အိမ်ကွင်းနှစ်ပွဲဆက်အရှုံးနှင့်ကြုံရပြီးနောက် လီဗာပူးမှာ စိတ်ပန်း လူပန်းဖြစ်နေကြောင်း ကလော့ပ်ဝန်ခံ

မနေ့ညတုန်းကဘရိုက်တန်ကို၁-၀ဂိုးဖြင့်အန်ဖီးလ်တွင်ရှုံးနိမ့်ပြီးနောက်လီဗာပူးမှာရုပ်ပိုင်း၊စိတ်ပိုင်းခြေကုန်လက် ပန်းကျနေကြောင်းလီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကဝန်ခံပြောကြားသွားခဲ့ပါတယ်။

ဘရိုက်တန်ဟာပွဲချိန်၅၆မိနစ်တွင်စတီဗင်အယ်ဇာတီသွင်းယူတဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်အန်ဖီးလ်တွင် လီဗာပူးအားအနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးဟာပြီးခဲ့တဲ့ဇန်နဝါရီလ၂၁ရက်နေ့တုန်းကဘန်လေကိုရှုံးနိမ့်ကာအိမ်ကွင်း၆၈ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရပ်တန့်သွားခဲ့ပြီးဖြစ်ကာယခုအခါဘရိုက်တန်ကိုရှုံးနိမ့်ပြီးနောက်ပရီးမီးယားလိဂ်တွင်အိမ်ကွင်းနှစ်ပွဲဆက်အရှုံးနှင့်ရင်ဆိုင် လာခဲ့ရပြီဖြစ်ပါတယ်။

ဒါ့အပြင်လီဗာပူးဟာနောက်ဆုံးအိမ်ကွင်းသုံးပွဲဆက်ဂိုးသွင်းနိုင်ခြင်းမရှိရာ၁၉၈၄ခုနှစ်၊အောက်တိုဘာလနောက်ပိုင်း တွင်ပထမဆုံးအကြိမ်အဖြစ်အိမ်ကွင်းလိဂ်ပွဲသုံးပွဲဆက်ဂိုးပေါက်ပျောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ယခုအခါလီဗာပူးဟာအန်ဖီးလ်မှာဂိုးပေါက်ပျောက်နေတာ၃၄၉မိနစ်အထိရှိနေပြီဖြစ်ပါတယ်။ကလော့ပ်ကလီဗာပူးမှာစိတ်ပန်း၊လူပန်းဖြစ်နေကြောင်းဆိုသွားပါတယ်။

ကလော့ပ်က “ကျွန်တော်တို့ပုံကစိတ်ရောကိုယ်ပန်းလန်းဆန်းမှုမရှိသလိုဖြစ်နေပါတယ်။ကျွန်တော်တို့ဘောလုံး အလွယ်တကူဆုံးရှုံးခဲ့ကြတယ်။ကောင်လေးတွေကြည့်ရတာစိတ်ပင်ပန်းနေပုံပေါက်ပါတယ်။သူတို့ဟာဘောလုံးကို A ကနေ B သို့အလွယ်တကူပို့နိုင်ကြသူတွေပါ။ဒါပေမယ့်မလုပ်နိုင်ခဲ့ကြဘူး။ဒီတော့ဘရိုက်တန်အတွက်ကစားရတာ ပိုလွယ်သွားစေပါတယ်။ဒါပေမယ့်သူတို့လည်းတကယ်ကောင်းခဲ့ကြတယ်။ဘရိုက်တန်အနိုင်နဲ့ထိုက်တန်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ကျွန်တော့်အတွက်အရေးအကြီးဆုံးကတော့ဘာကြောင့်ဒီပွဲရှုံးရသလဲဖြေရှင်းနိုင်ဖို့ ပါ။ဘာတွေဖြစ်ခဲ့သလဲသိဖို့ပါ။ယုံကြည်မှုပျောက်နေသလိုဖြစ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

လီဗာပူးဟာလာမယ့်တနင်္ဂနွေနေ့မှာအန်ဖီးလ်ကွင်းမှာမန်စီးတိးကိုဧည့်ခံကစားရပါမယ်။မန်စီးတီးဟာတစ်ပွဲလျှော့ကစားကာလီဗာပူးကိုရမှတ်၇မှတ်ဖြတ်ထားနိုင်ပါတယ်။ဒါကြောင့်လီဗာပူးအနေဖြင့်လာမယ့်တနင်္ဂနွေနေ့ပွဲစဉ်အနိုင်ရရှိရန်အလွန်အရေးပါနေပါတယ်။

ZawGyi

အိမ္ကြင္းႏွစ္ပြဲဆက္အရႈံးႏွင့္ႀကဳံရၿပီးေနာက္ လီဗာပူးမွာ စိတ္ပန္း လူပန္းျဖစ္ေနေၾကာင္း ကေလာ့ပ္ဝန္ခံ

မေန႔ညတုန္းကဘ႐ိုက္တန္ကို၁-၀ဂိုးျဖင့္အန္ဖီးလ္တြင္ရႈံးနိမ့္ၿပီးေနာက္လီဗာပူးမွာ႐ုပ္ပိုင္း၊စိတ္ပိုင္းေျခကုန္လက္ ပန္းက်ေနေၾကာင္းလီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကဝန္ခံေျပာၾကားသြားခဲ့ပါတယ္။

ဘ႐ိုက္တန္ဟာပြဲခ်ိန္၅၆မိနစ္တြင္စတီဗင္အယ္ဇာတီသြင္းယူတဲ့တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္အန္ဖီးလ္တြင္ လီဗာပူးအားအႏိုင္ရရွိခဲ့ပါတယ္။

လီဗာပူးဟာၿပီးခဲ့တဲ့ဇန္နဝါရီလ၂၁ရက္ေန႔တုန္းကဘန္ေလကိုရႈံးနိမ့္ကာအိမ္ကြင္း၆၈ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းရပ္တန႔္သြားခဲ့ၿပီးျဖစ္ကာယခုအခါဘ႐ိုက္တန္ကိုရႈံးနိမ့္ၿပီးေနာက္ပရီးမီးယားလိဂ္တြင္အိမ္ကြင္းႏွစ္ပြဲဆက္အရႈံးႏွင့္ရင္ဆိုင္ လာခဲ့ရၿပီျဖစ္ပါတယ္။

ဒါ့အျပင္လီဗာပူးဟာေနာက္ဆုံးအိမ္ကြင္းသုံးပြဲဆက္ဂိုးသြင္းႏိုင္ျခင္းမရွိရာ၁၉၈၄ခုႏွစ္၊ေအာက္တိုဘာလေနာက္ပိုင္း တြင္ပထမဆုံးအႀကိမ္အျဖစ္အိမ္ကြင္းလိဂ္ပြဲသုံးပြဲဆက္ဂိုးေပါက္ေပ်ာက္ခဲ့ျခင္းလည္းျဖစ္ပါတယ္။

ယခုအခါလီဗာပူးဟာအန္ဖီးလ္မွာဂိုးေပါက္ေပ်ာက္ေနတာ၃၄၉မိနစ္အထိရွိေနၿပီျဖစ္ပါတယ္။ကေလာ့ပ္ကလီဗာပူးမွာစိတ္ပန္း၊လူပန္းျဖစ္ေနေၾကာင္းဆိုသြားပါတယ္။

ကေလာ့ပ္က “ကြၽန္ေတာ္တို႔ပုံကစိတ္ေရာကိုယ္ပန္းလန္းဆန္းမႈမရွိသလိုျဖစ္ေနပါတယ္။ကြၽန္ေတာ္တို႔ေဘာလုံး အလြယ္တကူဆုံးရႈံးခဲ့ၾကတယ္။ေကာင္ေလးေတြၾကည့္ရတာစိတ္ပင္ပန္းေနပုံေပါက္ပါတယ္။သူတို႔ဟာေဘာလုံးကို A ကေန B သို႔အလြယ္တကူပို႔ႏိုင္ၾကသူေတြပါ။ဒါေပမယ့္မလုပ္ႏိုင္ခဲ့ၾကဘူး။ဒီေတာ့ဘ႐ိုက္တန္အတြက္ကစားရတာ ပိုလြယ္သြားေစပါတယ္။ဒါေပမယ့္သူတို႔လည္းတကယ္ေကာင္းခဲ့ၾကတယ္။ဘ႐ိုက္တန္အႏိုင္နဲ႔ထိုက္တန္တယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ကြၽန္ေတာ့္အတြက္အေရးအႀကီးဆုံးကေတာ့ဘာေၾကာင့္ဒီပြဲရႈံးရသလဲေျဖရွင္းႏိုင္ဖို႔ ပါ။ဘာေတြျဖစ္ခဲ့သလဲသိဖို႔ပါ။ယုံၾကည္မႈေပ်ာက္ေနသလိုျဖစ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လီဗာပူးဟာလာမယ့္တနဂၤေႏြေန႔မွာအန္ဖီးလ္ကြင္းမွာမန္စီးတိးကိုဧည့္ခံကစားရပါမယ္။မန္စီးတီးဟာတစ္ပြဲေလွ်ာ့ကစားကာလီဗာပူးကိုရမွတ္၇မွတ္ျဖတ္ထားႏိုင္ပါတယ္။ဒါေၾကာင့္လီဗာပူးအေနျဖင့္လာမယ့္တနဂၤေႏြေန႔ပြဲစဥ္အႏိုင္ရရွိရန္အလြန္အေရးပါေနပါတယ္။