အင်္ဂလန်ကွင်းလယ်ကစားသမားဒက်လန်းရိုက်စ်ဟာအင်္ဂလန်သို့အပြန်တွင်ကမ္ဘာ့ဖလားသယ်ဆောင်ရန်အတွက်ကာတာသို့အိတ်အလွတ်တစ်လုံးယူဆောင်လာပါတယ်။
အသက်၂၃နှစ်ရှိဒက်လန်းရိုက်စ်ဟာယခုရာသီတွင်လည်းဝက်စ်ဟမ်းနှင့်အတူခြေစွမ်းပြနိုင်မှုနဲ့အတူ ဆောက်ဂိတ်ရဲ့အင်္ဂလန်လူစာရင်းတွင်ထပ်မံပါဝင်လာခဲ့ပါတယ်။
သူဟာအင်္ဂလန်အသင်းနှင့်ပူးပေါင်းရန်စိန့်ဂျော့ပါ့ခ်သို့သွားစဉ်ကတည်းက ကမ္ဘာ့ဖလားထည့်ရန်အတွက်အိတ်လွတ်တစ်လုံးယူဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။
တနင်္လာနေ့တုန်းကစိန့်ဂျော့ပါ့ခ်သို့ရောက်လာစဉ်ဒက်လန်းရိုက်စ်ကကားဒရိုင်ဘာအား “ဒီတစ်ခုမှာဘာမှမပါဘူး။အပိုအနေနဲ့ယူလာတာ။အိမ်အပြန်မှာဒီအိတ်ထဲမှာဆုဖလားသယ်ဆောင်လာနိုင်ဖို့မျှော်လင့်ထားတယ်”လို့ပြောကြားခဲ့ပါတယ်။
အသက်၂၃နှစ်ရှိဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာလာမယ့်တနင်္လာနေ့ အီရန်နှင့်ပွဲစဉ်တွင်အင်္ဂလန်အတွက်၃၄ပွဲမြောက်ပွဲအဖြစ်ပါဝင်ကစားလာပါမယ်။
အင်္ဂလန်အသင်းဟာကာတာတွင်ကြယ်ငါးပွင့်အဆင့်ရှိ Souq Al Wakra Hotel တွင်အခြေခိုက်နေထိုင်ကာကမ္ဘာ့ဖလားအတွက်ကြိုတင်လေ့ကျင့်ခန်းဆင်းမှုများပြုလုပ်နေပြီဖြစ်ပါတယ်။
ZawGyi
အိမ်အပြန်တွင် ကမ္ဘာ့ဖလားသယ်လာရန် ကာတာသို့ အိတ်လွတ်တစ်လုံး ယူဆောင်လာခဲ့တဲ့ ဒက်လန်းရိုက်စ်