အိမ်ကို ပေါင်၃.၅သန်းဖြင့် ရောင်းချရန် အရောင်းစာရင်းတင်လိုက်တဲ့ မန်ယူစတား

မန်ယူဂိုးသမားဆာဂျီယိုရိုမီယိုဟာနေအိမ်ကိုပေါင်၃.၅သန်းဖြင့်ရောင်းချရန်အရောင်းစာရင်းတင်လိုက်ပြီး နောက်လာမယ့်နွေရာသီတွင်မန်ယူမှထွက်ခွာရန်သေချာသွားပြီဖြစ်ကြောင်းအတည်ပြုလာပါတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းကဒိန်းဟင်ဒါဆင်ပြန်ရောက်လာမှုနဲ့အတူရိုမီယိုရဲ့အနာဂတ်ဟာမရေမရာဖြစ်လာခဲ့ပြီးအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာအဲဗာတန်သို့ပြောင်းရေးကြိုးပမ်းခဲ့ပါတယ်။ဒါပေမယ့်က လပ်ဘက်ကတားဆီးမှုကြောင့်ရိုမီယိုဟာအသင်းပြောင်းခွင့်မရခဲ့ပါဘူး။

အသက်၃၄နှစ်ရှိအာဂျင်တီးနားဂိုးသမားဟာဇန်နဝါရီလမှာမန်ယူရဲ့ပရီးမီးယားလိဂ်လူစာရင်းမှာထည့်သွင်းခြင်းခံရပေမယ့်ယခုတိုင်တစ်ပွဲမျှမကစားရသေးပါဘူး။

ယခုအခါရိုမီယိုဟာချီရှိုင်းယားရှိနေအိမ်ကိုပေါင်၃.၅သန်းဖြင့်လည်းကောင်းရောင်းချရန်အရောင်းစာရင်း တင်လိုက်ပါတယ်။ဒါ့အပြင်သူဟာတစ်လလျှင်ပေါင်၂၂၀၀၀ဖြင့်ငှားရမ်းရန်လည်းစီစဉ်ထားပါတယ်။

ရိုမီယိုရဲ့ပေါင်၃.၅သန်းတန်နေအိမ်မှာပါတီပွဲပြုလုပ်ရန်နေရာ၊အားကစားခန်းမ၊ကျယ်ဝန်းလှတဲ့ကားပါကင်တို့ပါဝင်ပါတယ်။

ZawGyi





