အိမ်ခြံမြေရင်းနှီးမှု၊ စပွန်ဆာနှင့် ရုပ်ပုံလွှာအသုံးပြုခတို့မှ ပေါင် ၂၂ သန်းအထိရရှိလာခဲ့တဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်စိတ်ပျက်စရာကြုံခဲ့ရပေမဲ့လည်းကွင်းပြင်ပမှာတော့အောင်ပွဲတွေအလီလီရရှိနေပါတယ်။

အသက်၂၉နှစ်ရှိစပါးစ်နှင့်အင်္ဂလန်စတားဟာသူ့ရဲ့ကုမ္ပဏီတွေကနေငွေကြေးများစွာရရှိနေပါတယ်။

သူ့ရဲ့ကုမ္ပဏီများရဲ့ထုတ်ပြန်ချက်အရဟယ်ရီကိန်းဟာပေါင်၂၂သန်းအထိရရှိခဲ့ကြောင်းသိရပါတယ်။

ဟယ်ရီကိန်းရဲ့ရုပ်ပုံလွှာအသုံးပြုခွင့်နှင့်စပွန်ဆာစာချုပ်ကိစ္စများကိုကိုင်တွယ်ထားတဲ့HK28 Ltdဟာ Nike ၊ Marsအပါအဝင်စပွန်ဆာနှင့်ရုပ်ပုံလွှာအသုံးပြုခတို့မှပေါင်၉သန်းကျော်အထိရရှိခဲ့ပါတယ်။

ဒါ့အပြင်သူရင်းနှီးမြှပ်နှံထားတဲ့ Edward James Investments ဟာလည်းတန်ဖိုးပေါင်၁၃.၁သန်းအထိရှိလာခဲ့ပါတယ်။သူဟာယင်းကုမ္ပဏီမှာပေါင်၄.၃သန်းရင်းနှီးမြှပ်ခံခဲ့တာလည်းဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာအိမ်ခြံမြေကုမ္ပဏီကိုအစ်ကိုဖြစ်သူချာလီ၊မိဘများဖြစ်ကြတဲ့ကမ်နှင့်ပက်ထရစ်တို့နှင့်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ZawGyi

အိမ္ၿခံေျမရင္းႏွီးမႈ၊ စပြန္ဆာႏွင့္ ႐ုပ္ပုံလႊာအသုံးျပဳခတို႔မွ ေပါင္ ၂၂ သန္းအထိရရွိလာခဲ့တဲ့ ဟယ္ရီကိန္း

ဟယ္ရီကိန္းဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္စိတ္ပ်က္စရာႀကဳံခဲ့ရေပမဲ့လည္းကြင္းျပင္ပမွာေတာ့ေအာင္ပြဲေတြအလီလီရရွိေနပါတယ္။

အသက္၂၉ႏွစ္ရွိစပါးစ္ႏွင့္အဂၤလန္စတားဟာသူ႔ရဲ႕ကုမၸဏီေတြကေနေငြေၾကးမ်ားစြာရရွိေနပါတယ္။

သူ႔ရဲ႕ကုမၸဏီမ်ားရဲ႕ထုတ္ျပန္ခ်က္အရဟယ္ရီကိန္းဟာေပါင္၂၂သန္းအထိရရွိခဲ့ေၾကာင္းသိရပါတယ္။

ဟယ္ရီကိန္းရဲ႕႐ုပ္ပုံလႊာအသုံးျပဳခြင့္ႏွင့္စပြန္ဆာစာခ်ဳပ္ကိစၥမ်ားကိုကိုင္တြယ္ထားတဲ့HK28 Ltdဟာ Nike ၊ Marsအပါအဝင္စပြန္ဆာႏွင့္႐ုပ္ပုံလႊာအသုံးျပဳခတို႔မွေပါင္၉သန္းေက်ာ္အထိရရွိခဲ့ပါတယ္။

ဒါ့အျပင္သူရင္းႏွီးျမႇပ္ႏွံထားတဲ့ Edward James Investments ဟာလည္းတန္ဖိုးေပါင္၁၃.၁သန္းအထိရွိလာခဲ့ပါတယ္။သူဟာယင္းကုမၸဏီမွာေပါင္၄.၃သန္းရင္းႏွီးျမႇပ္ခံခဲ့တာလည္းျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာအိမ္ၿခံေျမကုမၸဏီကိုအစ္ကိုျဖစ္သူခ်ာလီ၊မိဘမ်ားျဖစ္ၾကတဲ့ကမ္ႏွင့္ပက္ထရစ္တို႔ႏွင့္လုပ္ေဆာင္ေနတာလည္းျဖစ္ပါတယ္။