အိမ်ထောင်မပြိုကွဲဖို့အတွက် ပိုင်ဆိုင်မှုအားလုံးကို ဇနီးသည်ကို လွဲပေးခဲ့ရတဲ့ အိုင်ကာဒီ

မော်ရိုအိုင်ကာဒီဟာအိမ်ထောင်မပြိုကွဲရေးအတွက်ဇနီးသည်ဝန်ဒါနာရာကိုစာချုပ်တစ်ခုတွင်လက်မှတ်ရေးထိုးပေးထားရကြောင်းသိရပါတယ်။အိုင်ကာဒီဟာသူပိုင်ဆိုင်သမျှအားလုံးကို၂၀၅၀ခုနှစ်အထိဝန်ဒါနာရာကိုလွဲပြောင်းပေးထားရတာလည်းဖြစ်ပါတယ်။

အိုင်ကာဒီဟာဇနီးသည်ရဲ့နောက်ကွယ်တွင်အာဂျင်တီးနားမော်ဒယ်နှင့်သရုပ်ဆောင်ချိုင်းနားဆွာရက်ဇ်နှင့်ဖောက်ပြန်နေကြောင်းသတင်းထွက်ပြီးနောက်ဇနီးသည်ဝန်ဒါနာရာနှင့်လမ်းခွဲရမယ့်ကိန်းဆိုက်ခဲ့ပါတယ်။

၎င်းတို့နှစ်ဦးဟာပြန်အဆင်ပြေလိုက်၊မပြေလိုက်မှုများနှင့်ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက်ယခုအခါအိုင်ကာဒီဘက်ကအကြီးအကျယ်ပေးဆပ်လာမှုနဲ့အတူအားလုံးအဆင်ပြေသွားပြီဖြစ်ပါတယ်။

TYC Sports ကအိုင်ကာဒီဟာသူ့ရဲ့စာချုပ်များ၊လက်ရှိနှင့်အနာဂတ်ပိုင်ဆိုင်မှုအကျိုးခံစားခွင့်အားလုံးကိုဝန်ဒါနာရာကိုလွဲပြောင်းပေးထားရကြောင်းသိရပါတယ်။ပြောရမယ်ဆိုရင်အိုင်ကာဒီဟာအသက်၅၇နှစ်အရွယ်အထိသူ့ပိုင်ဆိုင်မှုအားလုံးကိုဝန်ဒါနာရာကိုလွဲပေးထားရတာလည်းဖြစ်ပါတယ်။

ဒါကြောင့်ဝန်ဒါနာရာမှာ ၎င်းတို့နှစ်ဦးပူးတွဲတည်ထောင်ထားတဲ့ World Marketing Football ကုမ္ပဏီရဲ့အကြီးအကဲဖြစ်လာပြီး မီလန်ရှိ အထပ်မြင့်တိုက်၊ ကိုမိုရေကန်ရှိနေအိမ်အပါအဝင်အားလုံးကိုပိုင်ဆိုင်လာပြီဖြစ်ပါတယ်။

အိုင်ကာဒီနှင့်ဝန်ဒါနာရာတို့ဟာယခုအခါပြန်လည်အဆင်ပြေနေပြီဖြစ်ပြီးနိုင်ငံတကာပွဲကြောင့်လိဂ်ပွဲနားစဉ်အတွင်းဒူဘိုင်းသို့သွားရောက်အပန်းဖြေမှုပြုလုပ်နေကြပါတယ်။

ZawGyi

အိမ္ေထာင္မၿပိဳကြဲဖို႔အတြက္ ပိုင္ဆိုင္မႈအားလုံးကို ဇနီးသည္ကို လြဲေပးခဲ့ရတဲ့ အိုင္ကာဒီ

ေမာ္႐ိုအိုင္ကာဒီဟာအိမ္ေထာင္မၿပိဳကြဲေရးအတြက္ဇနီးသည္ဝန္ဒါနာရာကိုစာခ်ဳပ္တစ္ခုတြင္လက္မွတ္ေရးထိုးေပးထားရေၾကာင္းသိရပါတယ္။အိုင္ကာဒီဟာသူပိုင္ဆိုင္သမွ်အားလုံးကို၂၀၅၀ခုႏွစ္အထိဝန္ဒါနာရာကိုလြဲေျပာင္းေပးထားရတာလည္းျဖစ္ပါတယ္။

အိုင္ကာဒီဟာဇနီးသည္ရဲ႕ေနာက္ကြယ္တြင္အာဂ်င္တီးနားေမာ္ဒယ္ႏွင့္သ႐ုပ္ေဆာင္ခ်ိဳင္းနားဆြာရက္ဇ္ႏွင့္ေဖာက္ျပန္ေနေၾကာင္းသတင္းထြက္ၿပီးေနာက္ဇနီးသည္ဝန္ဒါနာရာႏွင့္လမ္းခြဲရမယ့္ကိန္းဆိုက္ခဲ့ပါတယ္။

၎တို႔ႏွစ္ဦးဟာျပန္အဆင္ေျပလိုက္၊မေျပလိုက္မႈမ်ားႏွင့္ရက္သတၱပတ္အနည္းငယ္ၾကာၿပီးေနာက္ယခုအခါအိုင္ကာဒီဘက္ကအႀကီးအက်ယ္ေပးဆပ္လာမႈနဲ႔အတူအားလုံးအဆင္ေျပသြားၿပီျဖစ္ပါတယ္။

TYC Sports ကအိုင္ကာဒီဟာသူ႔ရဲ႕စာခ်ဳပ္မ်ား၊လက္ရွိႏွင့္အနာဂတ္ပိုင္ဆိုင္မႈအက်ိဳးခံစားခြင့္အားလုံးကိုဝန္ဒါနာရာကိုလြဲေျပာင္းေပးထားရေၾကာင္းသိရပါတယ္။ေျပာရမယ္ဆိုရင္အိုင္ကာဒီဟာအသက္၅၇ႏွစ္အ႐ြယ္အထိသူ႔ပိုင္ဆိုင္မႈအားလုံးကိုဝန္ဒါနာရာကိုလြဲေပးထားရတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ဝန္ဒါနာရာမွာ ၎တို႔ႏွစ္ဦးပူးတြဲတည္ေထာင္ထားတဲ့ World Marketing Football ကုမၸဏီရဲ႕အႀကီးအကဲျဖစ္လာၿပီး မီလန္ရွိ အထပ္ျမင့္တိုက္၊ ကိုမိုေရကန္ရွိေနအိမ္အပါအဝင္အားလုံးကိုပိုင္ဆိုင္လာၿပီျဖစ္ပါတယ္။

အိုင္ကာဒီႏွင့္ဝန္ဒါနာရာတို႔ဟာယခုအခါျပန္လည္အဆင္ေျပေနၿပီျဖစ္ၿပီးႏိုင္ငံတကာပြဲေၾကာင့္လိဂ္ပြဲနားစဥ္အတြင္းဒူဘိုင္းသို႔သြားေရာက္အပန္းေျဖမႈျပဳလုပ္ေနၾကပါတယ္။