အားနည်းနေတဲ့နေရာတစ်ခုကို ဖြည့်ဆည်းလာလျှင်ပင် ထိပ်ဆုံးလေးသင်းစာရင်း မန်ယူမဝင်ဟု ဂျွန်တယ်ရီပြောကြားလာ

အင်္ဂလန်နှင့်ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်းဂျွန်တယ်ရီကမန်ယူအသင်းအနေဖြင့် အားနည်းနေတဲ့နေရာအားဖြည့်ဆည်းကာအပြောင်းအရွှေ့တစ်ခုပြုလုပ်လာလျှင်လည်းပရီးမီးယားလိဂ်ထိပ်ဆုံးလေးသင်းစာရင်းပင်ဝင်မည်မဟုတ်ကြောင်းပြောကြားလာပါတယ်။

မန်ယူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကချန်ပီယံမန်စီးတီးနှင့်ရမှတ်၁၂မှတ်ကွာဟကာအမှတ်ပေးဇယားအဆင့်၂နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။၎င်းတို့ဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာဂျာဒွန်ဆန်ချိုနှင့်ရာဖေးလ်ဗာရိန်းတို့အားခေါ်ယူအားဖြည့်ထားပါတယ်။

ဒါပေမယ့်တစ်ဖက်တွင်မန်ယူရဲ့အဓိကပြိုင်ဘက်များဖြစ်ကြတဲ့ချဲလ်ဆီးကလူကာကူအားပေါင်၉၇.၅သန်းဖြင့်ခေါ်ယူထားသလိုမန်စီးတီးကလည်းဂျက်ဂရဲလ်လစ်ရှ်အားပေါင်သန်း၁၀၀သုံးစွဲကာခေါ်ယူထားပါတယ်။မန်စီးတီးဟာစပါးစ်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကိုလည်းခေါ်ယူရန်ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

ဗီလာလက်ထောက်နည်းပြဟောင်းဂျွန်တယ်ရီကမန်ယူအနေဖြင့်တိုက်စစ်မှူးခေါ်ယူခြင်းမပြုလုပ်ပါကချန်ပီယံလိဂ်ဝင်ခွင့်နှင့်ဝေးကွာရလိမ့်မယ်လို့ဆိုလာပါတယ်။

တယ်ရီက “ရပ်ရှ်ဖို့ဒ်နားနေရတယ်။ဘယ်လောက်အထိနားရမလဲတော့မသိပါဘူး။ဒါကြောင့်ဒီနေရာကအားနည်းသွားမှာဖြစ်လို့ဒီနေရာကိုသူတို့အားဖြည့်ရပါမယ်။ကာဗာနီကအသက်ကြီးနေပြီ။ဒီတော့သူ့ကိုစီမံခန့်ခွဲမှုလုပ်ရမယ်။သူ့ကိုနေ့တိုင်းတွန်းနေလို့မရပါဘူး။သူကသုံးလိုက်၊နားလိုက်လုပ်ရမယ့်ကစားသမားမျိုးပါ။ဆိုးလ်ရှားကသူ့ကစားသမားအကြောင်းကောင်းကောင်းသိတယ်လို့ထင်ပါတယ်။မာ့ခ်(ရပ်ရှ်ဖို့ဒ်)အနားယူနေစဉ်ကာလအတွင်းကာဗာနီဆီကအကောင်းဆုံးခြေစွမ်းထွက်လာစေချင်ရင်ဘယ်နည်းလမ်းကအကောင်းဆုံးနည်းလဲဆိုတာသူတို့သိမှာပါ။ဒါပေမယ့်တကယ်လို့များမန်ယူအနေနဲ့ချန်ပီယံဆုအတွက်စိန်ခေါ်ချင်တယ်ဆိုရင်တော့တစ်ရာသီကို၂၅ဂိုးကနေဂိုး၃၀အတွင်းသွင်းနိုင်တဲ့တိုက်စစ်မှူးခေါ်ယူရပါလိမ့်မယ်။ခေါ်ယူဖို့တော့ခက်ပါလိမ့်မယ်။အဲဒီလိုတိုက်စစ်မှူးမျိုးကိုပေါင်သန်း၁၀၀ကနေပေါင်သန်း၁၂၀အတွင်းသုံးရပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ပရီးမီးယားလိဂ်ထိပ်ဆုံးလေးသင်းစာရင်းဝင်မယ့်အသင်းများကိုခန့်မှန်းရာတွင်တယ်ရီက “ချဲလ်ဆီးနဲ့မန်စီးတီးကပထမ(သို့မဟုတ်)ဒုတိယပဲ။စတုတ္ထကလက်စတာဖြစ်မယ်ထင်တယ်။တတိယကလီဗာပူးပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

အားနည္းေနတဲ့ေနရာတစ္ခုကို ျဖည့္ဆည္းလာလွ်င္ပင္ ထိပ္ဆုံးေလးသင္းစာရင္း မန္ယူမဝင္ဟု ဂြၽန္တယ္ရီေျပာၾကားလာ

အဂၤလန္ႏွင့္ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ေဟာင္းဂြၽန္တယ္ရီကမန္ယူအသင္းအေနျဖင့္ အားနည္းေနတဲ့ေနရာအားျဖည့္ဆည္းကာအေျပာင္းအေ႐ႊ႕တစ္ခုျပဳလုပ္လာလွ်င္လည္းပရီးမီးယားလိဂ္ထိပ္ဆုံးေလးသင္းစာရင္းပင္ဝင္မည္မဟုတ္ေၾကာင္းေျပာၾကားလာပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကခ်န္ပီယံမန္စီးတီးႏွင့္ရမွတ္၁၂မွတ္ကြာဟကာအမွတ္ေပးဇယားအဆင့္၂ေနရာမွာရပ္တည္ႏိုင္ခဲ့ပါတယ္။၎တို႔ဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာဂ်ာဒြန္ဆန္ခ်ိဳႏွင့္ရာေဖးလ္ဗာရိန္းတို႔အားေခၚယူအားျဖည့္ထားပါတယ္။

ဒါေပမယ့္တစ္ဖက္တြင္မန္ယူရဲ႕အဓိကၿပိဳင္ဘက္မ်ားျဖစ္ၾကတဲ့ခ်ဲလ္ဆီးကလူကာကူအားေပါင္၉၇.၅သန္းျဖင့္ေခၚယူထားသလိုမန္စီးတီးကလည္းဂ်က္ဂရဲလ္လစ္ရွ္အားေပါင္သန္း၁၀၀သုံးစြဲကာေခၚယူထားပါတယ္။မန္စီးတီးဟာစပါးစ္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကိုလည္းေခၚယူရန္ႀကိဳးပမ္းေနဆဲျဖစ္ပါတယ္။

ဗီလာလက္ေထာက္နည္းျပေဟာင္းဂြၽန္တယ္ရီကမန္ယူအေနျဖင့္တိုက္စစ္မႉးေခၚယူျခင္းမျပဳလုပ္ပါကခ်န္ပီယံလိဂ္ဝင္ခြင့္ႏွင့္ေဝးကြာရလိမ့္မယ္လို႔ဆိုလာပါတယ္။

တယ္ရီက “ရပ္ရွ္ဖို႔ဒ္နားေနရတယ္။ဘယ္ေလာက္အထိနားရမလဲေတာ့မသိပါဘူး။ဒါေၾကာင့္ဒီေနရာကအားနည္းသြားမွာျဖစ္လို႔ဒီေနရာကိုသူတို႔အားျဖည့္ရပါမယ္။ကာဗာနီကအသက္ႀကီးေနၿပီ။ဒီေတာ့သူ႔ကိုစီမံခန႔္ခြဲမႈလုပ္ရမယ္။သူ႔ကိုေန႔တိုင္းတြန္းေနလို႔မရပါဘူး။သူကသုံးလိုက္၊နားလိုက္လုပ္ရမယ့္ကစားသမားမ်ိဳးပါ။ဆိုးလ္ရွားကသူ႔ကစားသမားအေၾကာင္းေကာင္းေကာင္းသိတယ္လို႔ထင္ပါတယ္။မာ့ခ္(ရပ္ရွ္ဖို႔ဒ္)အနားယူေနစဥ္ကာလအတြင္းကာဗာနီဆီကအေကာင္းဆုံးေျခစြမ္းထြက္လာေစခ်င္ရင္ဘယ္နည္းလမ္းကအေကာင္းဆုံးနည္းလဲဆိုတာသူတို႔သိမွာပါ။ဒါေပမယ့္တကယ္လို႔မ်ားမန္ယူအေနနဲ႔ခ်န္ပီယံဆုအတြက္စိန္ေခၚခ်င္တယ္ဆိုရင္ေတာ့တစ္ရာသီကို၂၅ဂိုးကေနဂိုး၃၀အတြင္းသြင္းႏိုင္တဲ့တိုက္စစ္မႉးေခၚယူရပါလိမ့္မယ္။ေခၚယူဖို႔ေတာ့ခက္ပါလိမ့္မယ္။အဲဒီလိုတိုက္စစ္မႉးမ်ိဳးကိုေပါင္သန္း၁၀၀ကေနေပါင္သန္း၁၂၀အတြင္းသုံးရပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

ပရီးမီးယားလိဂ္ထိပ္ဆုံးေလးသင္းစာရင္းဝင္မယ့္အသင္းမ်ားကိုခန႔္မွန္းရာတြင္တယ္ရီက “ခ်ဲလ္ဆီးနဲ႔မန္စီးတီးကပထမ(သို႔မဟုတ္)ဒုတိယပဲ။စတုတၳကလက္စတာျဖစ္မယ္ထင္တယ္။တတိယကလီဗာပူးပါ”လို႔ေျပာၾကားသြားပါတယ္။