အိမ်ရှင်ကာတာနှင့်ပွဲတွင် အီကွေဒေါရဲ့ဂိုးကို အငြင်းပွားဖွယ် ဆုံးဖြတ်ခဲ့တဲ့ VAR ဝေဖန်ခြင်းခံနေရ

ဘောလုံးပရိသတ်များဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲတွင်အိမ်ရှင်ကာတာနှင့်အီကွေဒေါတို့ပွဲစဉ်မှပထမဆုံး VAR ရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အပေါ်ဝေဖန်လျက်ရှိကြပါတယ်။

အိမ်ရှင်ကာတာနှင့်အဖွင့်ပွဲစဉ်ရဲ့ပွဲအစ၃မိနစ်တွင်ပင်အီကွေဒေါဟာကာတာကွင်းလယ်တစ်ဝက်ခန့်တွင်ဖရီးကစ်ရရှိခဲ့ပါတယ်။

ယင်းဖရီးကစ်ကန်ချက်မှတဆင့်အန်နာဗလင်စီယာက၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ပထမဆုံးဂိုးကိုခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့VAR ကအချိန်အတန်ကြာယူကာစစ်ဆေးမှုပြုလုပ်ပြီးနောက်ယင်းဂိုးကိုလူကျွံဘောအဖြစ်သတ်မှတ်ကာခွင့်မပြုခဲ့ပါဘူး။ဒါပေမဲ့အနှေးပြကွက်များအရမည်သည့်အီကွေဒေါကစားသမားမျှလူကျွံခြင်းရှိမနေတာတွေ့ရပါတယ်။

ဒါကြောင့်လည်းဘောလုံးပရိသတ်များဟာVAR ရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်လျက်ရှိကြပါတယ်။

ပရိသတ်တစ်ဦးက “ဘယ်လိုများလူကျွံတာလဲ။ရှင်းပြကြပါဦး”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “ဘုရားသခင်ရေ။ဒါကိုလည်းလူကျွံတယ်ဆိုရင်ဘောလုံးပွဲဆက်ကြည့်စရာအကြောင်းတောင်မရှိတော့ဘူး”လို့ဆိုသွားပါတယ်။

ဒါပေမဲ့လည်းအီကွေဒေါဟာအသင်းခေါင်းဆောင်ဗလန်စီယာရဲ့သွင်းဂိုး၂ဂိုးကြောင့်ကာတာကို၂-၀ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။

အိမ်ရှင်ကာတာအသင်းဟာလည်းကမ္ဘာ့ဖလားအဖွင့်ပွဲတွင်ရှုံးပွဲကြုံတွေ့ခဲ့တဲ့ ပထမဆုံးကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ဖြစ်လာခဲ့ပါတယ်။မနေ့ညကပွဲစဉ်တွင်ကာတာပရိသတ်များဟာဒုတိယပိုင်းအတွင်းတွင်ပင်ကွင်းအပြင်သို့ထွက်ခွာသွားမှုနဲ့အတူကွင်းတွင်နေရာလွတ်များစွာဖြစ်နေခဲ့တာတွေ့ရပါတယ်။

ZawGyi

အိမ္ရွင္ကာတာႏွင့္ပြဲတြင္ အီေကြေဒါရဲ႕ဂိုးကို အျငင္းပြားဖြယ္ ဆုံးျဖတ္ခဲ့တဲ့ VAR ေဝဖန္ျခင္းခံေနရ

ေဘာလုံးပရိသတ္မ်ားဟာ ကမာၻ႔ဖလားအဖြင့္ပြဲတြင္အိမ္ရွင္ကာတာႏွင့္အီေကြေဒါတို႔ပြဲစဥ္မွပထမဆုံး VAR ရဲ႕အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္အေပၚေဝဖန္လ်က္ရွိၾကပါတယ္။

အိမ္ရွင္ကာတာႏွင့္အဖြင့္ပြဲစဥ္ရဲ႕ပြဲအစ၃မိနစ္တြင္ပင္အီေကြေဒါဟာကာတာကြင္းလယ္တစ္ဝက္ခန႔္တြင္ဖရီးကစ္ရရွိခဲ့ပါတယ္။

ယင္းဖရီးကစ္ကန္ခ်က္မွတဆင့္အန္နာဗလင္စီယာက၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ပထမဆုံးဂိုးကိုေခါင္းတိုက္သြင္းယူခဲ့ပါတယ္။

ဒါေပမဲ့VAR ကအခ်ိန္အတန္ၾကာယူကာစစ္ေဆးမႈျပဳလုပ္ၿပီးေနာက္ယင္းဂိုးကိုလူကြၽံေဘာအျဖစ္သတ္မွတ္ကာခြင့္မျပဳခဲ့ပါဘူး။ဒါေပမဲ့အေႏွးျပကြက္မ်ားအရမည္သည့္အီေကြေဒါကစားသမားမွ်လူကြၽံျခင္းရွိမေနတာေတြ႕ရပါတယ္။

ဒါေၾကာင့္လည္းေဘာလုံးပရိသတ္မ်ားဟာVAR ရဲ႕အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီးေမးခြန္းထုတ္လ်က္ရွိၾကပါတယ္။

ပရိသတ္တစ္ဦးက “ဘယ္လိုမ်ားလူကြၽံတာလဲ။ရွင္းျပၾကပါဦး”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “ဘုရားသခင္ေရ။ဒါကိုလည္းလူကြၽံတယ္ဆိုရင္ေဘာလုံးပြဲဆက္ၾကည့္စရာအေၾကာင္းေတာင္မရွိေတာ့ဘူး”လို႔ဆိုသြားပါတယ္။

ဒါေပမဲ့လည္းအီေကြေဒါဟာအသင္းေခါင္းေဆာင္ဗလန္စီယာရဲ႕သြင္းဂိုး၂ဂိုးေၾကာင့္ကာတာကို၂-၀ဂိုးျဖင့္အႏိုင္ယူႏိုင္ခဲ့ပါတယ္။

အိမ္ရွင္ကာတာအသင္းဟာလည္းကမာၻ႔ဖလားအဖြင့္ပြဲတြင္ရႈံးပြဲႀကဳံေတြ႕ခဲ့တဲ့ ပထမဆုံးကမာၻ႔ဖလားအိမ္ရွင္အျဖစ္ျဖစ္လာခဲ့ပါတယ္။မေန႔ညကပြဲစဥ္တြင္ကာတာပရိသတ္မ်ားဟာဒုတိယပိုင္းအတြင္းတြင္ပင္ကြင္းအျပင္သို႔ထြက္ခြာသြားမႈနဲ႔အတူကြင္းတြင္ေနရာလြတ္မ်ားစြာျဖစ္ေနခဲ့တာေတြ႕ရပါတယ္။