အားလပ်ရက်ကို လျှော့ချပြီး အသင်းဟောင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းကာ ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ ဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ဟာအားလပ်ရက်ကိုလျှော့ချပြီးအသင်းဟောင်းဘိုအာဗစ်တာနှင့်အတူ လေ့ကျင့်ခန်းဆင်းကာ၂၀၂၁-၂၂ဘောလုံးရာသီသစ်အတွက်ပြင်ဆင်နေပါတယ်။

အသက်၂၆နှစ်ရှိမန်ယူကွင်းလယ်ကစားသမားဟာပေါ်တူဂီနှင့်အတူခက်ခဲတဲ့ယူရို၂၀၂၀ပြိုင်ပွဲကြုံဆုံခဲ့ရသူလည်းဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာယူရို၂၀၂၀ပြိုင်ပွဲမှာပေါ်တူဂီနှင့်အတူ၄ပွဲကစားခဲ့ရာမှာဂိုးသွင်းနိုင်ခဲ့ခြင်းမရှိသလို ဖန်တီးမှုလည်းမပြုလုပ်နိုင်ခဲ့ဘဲယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရပါတယ်။

အလယ်တန်းတိုက်စစ်သမားဟာပေါ်တူဂီနှင့်အတူယူရို၂၀၂၀ပြိုင်ပွဲကစားခဲ့ရရာမန်ယူနည်းပြဆိုးလ်ရှားရဲ့အားလပ်ရက်ပေးခြင်းခံထားရပါတယ်။

ဒါပေမယ့်ဖာနန်ဒက်စ်ဟာသူ့ခြေစွမ်းအကောင်းဆုံးပုံစံတွင်ရှိနေရေးအတွက်အသင်းဟောင်းဘိုအာဗစ်တာနှင့်အတူလေ့ကျင့်ခန်းဆင်းနေပါတယ်။

ဖာနန်ဒက်စ်ဟာဘိုအာဗစ်တာလူငယ်အသင်းသို့ အသက်၉နှစ်အရွယ်မှာရောက်ရှိခဲ့ပြီး ၂၀၁၄ခုနှစ်မှ၂၀၁၂ခုနှစ်အထိကစားခဲ့ပါတယ်။

ဘိုအာဗစ်တာက ဘရူနိုဖာနန်ဒက်စ် လာရောက်လေ့ကျင့်ခန်းဆင်းနေမှုအား “ပထမအချစ်ကဘယ်အရာနဲ့မှမတူဘူး။မန်ချက်စတာယူနိုက်တက်ရေ ဘာမှပူမနေနဲ့။သူဟာပိုကောင်းတဲ့ပုံစံနဲ့အသင်းသို့ရောက်လာပါလိမ့်မယ်”လို့အွန်လိုင်းတွင်ရေးသားသွားပါတယ်။

ဒါ့အပြင်ဘိုအာဗစ်တာဟာဘရူနိုဖာနန်ဒက်စ်ဟာ ကျောနံပါတ်၈ပါ ဘိုအာဗစ်တာအင်္ကျီတစ်ထည်ကိုလည်းလက်ဆောင်ပေးခဲ့ပါတယ်။

ZawGyi

အားလပ္ရက္ကို ေလွ်ာ့ခ်ၿပီး အသင္းေဟာင္းႏွင့္အတူ ေလ့က်င့္ခန္းဆင္းကာ ရာသီသစ္အတြက္ ျပင္ဆင္ေနတဲ့ ဖာနန္ဒက္စ္

ဘ႐ူႏိုဖာနန္ဒက္စ္ဟာအားလပ္ရက္ကိုေလွ်ာ့ခ်ၿပီးအသင္းေဟာင္းဘိုအာဗစ္တာႏွင့္အတူ ေလ့က်င့္ခန္းဆင္းကာ၂၀၂၁-၂၂ေဘာလုံးရာသီသစ္အတြက္ျပင္ဆင္ေနပါတယ္။

အသက္၂၆ႏွစ္ရွိမန္ယူကြင္းလယ္ကစားသမားဟာေပၚတူဂီႏွင့္အတူခက္ခဲတဲ့ယူ႐ို၂၀၂၀ၿပိဳင္ပြဲႀကဳံဆုံခဲ့ရသူလည္းျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာေပၚတူဂီႏွင့္အတူ၄ပြဲကစားခဲ့ရာမွာဂိုးသြင္းႏိုင္ခဲ့ျခင္းမရွိသလို ဖန္တီးမႈလည္းမျပဳလုပ္ႏိုင္ခဲ့ဘဲယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာခဲ့ရပါတယ္။

အလယ္တန္းတိုက္စစ္သမားဟာေပၚတူဂီႏွင့္အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲကစားခဲ့ရရာမန္ယူနည္းျပဆိုးလ္ရွားရဲ႕အားလပ္ရက္ေပးျခင္းခံထားရပါတယ္။

ဒါေပမယ့္ဖာနန္ဒက္စ္ဟာသူ႔ေျခစြမ္းအေကာင္းဆုံးပုံစံတြင္ရွိေနေရးအတြက္အသင္းေဟာင္းဘိုအာဗစ္တာႏွင့္အတူေလ့က်င့္ခန္းဆင္းေနပါတယ္။

ဖာနန္ဒက္စ္ဟာဘိုအာဗစ္တာလူငယ္အသင္းသို႔ အသက္၉ႏွစ္အ႐ြယ္မွာေရာက္ရွိခဲ့ၿပီး ၂၀၁၄ခုႏွစ္မွ၂၀၁၂ခုႏွစ္အထိကစားခဲ့ပါတယ္။

ဘိုအာဗစ္တာက ဘ႐ူႏိုဖာနန္ဒက္စ္ လာေရာက္ေလ့က်င့္ခန္းဆင္းေနမႈအား “ပထမအခ်စ္ကဘယ္အရာနဲ႔မွမတူဘူး။မန္ခ်က္စတာယူႏိုက္တက္ေရ ဘာမွပူမေနနဲ႔။သူဟာပိုေကာင္းတဲ့ပုံစံနဲ႔အသင္းသို႔ေရာက္လာပါလိမ့္မယ္”လို႔အြန္လိုင္းတြင္ေရးသားသြားပါတယ္။

ဒါ့အျပင္ဘိုအာဗစ္တာဟာဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေက်ာနံပါတ္၈ပါ ဘိုအာဗစ္တာအက်ႌတစ္ထည္ကိုလည္းလက္ေဆာင္ေပးခဲ့ပါတယ္။