အားလုံးရဲ့ကန့်ကွက်မှုကို ဂရုမစိုက်ဘဲ ၂ နှစ် ၁ ကြိမ် ကမ္ဘာ့ဖလားစီမံကိန်းကို အကောင်အထည်ဖော်ရေး ဝင်းဂါး ရှေ့ဆက်တိုးလာ

အာစင်ဝင်းဂါးဟာဥရောပကလပ်များရဲ့ကန့်ကွက်မှုများကြုံနေရတဲ့၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားကျင်းပရေးစီမံကိန်းအားအကောင်အထည်ဖော်ရေးအတွက်ရှေ့ဆက်တိုးကာစီစဉ်နေပြီဖြစ်ပါတယ်။

အာစင်ဝင်းဂါးဟာ၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနိုင်ရေးအတွက်ဂျွန်တယ်ရီ၊မိုက်ကယ်အိုဝင်၊ဒရော့ဘာ၊မာတာရာဇီ၊ကလင်းစမန်း၊လိုသာမားသီးယပ်စ်၊ရောဘတ်တိုကားလို့စ်၊ပီတာရှမိုက်ကယ်၊ယာယာတိုရေးတို့ကဲ့သို့ဂန္ထဝင်ကစားသမားများကိုစည်းရုံးသိမ်းသွင်းထားပါတယ်။ယင်းကစားသမားများဟာ၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားကျင်းပရေးအတွက်မဲရရှိရေးကြိုးပမ်းရပါမယ်။

ဝင်းဂါးဟာယင်းကစားသမားဟောင်းများနှင့်ဒိုဟာတွင်တွေ့ဆုံမှုပြုလုပ်ကာ၂နှစ်၁ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးအတွက်မဲဆွယ်သိမ်းသွင်းမှုများပြုလုပ်ရပါမယ်။

ဝင်းဂါးက၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမှုကြောင့်ကစားသမားများရဲ့အားစိုက်ထုတ်ရမှုနည်းပါးလာခြင်း၊အရည်အသွေးပိုကောင်းမွန်လာခြင်း၊နိုင်ငံတကာပွဲစဉ်များနည်းပါးလာခြင်းတို့အပြင်တစ်ကမ္ဘာလုံးဆိုင်ရာဘောလုံးလောကလည်းတိုးတက်လာမယ်လို့ယုံကြည်နေပါတယ်။

ဖီဖာဟာ၂နှစ်၁ကြိမ်ကျင်းပရေးအတွက်ဥရောပဘောလုံးအဖွဲ့ချုပ်များနှင့်ကလပ်များရဲ့ထောက်ခံမှုမရရှိသော်လည်းဥရောပမဟုတ်တဲ့နိုင်ငံများရဲ့ထောက်ခံချက်များစွာရရှိနေပါတယ်။

ဖီဖာဟာလာမယ့်နှစ်မေလတွင်ဖီဖာအဖွဲ့ဝင်နိုင်ငံပေါင်း၂၁၁တို့ရဲ့မဲအဆုံးအဖြတ်ဖြင့်ဆုံးဖြတ်သွားဖို့ရှိနေပါတယ်။၎င်းတို့ဟာ၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားစီမံကိန်းအား၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းတွင်ကျင်းပရန်စီစဉ်ထားတာလည်းဖြစ်ပါတယ်။

ZawGyi

အားလုံးရဲ႕ကန႔္ကြက္မႈကို ဂ႐ုမစိုက္ဘဲ ၂ ႏွစ္ ၁ ႀကိမ္ ကမာၻ႔ဖလားစီမံကိန္းကို အေကာင္အထည္ေဖာ္ေရး ဝင္းဂါး ေရွ႕ဆက္တိုးလာ

အာစင္ဝင္းဂါးဟာဥေရာပကလပ္မ်ားရဲ႕ကန႔္ကြက္မႈမ်ားႀကဳံေနရတဲ့၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားက်င္းပေရးစီမံကိန္းအားအေကာင္အထည္ေဖာ္ေရးအတြက္ေရွ႕ဆက္တိုးကာစီစဥ္ေနၿပီျဖစ္ပါတယ္။

အာစင္ဝင္းဂါးဟာ၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပႏိုင္ေရးအတြက္ဂြၽန္တယ္ရီ၊မိုက္ကယ္အိုဝင္၊ဒေရာ့ဘာ၊မာတာရာဇီ၊ကလင္းစမန္း၊လိုသာမားသီးယပ္စ္၊ေရာဘတ္တိုကားလို႔စ္၊ပီတာရွမိုက္ကယ္၊ယာယာတိုေရးတို႔ကဲ့သို႔ဂႏၴဝင္ကစားသမားမ်ားကိုစည္း႐ုံးသိမ္းသြင္းထားပါတယ္။ယင္းကစားသမားမ်ားဟာ၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားက်င္းပေရးအတြက္မဲရရွိေရးႀကိဳးပမ္းရပါမယ္။

ဝင္းဂါးဟာယင္းကစားသမားေဟာင္းမ်ားႏွင့္ဒိုဟာတြင္ေတြ႕ဆုံမႈျပဳလုပ္ကာ၂ႏွစ္၁ႀကိမ္ ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးအတြက္မဲဆြယ္သိမ္းသြင္းမႈမ်ားျပဳလုပ္ရပါမယ္။

ဝင္းဂါးက၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပမႈေၾကာင့္ကစားသမားမ်ားရဲ႕အားစိုက္ထုတ္ရမႈနည္းပါးလာျခင္း၊အရည္အေသြးပိုေကာင္းမြန္လာျခင္း၊ႏိုင္ငံတကာပြဲစဥ္မ်ားနည္းပါးလာျခင္းတို႔အျပင္တစ္ကမာၻလုံးဆိုင္ရာေဘာလုံးေလာကလည္းတိုးတက္လာမယ္လို႔ယုံၾကည္ေနပါတယ္။

ဖီဖာဟာ၂ႏွစ္၁ႀကိမ္က်င္းပေရးအတြက္ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္မ်ားႏွင့္ကလပ္မ်ားရဲ႕ေထာက္ခံမႈမရရွိေသာ္လည္းဥေရာပမဟုတ္တဲ့ႏိုင္ငံမ်ားရဲ႕ေထာက္ခံခ်က္မ်ားစြာရရွိေနပါတယ္။

ဖီဖာဟာလာမယ့္ႏွစ္ေမလတြင္ဖီဖာအဖြဲ႕ဝင္ႏိုင္ငံေပါင္း၂၁၁တို႔ရဲ႕မဲအဆုံးအျဖတ္ျဖင့္ဆုံးျဖတ္သြားဖို႔ရွိေနပါတယ္။၎တို႔ဟာ၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားစီမံကိန္းအား၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္းတြင္က်င္းပရန္စီစဥ္ထားတာလည္းျဖစ္ပါတယ္။