အိမ်ဖော်ဖိလစ်ပိုင်သူရဲ့သားကို နှလုံးခွဲစိတ်ကုသပေးတဲ့အပြင် အိမ်တစ်လုံးဝယ်ပေးခဲ့တဲ့ မေတ္တာရှင်တူချယ်

ချဲလ်ဆီးနည်းပြဟောင်းသောမတ်စ်တူချယ်ဟာအိမ်ဖော်အဖြစ်အလုပ်လုပ်နေတဲ့ဖိလစ်ပိုင်သူအတွက်အိမ်တစ်လုံးဝယ်ပေးခဲ့တဲ့အပြင် သားဖြစ်သူရဲ့နှလုံးခွဲစိတ်ကုသမှုစရိတ်ကိုလည်း ကူညီလှူဒါန်းပေးခဲ့ကြောင်းသိရပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာပီအက်စ်ဂျီတွင်တာဝန်ထမ်းဆောင်နေတုန်းက အိမ်ဖော်အဖြစ်အလုပ်လုပ်နေသူ ဖိလစ်ပိုင်သူမှာသားဖြစ်သူရဲ့ဆေးကုသမှုစရိတ်ပေးနိုင်ရန်အတွက် အချိန်ပိုဆင်းအလုပ်လုပ်နေမှုကိုသိရပြီးနောက် အိတ်စိုက်ငွေထုတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

အသက်၄၈နှစ်ရှိသောမတ်စ်တူချယ်ဟာပြင်သစ်ထိပ်သီးကလပ်ကိုနှစ်ရာသီကြာကိုင်တွယ်ခဲ့ပြီးပဲရစ်ရှိ Haut-de-Seine ခရိုင်တွင်နေထိုင်ခဲ့ပါတယ်။

တူချယ်နှင့်ဇနီးသည်ဆစ်စီ(ဇနီးဟောင်း)တို့ဟာဒေါ့မွန်ကနေ ပီအက်စ်ဂျီသို့ရောက်လာပြီးနောက်ချက်ချင်းပင် ဖိလစ်ပိုင်သူအိမ်ဖော်တစ်ဦးကိုငှားရမ်းခဲ့ပါတယ်။

အဆိုပါအိမ်ဖော်အမျိုးသမီးဟာအလုပ်အလွန်ကြိုးစားလုပ်ဆောင်တဲ့အပြင် တူချယ်မိသားစုခိုင်းသမျှမညည်းမညူလုပ်ဆောင်ပေးပါတယ်။

နောက်ဆုံးတွင်ချဲလ်ဆီးနည်းပြဟောင်းဟာယင်းအမျိုးသမီးမှာ အလုပ်အလွန်ကြိုးစားလုပ်ဆောင်နေရခြင်းမှာသားဖြစ်သူ နှလုံးခွဲစိတ်ကုသမှုခံယူရန် ငွေကြေးလိုအပ်နေခြင်းကြောင့်ဆိုတာသိရှိသွားခဲ့ပါတယ်။

ချက်ချင်းပင်ဂျာမန်လူမျိုးနည်းပြဟာအိမ်ဖော်အမျိုးသမီးရဲ့ကလေး ဆေးကုသမှုစရိတ်အပြည့်အစုံကိုထောက်ပံ့မှုပြုလုပ်ခဲ့ပါတယ်။တူချယ်ရဲ့အကူအညီကြောင့်ကလေးဟာလည်းယခုအခါကျန်းမာရေးကောင်းမွန်စွာနေထိုင်နိုင်ခဲ့ပါတယ်။

တူချယ်ရဲ့မေတ္တာစေတနာဟာထိုမျှနဲ့မရပ်သွားသေးပါဘူး။

သူဟာဖိလစ်ပိုင်အမျိုးသမီးနှင့်စကားပြောဆိုရာတွင်သူမရဲ့အိပ်မက်ကိုသိရှိသွားပြီးနောက် ဖိလစ်ပိုင်တွင်အိမ်တစ်လုံးဝယ်ယူနိုင်ရန်ငွေထုတ်ပေးခဲ့ပါတယ်။သူမကအိမ်ဖော်အလုပ်မှအနားယူကာဖိလစ်ပိုင်သို့ပြန်ပြီးအိမ်တစ်လုံးဝယ်ကာငြိမ်းချမ်းစွာနေထိုင်ချင်တဲ့သူမရဲ့အိပ်မက်ကိုပြောကြားခဲ့တာပါ။

တူချယ်ဟာဖိလစ်ပိုင်အိမ်စေကိုဘဝအိပ်မက်ဖြစ်မြောက်လာအောင်ကူညီပေးခဲ့ပြီးနောက် အနည်းငယ်အကြာမှာဘဲပီအက်စ်ဂျီနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့်တူချယ်ဟာသူပြုတဲ့ကုသိုလ်ကံကြောင့် ချက်ချင်းပင် ချဲလ်ဆီးနည်းပြရာထူးကို ရရှိခဲ့ပြီးပထမဆုံးကိုင်တွယ်တဲ့ရာသီမှာဘဲချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်မှုရယူနိုင်ခဲ့ပါတယ်။

တူချယ်ဟာယခုရာသီအစပိုင်းမှာတော့ရလဒ်မကောင်းမှုနှင့်အတူချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။သူဟာချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်ကလပ်များရဲ့ကမ်းလှမ်းမှုရပေမဲ့လက်မခံခဲ့ပါဘူး။ဒါပေမဲ့သူဟာလက်ရွေးစင်အသင်းကိုကိုင်တွယ်ဖို့တော့တံခါးဖွင့်ပေးထားပါတယ်။

ZawGyi

အိမ္ေဖာ္ဖိလစ္ပိုင္သူရဲ႕သားကို ႏွလုံးခြဲစိတ္ကုသေပးတဲ့အျပင္ အိမ္တစ္လုံးဝယ္ေပးခဲ့တဲ့ ေမတၱာရွင္တူခ်ယ္

ခ်ဲလ္ဆီးနည္းျပေဟာင္းေသာမတ္စ္တူခ်ယ္ဟာအိမ္ေဖာ္အျဖစ္အလုပ္လုပ္ေနတဲ့ဖိလစ္ပိုင္သူအတြက္အိမ္တစ္လုံးဝယ္ေပးခဲ့တဲ့အျပင္ သားျဖစ္သူရဲ႕ႏွလုံးခြဲစိတ္ကုသမႈစရိတ္ကိုလည္း ကူညီလႉဒါန္းေပးခဲ့ေၾကာင္းသိရပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပဟာပီအက္စ္ဂ်ီတြင္တာဝန္ထမ္းေဆာင္ေနတုန္းက အိမ္ေဖာ္အျဖစ္အလုပ္လုပ္ေနသူ ဖိလစ္ပိုင္သူမွာသားျဖစ္သူရဲ႕ေဆးကုသမႈစရိတ္ေပးႏိုင္ရန္အတြက္ အခ်ိန္ပိုဆင္းအလုပ္လုပ္ေနမႈကိုသိရၿပီးေနာက္ အိတ္စိုက္ေငြထုတ္ေပးခဲ့တာလည္းျဖစ္ပါတယ္။

အသက္၄၈ႏွစ္ရွိေသာမတ္စ္တူခ်ယ္ဟာျပင္သစ္ထိပ္သီးကလပ္ကိုႏွစ္ရာသီၾကာကိုင္တြယ္ခဲ့ၿပီးပဲရစ္ရွိ Haut-de-Seine ခ႐ိုင္တြင္ေနထိုင္ခဲ့ပါတယ္။

တူခ်ယ္ႏွင့္ဇနီးသည္ဆစ္စီ(ဇနီးေဟာင္း)တို႔ဟာေဒါ့မြန္ကေန ပီအက္စ္ဂ်ီသို႔ေရာက္လာၿပီးေနာက္ခ်က္ခ်င္းပင္ ဖိလစ္ပိုင္သူအိမ္ေဖာ္တစ္ဦးကိုငွားရမ္းခဲ့ပါတယ္။

အဆိုပါအိမ္ေဖာ္အမ်ိဳးသမီးဟာအလုပ္အလြန္ႀကိဳးစားလုပ္ေဆာင္တဲ့အျပင္ တူခ်ယ္မိသားစုခိုင္းသမွ်မညည္းမညဴလုပ္ေဆာင္ေပးပါတယ္။

ေနာက္ဆုံးတြင္ခ်ဲလ္ဆီးနည္းျပေဟာင္းဟာယင္းအမ်ိဳးသမီးမွာ အလုပ္အလြန္ႀကိဳးစားလုပ္ေဆာင္ေနရျခင္းမွာသားျဖစ္သူ ႏွလုံးခြဲစိတ္ကုသမႈခံယူရန္ ေငြေၾကးလိုအပ္ေနျခင္းေၾကာင့္ဆိုတာသိရွိသြားခဲ့ပါတယ္။

ခ်က္ခ်င္းပင္ဂ်ာမန္လူမ်ိဳးနည္းျပဟာအိမ္ေဖာ္အမ်ိဳးသမီးရဲ႕ကေလး ေဆးကုသမႈစရိတ္အျပည့္အစုံကိုေထာက္ပံ့မႈျပဳလုပ္ခဲ့ပါတယ္။တူခ်ယ္ရဲ႕အကူအညီေၾကာင့္ကေလးဟာလည္းယခုအခါက်န္းမာေရးေကာင္းမြန္စြာေနထိုင္ႏိုင္ခဲ့ပါတယ္။

တူခ်ယ္ရဲ႕ေမတၱာေစတနာဟာထိုမွ်နဲ႔မရပ္သြားေသးပါဘူး။

သူဟာဖိလစ္ပိုင္အမ်ိဳးသမီးႏွင့္စကားေျပာဆိုရာတြင္သူမရဲ႕အိပ္မက္ကိုသိရွိသြားၿပီးေနာက္ ဖိလစ္ပိုင္တြင္အိမ္တစ္လုံးဝယ္ယူႏိုင္ရန္ေငြထုတ္ေပးခဲ့ပါတယ္။သူမကအိမ္ေဖာ္အလုပ္မွအနားယူကာဖိလစ္ပိုင္သို႔ျပန္ၿပီးအိမ္တစ္လုံးဝယ္ကာၿငိမ္းခ်မ္းသာေနထိုင္ခ်င္တဲ့သူမရဲ႕အိပ္မက္ကိုေျပာၾကားခဲ့တာပါ။

တူခ်ယ္ဟာဖိလစ္ပိုင္အိမ္ေစကိုဘဝအိပ္မက္ျဖစ္ေျမာက္လာေအာင္ကူညီေပးခဲ့ၿပီးေနာက္ အနည္းငယ္အၾကာမွာဘဲပီအက္စ္ဂ်ီနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္တူခ်ယ္ဟာသူျပဳတဲ့ကုသိုလ္ကံေၾကာင့္ ခ်က္ခ်င္းပင္ ခ်ဲလ္ဆီးနည္းျပရာထူးကို ရရွိခဲ့ၿပီးပထမဆုံးကိုင္တြယ္တဲ့ရာသီမွာဘဲခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္တဲ့အထိ ေအာင္ျမင္မႈရယူႏိုင္ခဲ့ပါတယ္။

တူခ်ယ္ဟာယခုရာသီအစပိုင္းမွာေတာ့ရလဒ္မေကာင္းမႈႏွင့္အတူခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။သူဟာခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္ကလပ္မ်ားရဲ႕ကမ္းလွမ္းမႈရေပမဲ့လက္မခံခဲ့ပါဘူး။ဒါေပမဲ့သူဟာလက္ေ႐ြးစင္အသင္းကိုကိုင္တြယ္ဖို႔ေတာ့တံခါးဖြင့္ေပးထားပါတယ္။