အိပ်မက်ကစားဖော်အဖြစ် ကီဗင်ဒီဘရိုင်းကို ရွေးချယ်လိုက်တဲ့ ဟယ်ရီကိန်း

စပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းဟာနွေရာသီတွင်အသင်းပြောင်းလိုကြောင်းကလပ်ကိုပြောကြားပြီးတဲ့နောက်စပါးစ်ကနေထွက်ခွာဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ဟယ်ရီကိန်းပြောင်းရွှေ့ကစားလိုတဲ့ကလပ်ကမန်စီးတီးဖြစ်လာဖို့ရှိနေပါတယ်။

ဟယ်ရီကိန်းဟာ SkyBet ရဲ့ The OverLap အစီအစဉ်မှာပက်ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းမှာအရေးပါတဲ့ကစားသမားတစ်ဦးဖြစ်တဲ့ကီဗင်ဒီဘရိုင်းနှင့်ပတ်သက်ပြီးများစွာချီးကျူးပြုလုပ်သွားခဲ့ပါတယ်။

ဟယ်ရီကိန်းက “ဒီဘရိုင်းကစားတာကြည့်လိုက်ရင်အရမ်းကောင်းတာတွေ့ရတယ်။သူကတကယ့်ကိုစပါယ်ရှယ်ကစားသမားတစ်ဦးပါ။မန်စီးတီးမှာသူကစားနေတာကြည့်လိုက်ရင်သူကတိုက်စစ်မှူးတစ်ယောက်အတွက်အိပ်မက်ကစားဖော်တစ်ဦးလို့ရိုးသားစွာပြောပါရစေ။သူကအရမ်းကောင်းတယ်။သူကစားတာတစ်နှစ်ပြီးတစ်နှစ်ကြည့်လာခဲ့တာပါ။သူကဘောလုံးပိုင်ဆိုင်ထားချိန်ရောဘောလုံးမရှိချိန်ရောအရမ်းကောင်းတယ်။ဖိအားပေးနိုင်တယ်။ရိုးသားစွာပြောရရင်သူလုပ်ဆောင်ပေးတာတွေအရမ်းကောင်းတယ်”လို့ပြောကြားသွားပါတယ်။

ကီဗင်ဒီဘရိုင်းဟာယခုရာသီမှာမန်စီးတီးအတွက်ပရီးမီးယားလိဂ်မှာ၁၄ကြိမ်ဖန်တီးပြီးငါးနှစ်အတွင်းတတိယမြောက်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင်ကူညီထားပါတယ်။သူဟာမန်စီးတီးကိုကာရာဘောင်းဖလားဆွတ်ခူးနိုင်အောင်ကူညီပေးထားပါတယ်။ဒါ့အပြင်၎င်းတို့ဟာလာမယ့်မေလ၂၉ရက်နေ့မှာချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရပါဦးမယ်။

ဟယ်ရီကိန်းကတော့သူ့ကစားသမားဘဝမှာတစ်ကြိမ်မျှဆုဖလားဆွတ်ခူးဖူးခြင်းမရှိပါဘူး။အင်္ဂလန်ကစားသမားဟောင်းအချို့တို့ကဟယ်ရီကိန်းအနေဖြင့်နိုင်ငံခြားသို့သွားရောက်ကစားလျှင်ဆုဖလားများဆွတ်ခူးနိုင်ရန်ပိုမိုလွယ်ကူလိမ့်မယ်လို့ပြောကြားနေကြပါတယ်။

ဒါပေမယ့်အသက်၂၇နှစ်ရှိဟယ်ရီကိန်းကတော့လက်ရှိအချိန်တွင်အင်္ဂလိပ်ဘောလုံးလောကကိုစွန့်ခွာရန်စိတ်ဝင်စားခြင်းမရှိကြောင်းပြောကြားသွားပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်က “တစ်နေ့မှာနိုင်ငံခြားသို့သွားကစားဖို့တော့စဉ်းစားထားပါတယ်။ဒါပေမယ့်လတ်တလောမှာတော့နိုင်ငံခြားသို့သွားကစားဖို့မစဉ်းစားထားပါဘူး။ကျွန်တော့်ကိုယ်ကျွန်တော်ထိပ်တန်းအဆင့်မှာ၇နှစ်၊၈နှစ်လောက်ကစားလာခဲ့တယ်လို့ထင်ပါတယ်။မက်ဆီ၊ရော်နယ်ဒို၊အီဘရာဟီမိုဗစ်တို့ကိုကြည့်လိုက်ရင်သူတို့ဟာအသက်၃၀ရောက်လာချိန်မှာပိုကောင်းလာတယ်လို့ထင်တယ်။ကျွန်တော်ကအသက်၂၇နှစ်ပဲရှိပါသေးတယ်။ဒီတော့ကျွန်တော့်အတွက်လုပ်ပြစရာတွေအများကြီးရှိပါသေးတယ်။

ZawGyi

အိပ္မက္ကစားေဖာ္အျဖစ္ ကီဗင္ဒီဘ႐ိုင္းကို ေ႐ြးခ်ယ္လိုက္တဲ့ ဟယ္ရီကိန္း

စပါးစ္တိုက္စစ္မႉးဟယ္ရီကိန္းဟာေႏြရာသီတြင္အသင္းေျပာင္းလိုေၾကာင္းကလပ္ကိုေျပာၾကားၿပီးတဲ့ေနာက္စပါးစ္ကေနထြက္ခြာဖို႔အဆင္သင့္ျဖစ္ေနၿပီျဖစ္ပါတယ္။ဟယ္ရီကိန္းေျပာင္းေ႐ႊ႕ကစားလိုတဲ့ကလပ္ကမန္စီးတီးျဖစ္လာဖို႔ရွိေနပါတယ္။

ဟယ္ရီကိန္းဟာ SkyBet ရဲ႕ The OverLap အစီအစဥ္မွာပက္ဂြါဒီယိုလာရဲ႕မန္စီးတီးအသင္းမွာအေရးပါတဲ့ကစားသမားတစ္ဦးျဖစ္တဲ့ကီဗင္ဒီဘ႐ိုင္းႏွင့္ပတ္သက္ၿပီးမ်ားစြာခ်ီးက်ဴးျပဳလုပ္သြားခဲ့ပါတယ္။

ဟယ္ရီကိန္းက “ဒီဘ႐ိုင္းကစားတာၾကည့္လိုက္ရင္အရမ္းေကာင္းတာေတြ႕ရတယ္။သူကတကယ့္ကိုစပါယ္ရွယ္ကစားသမားတစ္ဦးပါ။မန္စီးတီးမွာသူကစားေနတာၾကည့္လိုက္ရင္သူကတိုက္စစ္မႉးတစ္ေယာက္အတြက္အိပ္မက္ကစားေဖာ္တစ္ဦးလို႔႐ိုးသားစြာေျပာပါရေစ။သူကအရမ္းေကာင္းတယ္။သူကစားတာတစ္ႏွစ္ၿပီးတစ္ႏွစ္ၾကည့္လာခဲ့တာပါ။သူကေဘာလုံးပိုင္ဆိုင္ထားခ်ိန္ေရာေဘာလုံးမရွိခ်ိန္ေရာအရမ္းေကာင္းတယ္။ဖိအားေပးႏိုင္တယ္။႐ိုးသားစြာေျပာရရင္သူလုပ္ေဆာင္ေပးတာေတြအရမ္းေကာင္းတယ္”လို႔ေျပာၾကားသြားပါတယ္။

ကီဗင္ဒီဘ႐ိုင္းဟာယခုရာသီမွာမန္စီးတီးအတြက္ပရီးမီးယားလိဂ္မွာ၁၄ႀကိမ္ဖန္တီးၿပီးငါးႏွစ္အတြင္းတတိယေျမာက္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္ကူညီထားပါတယ္။သူဟာမန္စီးတီးကိုကာရာေဘာင္းဖလားဆြတ္ခူးႏိုင္ေအာင္ကူညီေပးထားပါတယ္။ဒါ့အျပင္၎တို႔ဟာလာမယ့္ေမလ၂၉ရက္ေန႔မွာခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကစားရပါဦးမယ္။

ဟယ္ရီကိန္းကေတာ့သူ႔ကစားသမားဘဝမွာတစ္ႀကိမ္မွ်ဆုဖလားဆြတ္ခူးဖူးျခင္းမရွိပါဘူး။အဂၤလန္ကစားသမားေဟာင္းအခ်ိဳ႕တို႔ကဟယ္ရီကိန္းအေနျဖင့္ႏိုင္ငံျခားသို႔သြားေရာက္ကစားလွ်င္ဆုဖလားမ်ားဆြတ္ခူးႏိုင္ရန္ပိုမိုလြယ္ကူလိမ့္မယ္လို႔ေျပာၾကားေနၾကပါတယ္။

ဒါေပမယ့္အသက္၂၇ႏွစ္ရွိဟယ္ရီကိန္းကေတာ့လက္ရွိအခ်ိန္တြင္အဂၤလိပ္ေဘာလုံးေလာကကိုစြန႔္ခြာရန္စိတ္ဝင္စားျခင္းမရွိေၾကာင္းေျပာၾကားသြားပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္က “တစ္ေန႔မွာႏိုင္ငံျခားသို႔သြားကစားဖို႔ေတာ့စဥ္းစားထားပါတယ္။ဒါေပမယ့္လတ္တေလာမွာေတာ့ႏိုင္ငံျခားသို႔သြားကစားဖို႔မစဥ္းစားထားပါဘူး။ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ထိပ္တန္းအဆင့္မွာ၇ႏွစ္၊၈ႏွစ္ေလာက္ကစားလာခဲ့တယ္လို႔ထင္ပါတယ္။မက္ဆီ၊ေရာ္နယ္ဒို၊အီဘရာဟီမိုဗစ္တို႔ကိုၾကည့္လိုက္ရင္သူတို႔ဟာအသက္၃၀ေရာက္လာခ်ိန္မွာပိုေကာင္းလာတယ္လို႔ထင္တယ္။ကြၽန္ေတာ္ကအသက္၂၇ႏွစ္ပဲရွိပါေသးတယ္။ဒီေတာ့ကြၽန္ေတာ့္အတြက္လုပ္ျပစရာေတြအမ်ားႀကီးရွိပါေသးတယ္။