုင္းတြင္ overrated အခံရဆုံးကစားသမားအျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

အဆိုပါစာရင္းထဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒို၊ဘတ္စကက္ေဘာစတားမ်ားျဖစ္ၾကတဲ့ရွာကြီလီအိုနီရယ္၊လီဘ႐ြန္ဂ်ိမ္းစ္၊ေဂါက္သမားမီခ်ဲလ္ဝီ၊NFL စတားအီလီမန္းနင္းတို႔လည္းပါဝင္ပါတယ္။