အိပ်ဆေးစွဲပြဿနာနှင့်ရင်ဆိုင်ခဲ့ရဖူးတဲ့ စပါးစ်စတားဟောင်းအိုဟားရား

ဘောလုံးကစားသမားဟောင်းဂျေမီအိုဟားရားကအိပ်ဆေးပြားစွဲပြဿနာတိုက်ပွဲရင်ဆိုင်ခဲ့ဖူးရကြောင်းဖွင့်ဟသွားပါတယ်။မကြာသေးမီတုန်းကThe Sun သတင်းစာကပရီးမီးယားလိဂ်ကစားသမားများအကြားတွင်အိပ်ဆေးပြား များကိုအရက်၊ဗော်ကာတို့ဖြင့်တွဲစပ်သောက်သုံးနေကြကြောင်းဖော်ထုတ်ရေးသားခဲ့ပါတယ်။

စပါးစ်အလယ်တန်းကစားသမားဟောင်းဟာလည်းပွဲကစားပြီးတဲ့ညများတွင်အိပ်မပျော်နိုင်ဖြစ်ပြီးနောက်ကလပ်ဆ ရာဝန်တစ်ဦးကအိပ်ဆေးပေးကာသောက်ခိုင်းရာမှာအိပ်ဆေးပြားစွဲတဲ့ပြဿနာကြုံလာရတာလည်းဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိအိုဟာရာက “ကျွန်တော်လည်းအိပ်ဆေးတွေအများကြီးသုံးခဲ့ဖူးတယ်။ပွဲကစားပြီးအင်္ဂါနေ့ညတွင် အိပ်ဖို့အရမ်းခက်ခဲတယ်။ပွဲရဲ့ရိုက်ခတ်မှု၊ပရိသတ်အားပေးမှု၊ပရိသတ်ထုတွေကအိပ်ရခက်ခဲစေပါတယ်။နောက်ပိုင်း မှာအိပ်ဖို့အတွက်ဆေးမရှိတော့ရင်နည်းနည်းခက်ခဲလာပါတယ်။နောက်ပိုင်းသောက်တာနည်းနည်းများလာတော့ အမြဲတမ်းသောက်ချင်နေတော့တယ်။အရမ်းစွဲလန်းတဲ့အဆင့်ကိုတော့မရောက်ခဲ့ဘူး။နောက်တော့တဖြည်းဖြည်း စွဲလာသလိုခံစားလာရတာကြောင့်ဖြတ်ချလိုက်တယ်”လို့ပြောကြားသွားပါတယ်။

ပရီးမီးယားလိဂ်ကစားသမားတို့ဟာဇိုပီကလုန်းကိုအရက်နှင့်ရောစပ်ကာသောက်ဆုံးနေကြတာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကစားသမားနှစ်ဦးတို့ဟာဇိုပီကလုန်းကိုမှောင်ခိုဈေးကွက်မှဝယ်ယူကာအသုံးပြုနေတာလည်း ဖြစ်ပါတယ်။ယင်းဆေးများကိုဆေးဆိုင်များတွင်ဆရာဝန်ထောက်ခံချက်ဖြင့်သာဝယ်ယူနိုင်ပါတယ်။ဆရာဝန်များကလည်းယင်းဆေးများကိုလေးပတ်ထက်ပိုပြီးလူနာကိုသောက်သုံးစေခြင်းမရှိပါဘူး။

ZawGyi

အိပ္ေဆးစြဲျပႆနာႏွင့္ရင္ဆိုင္ခဲ့ရဖူးတဲ့ စပါးစ္စတားေဟာင္းအိုဟားရား

ေဘာလုံးကစားသမားေဟာင္းေဂ်မီအိုဟားရားကအိပ္ေဆးျပားစြဲျပႆနာတိုက္ပြဲရင္ဆိုင္ခဲ့ဖူးရေၾကာင္းဖြင့္ဟသြားပါတယ္။မၾကာေသးမီတုန္းကThe Sun သတင္းစာကပရီးမီးယားလိဂ္ကစားသမားမ်ားအၾကားတြင္အိပ္ေဆးျပား မ်ားကိုအရက္၊ေဗာ္ကာတို႔ျဖင့္တြဲစပ္ေသာက္သုံးေနၾကေၾကာင္းေဖာ္ထုတ္ေရးသားခဲ့ပါတယ္။

စပါးစ္အလယ္တန္းကစားသမားေဟာင္းဟာလည္းပြဲကစားၿပီးတဲ့ညမ်ားတြင္အိပ္မေပ်ာ္ႏိုင္ျဖစ္ၿပီးေနာက္ကလပ္ဆ ရာဝန္တစ္ဦးကအိပ္ေဆးေပးကာေသာက္ခိုင္းရာမွာအိပ္ေဆးျပားစြဲတဲ့ျပႆနာႀကဳံလာရတာလည္းျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိအိုဟာရာက “ကြၽန္ေတာ္လည္းအိပ္ေဆးေတြအမ်ားႀကီးသုံးခဲ့ဖူးတယ္။ပြဲကစားၿပီးအဂၤါေန႔ညတြင္ အိပ္ဖို႔အရမ္းခက္ခဲတယ္။ပြဲရဲ႕႐ိုက္ခတ္မႈ၊ပရိသတ္အားေပးမႈ၊ပရိသတ္ထုေတြကအိပ္ရခက္ခဲေစပါတယ္။ေနာက္ပိုင္း မွာအိပ္ဖို႔အတြက္ေဆးမရွိေတာ့ရင္နည္းနည္းခက္ခဲလာပါတယ္။ေနာက္ပိုင္းေသာက္တာနည္းနည္းမ်ားလာေတာ့ အၿမဲတမ္းေသာက္ခ်င္ေနေတာ့တယ္။အရမ္းစြဲလန္းတဲ့အဆင့္ကိုေတာ့မေရာက္ခဲ့ဘူး။ေနာက္ေတာ့တျဖည္းျဖည္း စြဲလာသလိုခံစားလာရတာေၾကာင့္ျဖတ္ခ်လိုက္တယ္”လို႔ေျပာၾကားသြားပါတယ္။

ပရီးမီးယားလိဂ္ကစားသမားတို႔ဟာဇိုပီကလုန္းကိုအရက္ႏွင့္ေရာစပ္ကာေသာက္ဆုံးေနၾကတာလည္းျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကစားသမားႏွစ္ဦးတို႔ဟာဇိုပီကလုန္းကိုေမွာင္ခိုေဈးကြက္မွဝယ္ယူကာအသုံးျပဳေနတာလည္း ျဖစ္ပါတယ္။ယင္းေဆးမ်ားကိုေဆးဆိုင္မ်ားတြင္ဆရာဝန္ေထာက္ခံခ်က္ျဖင့္သာဝယ္ယူႏိုင္ပါတယ္။ဆရာဝန္မ်ားကလည္းယင္းေဆးမ်ားကိုေလးပတ္ထက္ပိုၿပီးလူနာကိုေသာက္သုံးေစျခင္းမရွိပါဘူး။