အိမ်မှာမွေးထားတဲ့ ခွေးကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည်ခွင့်ရတော့မှာ မဟုတ်တော့တဲ့ လီဗာပူးပရိသတ်

လီဗာပူးပရိသတ်တစ်ဦးအတွက်ဆိုးရွားတဲ့အိပ်မက်ဆိုးရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။သူမအိမ်တွင်မွေးထားတဲ့ခွေးကသူမရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုစုတ်ပြတ်သတ်သွားအောင်ဖျက်ဆီးလိုက်ပြီဖြစ်ပါတယ်။

လီဗာပူးဟာလာမယ့်အပတ်မှာပဲရစ်သို့သွားရောက်ကာရီးရဲလ်မက်ဒရစ်နှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရပါမယ်။

ကလော့ပ်ရဲ့လီဗာပူးဟာခါရာဘောင်ဖလားနှင့်အက်ဖ်အေဖလားဆွတ်ခူးထားပြီးဖြစ်ကာယနေ့ညတွင်လည်းပရီးမီးယားလိဂ်ဖလားကိုင်မြှောက်နိုင်မယ့်အခြေအနေရှိနေပါတယ်။၎င်းတို့ဟာလာမယ့်အပတ်မှာသူတို့ရဲ့ယခုရာသီတတိယမြောက်ဖလား(သို့မဟုတ်)စတုတ္ထမြောက်ဖလားကိုကိုင်မြှောက်နိုင်မယ့်အခွင့်အရေးရှိနေပါတယ်။

လီဗာပူးပရိသတ်များဟာလာမယ့်အပတ်ပဲရစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့သွားရောက်ဖို့အားခဲနေကြပါတယ်။

ဒါပေမဲ့လီဗာပူးပရိသတ်တစ်ဦးကတော့သူမရဲ့ခွေးကချန်ပီယံလိဂ်ဗိုလ်လုပွဲလက်မှတ်ကိုဖျက်ဆီးလိုက်မှုနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်ကြည့်ရှုနိုင်တော့မှာမဟုတ်ပါဘူး။

သူမဟာတွစ်တာတွင် တစစီစုတ်ပြဲနေတဲ့ချန်ပီယံလိဂ်လက်မှတ်ကို ဓာတ်ပုံရိုက်ကူးပြီး ‘ဘယ်သူများ ခွေးလိုချင်သလဲ’ဆိုပြီးရေးကာအွန်လိုင်းတွင်တင်သွားပါတယ်။

ZawGyi

အိမ္မွာေမြးထားတဲ့ ေခြးေၾကာင့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲၾကည္ခြင့္ရေတာ့မွာ မဟုတ္ေတာ့တဲ့ လီဗာပူးပရိသတ္

လီဗာပူးပရိသတ္တစ္ဦးအတြက္ဆိုး႐ြားတဲ့အိပ္မက္ဆိုးေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။သူမအိမ္တြင္ေမြးထားတဲ့ေခြးကသူမရဲ႕ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုစုတ္ျပတ္သတ္သြားေအာင္ဖ်က္ဆီးလိုက္ၿပီျဖစ္ပါတယ္။

လီဗာပူးဟာလာမယ့္အပတ္မွာပဲရစ္သို႔သြားေရာက္ကာရီးရဲလ္မက္ဒရစ္ႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကစားရပါမယ္။

ကေလာ့ပ္ရဲ႕လီဗာပူးဟာခါရာေဘာင္ဖလားႏွင့္အက္ဖ္ေအဖလားဆြတ္ခူးထားၿပီးျဖစ္ကာယေန႔ညတြင္လည္းပရီးမီးယားလိဂ္ဖလားကိုင္ေျမႇာက္ႏိုင္မယ့္အေျခအေနရွိေနပါတယ္။၎တို႔ဟာလာမယ့္အပတ္မွာသူတို႔ရဲ႕ယခုရာသီတတိယေျမာက္ဖလား(သို႔မဟုတ္)စတုတၳေျမာက္ဖလားကိုကိုင္ေျမႇာက္ႏိုင္မယ့္အခြင့္အေရးရွိေနပါတယ္။

လီဗာပူးပရိသတ္မ်ားဟာလာမယ့္အပတ္ပဲရစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔သြားေရာက္ဖို႔အားခဲေနၾကပါတယ္။

ဒါေပမဲ့လီဗာပူးပရိသတ္တစ္ဦးကေတာ့သူမရဲ႕ေခြးကခ်န္ပီယံလိဂ္ဗိုလ္လုပြဲလက္မွတ္ကိုဖ်က္ဆီးလိုက္မႈနဲ႔အတူ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔တက္ေရာက္ၾကည့္ရႈႏိုင္ေတာ့မွာမဟုတ္ပါဘူး။

သူမဟာတြစ္တာတြင္ တစစီစုတ္ၿပဲေနတဲ့ခ်န္ပီယံလိဂ္လက္မွတ္ကို ဓာတ္ပုံ႐ိုက္ကူးၿပီး ‘ဘယ္သူမ်ား ေခြးလိုခ်င္သလဲ’ဆိုၿပီးေရးကာအြန္လိုင္းတြင္တင္သြားပါတယ္။