အိမ်ကွင်းခြောက်ပွဲဆက်ရှုံးနိမ့်ထားသော်လည်း ကလော့ပ်ကို လီဗာပူးပိုင်ရှင်များအပြည့်အဝထောက်ခံဆဲ

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာအန်ဖီးလ်ပရီးမီးယားလိဂ်ခြောက်ပွဲဆက်တိုက်အရှုံးနှင့်ရင်ဆိုင်ထားရသော်လည်းလီဗာပူးအသင်းပိုင်ရှင်များရဲ့အပြည့်အဝထောက်ခံမှုရရှိထားဆဲဖြစ်ပါတယ်။

ဂျာမန်လူမျိုးနည်းပြဦးဆောင်တဲ့လီဗာပူးဟာတနင်္ဂနွေနေ့တုန်းကတန်းမဆင်းရရေးတိုက်ပွဲဝင်နေတဲ့ဖူလ်ဟမ်အ သင်းကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက်ပရီးမီးယားလိဂ်တွင်အိမ်ကွင်းခြောက်ပွဲဆက်တိုက်ရှုံးနိမ့်ထားပါတယ်။

လီဗာပူးဟာဖူလ်ဟမ်ရှုံးပွဲကြောင့်အမှတ်ပေးဇယားအဆင့်၈နေရာသို့ရောက်လာခဲ့ပြီးအဆင့်၄နေရာမှလီဗာပူးနှင့် ရမှတ်၇မှတ်အထိကွာဟသွားခဲ့ပါတယ်။လက်ရှိအနေအထားကြောင့်လီဗာပူးဟာလာမယ့်ရာသီမှာချန်ပီယံလိဂ်ဝင် ခွင့်ဆုံးရှုံးရနိုင်တဲ့အနေအထားမှာရှိနေပါတယ်။

လီဗာပူးဟာဗုဒ္ဓဟူးနေ့မှာဘူဒါပတ်စ်မှာလိုက်ဇစ်နှင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ကစားရပါမယ်။၎င်းတို့ဟာ ပထမအကျော့တုန်းကလိုက်ဇစ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိထားပါတယ်။၎င်းတို့အနေဖြင့်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိုဖို့အ တွက်ချန်ပီယံလိဂ်ဖလားရယူဖို့လိုအပ်နေတဲ့အနေအထားမှာရှိနေပါတယ်။

ဒါပေမယ့်လည်းလီဗာပူးအသင်းပိုင်ရှင် Fanway Sports Group ကလက်ရှိကလပ်ရဲ့အခြေအနေမှာခေတ္တမျှသာ ဖြစ်ပြီးကလော့ပ်အပေါ်တွင်လည်းအပြည့်အဝယုံကြည်နေဆဲဖြစ်ပါတယ်။

အခြားတစ်ဖက်တွင်ကလော့ပ်ဟာလည်းနွေရာသီတုန်းကကစားသမားခေါ်ယူအားဖြည့်မှုအပြည့်အဝမလုပ်ပေးမှု အပေါ်စိတ်ပျက်နေကြောင်းလည်းသိရပါတယ်။

လီဗာပူးပိုင်ရှင်များဟာခံစစ်ပြဿနာများနှင့်ကြုံနေစဉ်အတွင်းဘော်လ်တန်နောက်ခံလူဘင်ဒါးဗီးကိုပေါင်၁.၆သန်း ဖြင့်လည်းကောင်း၊ရှော်လ်ကေးနောက်ခံလူအိုဇန်ခါဘစ်ကိုပေါင်၂၆.၅သန်းဖြင့်အငှားခေါ်ယူမယ့်အချက်ဖြင့် ခေါ်ယူ ပေးခဲ့ပါတယ်။

ZawGyi

အိမ္ကြင္းေျခာက္ပြဲဆက္ရႈံးနိမ့္ထားေသာ္လည္း ကေလာ့ပ္ကို လီဗာပူးပိုင္ရွင္မ်ားအျပည့္အဝေထာက္ခံဆဲ

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာအန္ဖီးလ္ပရီးမီးယားလိဂ္ေျခာက္ပြဲဆက္တိုက္အရႈံးႏွင့္ရင္ဆိုင္ထားရေသာ္လည္းလီဗာပူးအသင္းပိုင္ရွင္မ်ားရဲ႕အျပည့္အဝေထာက္ခံမႈရရွိထားဆဲျဖစ္ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပဦးေဆာင္တဲ့လီဗာပူးဟာတနဂၤေႏြေန႔တုန္းကတန္းမဆင္းရေရးတိုက္ပြဲဝင္ေနတဲ့ဖူလ္ဟမ္အ သင္းကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးေနာက္ပရီးမီးယားလိဂ္တြင္အိမ္ကြင္းေျခာက္ပြဲဆက္တိုက္ရႈံးနိမ့္ထားပါတယ္။

လီဗာပူးဟာဖူလ္ဟမ္ရႈံးပြဲေၾကာင့္အမွတ္ေပးဇယားအဆင့္၈ေနရာသို႔ေရာက္လာခဲ့ၿပီးအဆင့္၄ေနရာမွလီဗာပူးႏွင့္ ရမွတ္၇မွတ္အထိကြာဟသြားခဲ့ပါတယ္။လက္ရွိအေနအထားေၾကာင့္လီဗာပူးဟာလာမယ့္ရာသီမွာခ်န္ပီယံလိဂ္ဝင္ ခြင့္ဆုံးရႈံးရႏိုင္တဲ့အေနအထားမွာရွိေနပါတယ္။

လီဗာပူးဟာဗုဒၶဟူးေန႔မွာဘူဒါပတ္စ္မွာလိုက္ဇစ္ႏွင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ကစားရပါမယ္။၎တို႔ဟာ ပထမအေက်ာ့တုန္းကလိုက္ဇစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိထားပါတယ္။၎တို႔အေနျဖင့္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရႈိဖို႔အ တြက္ခ်န္ပီယံလိဂ္ဖလားရယူဖို႔လိုအပ္ေနတဲ့အေနအထားမွာရွိေနပါတယ္။

ဒါေပမယ့္လည္းလီဗာပူးအသင္းပိုင္ရွင္ Fanway Sports Group ကလက္ရွိကလပ္ရဲ႕အေျခအေနမွာေခတၱမွ်သာ ျဖစ္ၿပီးကေလာ့ပ္အေပၚတြင္လည္းအျပည့္အဝယုံၾကည္ေနဆဲျဖစ္ပါတယ္။

အျခားတစ္ဖက္တြင္ကေလာ့ပ္ဟာလည္းေႏြရာသီတုန္းကကစားသမားေခၚယူအားျဖည့္မႈအျပည့္အဝမလုပ္ေပးမႈ အေပၚစိတ္ပ်က္ေနေၾကာင္းလည္းသိရပါတယ္။

လီဗာပူးပိုင္ရွင္မ်ားဟာခံစစ္ျပႆနာမ်ားႏွင့္ႀကဳံေနစဥ္အတြင္းေဘာ္လ္တန္ေနာက္ခံလူဘင္ဒါးဗီးကိုေပါင္၁.၆သန္း ျဖင့္လည္းေကာင္း၊ေရွာ္လ္ေကးေနာက္ခံလူအိုဇန္ခါဘစ္ကိုေပါင္၂၆.၅သန္းျဖင့္အငွားေခၚယူမယ့္အခ်က္ျဖင့္ ေခၚယူ ေပးခဲ့ပါတယ္။