ဘက်ဟမ်းရဲ့ပစ္စည်းကြောင့် ကျေနပ်စရာအိမ်ထောင်ရေးသုခပိုင်ဆိုင်ထားကြောင်း ဗစ်တိုးရီးယားဖွင့်ဟလာ
တခါတုန်းကဗစ်တိုးရီးယားကခင်ပွန်းသည်ဒေးဗစ်ဘက်ဟမ်းတွင်ကြီးမားတဲ့ပစ္စည်းပိုင်ဆိုင်ထားပြီး အိတ်ဇောပိုက်လောက်ပင်ရှိကြောင်းခိုင်းနှိုင်းပြောကြားခဲ့ဖူးကာ သူမရဲ့အိမ်ထောင်ရေးဘဝနှင့်ပတ်သက်ပြီးဖွင့်ချလာခဲ့ဖူးပါတယ်။
Spice Girls အဖွဲ့ဝင်ဟောင်းဗစ်တိုးရီးယားနှင့်ဒေးဗစ်ဘက်ဟမ်းတို့ရဲ့ချစ်ဇာတ်လမ်းမှာမန်ချက်စတာယူနိုက်တက်တွင်ကစားနေစဉ် ၁၉၉၇ခုနှစ်တုန်းကစတင်ခဲ့တာဖြစ်ပြီး၁၉၉၉ခုနှစ်တွင် အိုင်ယာလန်ရှိLuttrellstown Castleမှာလက်ထပ်ခဲ့ကြပါတယ်။
ဗစ်တိုးရီးယားနှင့်ဒေးဗစ်ဘက်ဟမ်းတို့တွင်ဘရွတ်ကလင်း၊ရိုမီယို၊ခရုဇ်ဆိုပြီးသားသုံးဦးအပြင်ဟာပါအမည်ရှိသမီးတစ်ဦးလည်းပိုင်ဆိုင်ထားပါတယ်။
The Daily Star ရဲ့ဖော်ပြချက်အရ ဗစ်တိုးရီးယားဟာတကြိမ်မှာတော့အတိတ်တုန်းကသူမရဲ့ဒေးဗစ်ဘက်ဟမ်းတို့ရဲ့အိမ်ထောင်ရေးသုခရရှိမှုအပေါ်ဖွင့်ချလာပြီးသူမမှာလည်းအိပ်ယာပေါ်တွင်အဝတ်မပါဘဲအိပ်လေ့ရှိကြောင်းဆိုသွားပါတယ်။
ဗစ်တိုးရီးယားက “ဒေးဗစ်နဲ့အရမ်းကောင်းမွန်တဲ့အိမ်ထောင်ရေးသုခရရှိနေသေးမှုအပေါ်ဂုဏ်ယူတယ်။သူကလည်းအရမ်းပဲအချိုးအစားကျတယ်။ကျွန်မကလည်းအိပ်ယာပေါ်မှာဘာမှမဝတ်တတ်ဘူး။ဒါပေမဲ့ဒေးဗစ်ဘက်ကျွန်မအတွက် Agent Provocateur ဆီကဗယာစီယာဝမ်းဆက်တွေမှာပေးတတ်တယ်”လို့ပြောကြားသွားပါတယ်။
ဒေးဗစ်ဘက်ဟမ်းဟာဘောလုံးသမားဘဝတုန်းတစ်ကမ္ဘာလုံးတွင်ညှို့အားပြင်းကစားသမားတစ်ဦးအဖြစ်နာမည်ကျော်ကြားခဲ့သူဖြစ်ပါတယ်။
သူဟာ၂၀၀၇ခုနှစ်တုန်းကဇနီးသည်ဗစ်တိုးရီးယားနှင့်အတူ Armani အောက်ခံအတွင်းခံကြော်ငြာရိုက်ကူးဖူးပါတယ်။
ဒါ့အပြင်ဗစ်တိုးရီးယားကခင်ပွန်းသည်ဘက်ဟမ်းရဲ့ပစ္စည်းမှာအိတ်ဇောပိုက်လောက်ရှိကြောင်းလည်းဆိုသွားပါတယ်။
သူမက “သူ့မှာရှိတာအရမ်းကြီးတယ်လို့ထင်တယ်။တကယ်ရှိတာ။ကြော်ငြာမှာရှင်တို့လည်းတွေ့နိုင်တယ်။အိတ်ဇောပိုက်ကြီးလိုပဲ”လို့ဆိုသွားပါတယ်။
ZawGyi
အိတ်ဇောပိုက်လောက်ရှိတဲ့ ဘက်ဟမ်းရဲ့ပစ္စည်းကြောင့် ကျေနပ်စရာအိမ်ထောင်ရေးသုခပိုင်ဆိုင်ထားကြောင်း ဗစ်တိုးရီးယားဖွင့်ဟလာ