အိုက်စလန်တွင် ဟိုတယ်အခန်းသို့ ဆော်ခေါ်မှုကြောင့် အိမ်ပို့ခံရပြီးနောက် အင်္ဂလန်မှာပြန်ပါလာတော့မယ့် ဂရင်းဝုဒ်

မန်ယူစတားမေဆင်ဂရင်းဝုဒ်ဟာအိုက်စလန်တွင်အိမ်ပြန်ပို့ခံရပြီးနောက်ပထမဆုံးအကြိမ်အဖြစ်အင်္ဂလန်အသင်းတွင်ပြန်လည်ရွေးချယ်ခံရဖို့ရှိနေကြောင်းသိရပါတယ်။

မေဆင်ဂရင်းဝုဒ်နှင့်ဖီးလ်ဖိုဒန်တို့ဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုန်းကအိုက်စလန်သို့နိုင်ငံတကာပွဲကစားရန်ရောက်နေစဉ်ကိုဗစ်စည်းမျဉ်းကိုချိုးဖောက်ကာအသင်းတည်းခိုရာဟိုတယ်သို့အိုက်စလန်သူများကိုခေါ်ယူခဲ့မှုကြောင့်အင်္ဂလန်သို့ပြန်ပို့ခံခဲ့ရသူများလည်းဖြစ်ပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့သူဟာလာမယ့်လမှာကစားမယ့်အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းတွင်ရွေးချယ်ခြင်းခံရဖို့ရှိနေကြောင်းသိရပါတယ်။

အင်္ဂလန်ဟာလာမယ့်လအစောပိုင်းမှာဟန်ဂေရီ၊အန်ဒိုရာ၊ပိုလန်တို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်ရှိနေပါတယ်။

ဂရင်းဝုဒ်ဟာအင်္ဂလန်ရဲ့ယူရို၂၀၂၀ပမာဏ ၃၃ဦးစာရင်းတွင်ပါဝင်ခဲ့ပေမယ့်လည်းဒဏ်ရာပြဿနာကြောင့်နုတ်ထွက်ခဲ့ရပါတယ်။

ဒါကြောင့်လည်းသူဟာအိုင်စလန်ဖြစ်ရပ်နောက်ပိုင်းတွင်အင်္ဂလန်အတွက်ကစားခွင့်ရရှိလာခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့်ယခုနှစ်မှာမေဆင်ဂရင်းဝုဒ်ဟာမန်ယူရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ပြီးနောက်၂ရာသီကျော်အတွင်းတွင်ဂိုး၃၀အထိသွင်းထားနိုင်မှုနဲ့အတူအင်္ဂလန်အသင်းမှာပြနလည်ရွေးချယ်ခြင်းခံလာရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင်လီဗာပူးညာနောက်ခံလူထရန်းအလက်ဇန္ဒာအာနိုးမှာလည်းအင်္ဂလန်အသင်းတွင်ပြန်လည်ပါဝင်လာပါမယ်။သူဟာယူရိုပြိုင်ပွဲမတိုင်မီဒဏ်ရာကြောင့်နုတ်ထွက်ခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi

အိုက္စလန္တြင္ ဟိုတယ္အခန္းသို႔ ေဆာ္ေခၚမႈေၾကာင့္ အိမ္ပို႔ခံရၿပီးေနာက္ အဂၤလန္မွာျပန္ပါလာေတာ့မယ့္ ဂရင္းဝုဒ္

မန္ယူစတားေမဆင္ဂရင္းဝုဒ္ဟာအိုက္စလန္တြင္အိမ္ျပန္ပို႔ခံရၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္အဂၤလန္အသင္းတြင္ျပန္လည္ေ႐ြးခ်ယ္ခံရဖို႔ရွိေနေၾကာင္းသိရပါတယ္။

ေမဆင္ဂရင္းဝုဒ္ႏွင့္ဖီးလ္ဖိုဒန္တို႔ဟာၿပီးခဲ့တဲ့ႏွစ္စက္တင္ဘာလတုန္းကအိုက္စလန္သို႔ႏိုင္ငံတကာပြဲကစားရန္ေရာက္ေနစဥ္ကိုဗစ္စည္းမ်ဥ္းကိုခ်ိဳးေဖာက္ကာအသင္းတည္းခိုရာဟိုတယ္သို႔အိုက္စလန္သူမ်ားကိုေခၚယူခဲ့မႈေၾကာင့္အဂၤလန္သို႔ျပန္ပို႔ခံခဲ့ရသူမ်ားလည္းျဖစ္ပါတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့သူဟာလာမယ့္လမွာကစားမယ့္အဂၤလန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားအတြက္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းတြင္ေ႐ြးခ်ယ္ျခင္းခံရဖို႔ရွိေနေၾကာင္းသိရပါတယ္။

အဂၤလန္ဟာလာမယ့္လအေစာပိုင္းမွာဟန္ေဂရီ၊အန္ဒိုရာ၊ပိုလန္တို႔ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲကစားရန္ရွိေနပါတယ္။

ဂရင္းဝုဒ္ဟာအဂၤလန္ရဲ႕ယူ႐ို၂၀၂၀ပမာဏ ၃၃ဦးစာရင္းတြင္ပါဝင္ခဲ့ေပမယ့္လည္းဒဏ္ရာျပႆနာေၾကာင့္ႏုတ္ထြက္ခဲ့ရပါတယ္။

ဒါေၾကာင့္လည္းသူဟာအိုင္စလန္ျဖစ္ရပ္ေနာက္ပိုင္းတြင္အဂၤလန္အတြက္ကစားခြင့္ရရွိလာခဲ့ျခင္းမရွိပါဘူး။

ဒါေပမယ့္ယခုႏွစ္မွာေမဆင္ဂရင္းဝုဒ္ဟာမန္ယူရဲ႕ပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲတြင္ႏွစ္ဂိုးသြင္းယူႏိုင္ၿပီးေနာက္၂ရာသီေက်ာ္အတြင္းတြင္ဂိုး၃၀အထိသြင္းထားႏိုင္မႈနဲ႔အတူအဂၤလန္အသင္းမွာျပနလည္ေ႐ြးခ်ယ္ျခင္းခံလာရေတာ့မွာျဖစ္ပါတယ္။

ဒါ့အျပင္လီဗာပူးညာေနာက္ခံလူထရန္းအလက္ဇႏၵာအာႏိုးမွာလည္းအဂၤလန္အသင္းတြင္ျပန္လည္ပါဝင္လာပါမယ္။သူဟာယူ႐ိုၿပိဳင္ပြဲမတိုင္မီဒဏ္ရာေၾကာင့္ႏုတ္ထြက္ခဲ့ရသူလည္းျဖစ္ပါတယ္။