အိမ်သို့ ဖိတ်ကြားလိုက်တဲ့အမျိုးသမီးတစ်ဦးကို ဒချိပြီးနောက် ဇနီးသည်ရဲ့စွန့်ပစ်မှုခံလာရတဲ့ ဟာကီမီ

ပီအက်စ်ဂျီစတားဟာကီမီဟာဗလက္ကာယမှုဖြင့်စွဲချက်တင်ခြင်းခံခဲ့ရပြီးနောက်ဇနီးသည်ရဲ့စွန့်ပစ်ခြင်းခံလာခဲ့ရကြောင်းသိရပါတယ်။

ပြင်သစ်စုံစမ်းစစ်ရေးအဖွဲ့ကအသက်၂၄နှစ်ရှိမော်ရိုကိုကမ္ဘာ့ဖလားသူရဲကောင်းကိုဗလက္ကာယမှုဖြင့်စွဲချက်တင်လိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေညာထားပါတယ်။

ဟာကီမီဟာဇနီးသည်နှင့်သားနှစ်ဦးတို့ဒူဘိုင်းသို့အလည်အပတ်ခရီးသွားနေစဉ်အတွင်းအင်စတာဂရမ်တွင်ဆုံတွေ့တဲ့အမျိုးသမီးတစ်ဦးကိုနေအိမ်သို့ဖိတ်ကြားပြီးနောက်ဗလက္ကာယပြုကျင့်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီစတားဟာအသက်၂၄နှစ်အရွယ်ရှိအမျိုးသမီးကို Uber ငှားရမ်းပြီးနေအိမ်သို့လာရောက်စေပြီးနောက်အတင်းနမ်းကာအဝတ်အစားကိုအတင်းချွတ်ခဲ့ပါတယ်။

ယင်းအမျိုးသမီးဟာဟာကီမီကိုကန်ကျောက်ပြီးရုန်းထွက်ပြီးနောက်သူငယ်ချင်းတစ်ဦးကို အကူအညီတောင်းကာကားဖြင့်လာရောက်ခေါ်စေခဲ့ပါတယ်။

သူမဟာအထက်ပါအဖြစ်အပျက်ကိုရဲစခန်းသို့သွားရောက်အကြောင်းကြားခဲ့ပြီးအမှုဖွင့်ခဲ့ခြင်းတော့မရှိပါဘူး။

စပိန်မီဒီယာများရဲ့ဖော်ပြချက်အရအသက်၃၆နှစ်ရှိစပိန်မင်းသမီးဟီဘာဟာလွန်ခဲ့တဲ့ရက်သတ္တပတ်များကတည်းကဟာကီမီနှင့်လမ်းခွဲခဲ့တာဖြစ်ကြောင်းသိရပါတယ်။၎င်းတို့နှစ်ဦးကိုအတူမတွေ့ရတာလည်းလအတန်ကြာမြင့်ပြီဖြစ်ပါတယ်။

ယခုကဲ့သို့ဗလက္ကာယမှုဖြစ်လာချိန်တွင်သူမကလမ်းခွဲလိုက်တာအားလုံးအတွက်အကောင်းဆုံးလို့ယုံကြည်ကာ ဟာကီမီကိုစွန့်ပစ်လိုက်ပြီဖြစ်ကြောင်း Cierre Digital ကဖော်ပြလာပါတယ်။

လက်ရှိအချိန်တွင်ဟီဘာဟာဟာကီမီနှင့်ပတ်သက်ပြီးလူသိရှင်ကြားပြောဆိုတာမျိုးမရှိသေးပေမဲ့လည်းအင်စတာဂရမ်တွင်ဒူဘိုင်းကမ်းခြေမှာသားနှစ်ဦးနှင့်အတူလမ်းလျှောက်နေတဲ့ဓာတ်ပုံကိုတင်ထားပါတယ်။

သူမဟာယင်းဓာတ်ပုံတွင် “Adding moments”၊”family first” နှင့် “I’d die for mine” လို့အဓိပ္ပါယ်ရတဲ့စာသားတို့ကိုhashtagsလုပ်ထားပါတယ်။

မက်ဒရစ်ဖွားဟာကီမီဟာမော်ရိုကိုအတွက်ကစားနေသူဖြစ်ပြီး၎င်းတို့စုံတွဲဟာ မော်ရိုကိုရဲ့ဒေးဗစ်ဘက်ဟမ်းစုံတွဲအဖြစ်နာမည်ကြီးသူများလည်းဖြစ်ပါတယ်။

သူဟာဒေါ့မွန်တွင်ကစားနေစဉ်စပိန်ရုပ်ရှင်မင်းသမီးဟီဘာနှင့်တွေ့ဆုံပြီးနောက်၂၀၁၀ခုနှစ်တွင်လျို့ဝှက်လက်ထပ်ခဲ့ကြပါတယ်။၎င်းတို့ဟာယင်းနှစ်တွင်ပင်ပထမသားဦးရရှိခဲ့ပြီး၂နှစ်အကြာတွင်ဒုတိယသားရရှိခဲ့ပါတယ်။