အိုက်စလန်အတွက် အနိုင်ဂိုးကို ချဲလ်ဆီးဂန္ထဝင်ဂတ်ဂျွန်ဆင်ရဲ့သားနှစ်ဦး ပေါင်းစပ် သွင်းယူခဲ့ကြ

ချဲလ်ဆီးနှင့်ဘာစီလိုနာတိုက်စစ်မှူးဟောင်းဂတ်ဂျွန်ဆင်ရဲ့သားများဟာမိသားစုရဲ့ကြီးမားတဲ့အစဉ်အလာကိုဖြည့်ဆည်းနိုင်ခဲ့ကြပြီဖြစ်ပါတယ်။ဂတ်ဂျွန်ဆင်ရဲ့သားနှစ်ဦးဖြစ်တဲ့အင်ဒရီနှင့်ဆဗင်တို့ဟာလက်ချက်စတိန်းအား၄-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာညီအစ်ကိုနှစ်ဦးပေါင်းစပ်ပြီးအိုက်စလန်အတွက်အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ကြပါတယ်။

အင်ဒရီနှင့်ဆဗင်တို့ဟာအိုက်စလန်လက်ရွေးစင်အသင်းတွင်ကစားခွင့်ရရှိတဲ့တတိယမြောက်ဂတ်ဂျွန်ဆင်မျိုးဆက်များဖြစ်ကြပါတယ်။

မနေ့တုန်းကလက်ချက်စတိန်းအားအိုက်စလန်က၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအင်ဒရီဂတ်ဂျွန်ဆင်ဟာဆဗင်ဂတ်ဂျွန်ဆင်ရဲ့ဖန်တီးမှုကနေဖခင်ဖြစ်သူဂတ်ဂျွန်ဆင်ဂုဏ်ယူနေစေမယ့်အနိုင်ဂိုးကိုသွင်းယူခဲ့ကြပါတယ်။

ချဲလ်ဆီးဂန္ထဝင်ဂတ်ဂျွန်ဆင်ဟာအိုက်စလန်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူဖြစ်ပြီးလက်ရှိအချိန်တွင်အိုက်စလန်အသင်းလက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။သူဟာ၁၉၉၆ခုနှစ်တုန်းကဖခင်ဖြစ်သူအစားလူစားဝင်ရောက်ကစားကာအိုက်စလန်အတွက်ပထမဆုံးပွဲကိုကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူတို့သားအဖနှစ်ဦးဟာအတူကစားခွင့်မရခဲ့ကြပါဘူး။

ဒါပေမယ့်ဂတ်ဂျွန်ဆင်ရဲ့သားများဖြစ်ကြတဲ့အင်ဒရီ(၁၉နှစ်)နှင့်ဆဗင်(၂၃နှစ်)တို့ဟာတနင်္လာနေ့တုန်းက၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာညီအစ်ကိုနှစ်ဦးပေါင်းစပ်ပြီးအနိုင်ဂိုးတစ်ဂိုးရယူနိုင်ခဲ့ကြပါတယ်။

အရန်အဖြစ်လူစားဝင်ရောက်ကစားခဲ့ကြတဲ့သူတို့နှစ်ဦးဟာပွဲချိန်၈၉မိနစ်မှာအိုက်စလန်အတွက်စတုတ္ထအနိုင်ဂိုးကိုပေါင်းစပ်သွင်းယူခဲ့ကြပါတယ်။အစ်ကိုဖြစ်သူဆဗင်ရဲ့ဖန်တီးမှုကနေရီးရဲလ်မက်ဒရစ်လူငယ်ကစားသမားအင်ဒရီကအပြင်းပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။အင်ဒရေဟာအိုက်စလန်အတွက်၄ပွဲကစားထားရာမှာဒုတိယမြောက်ဂိုးကိုသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

အိုက္စလန္အတြက္ အႏိုင္ဂိုးကို ခ်ဲလ္ဆီးဂႏၴဝင္ဂတ္ဂြၽန္ဆင္ရဲ႕သားႏွစ္ဦး ေပါင္းစပ္ သြင္းယူခဲ့ၾက

ခ်ဲလ္ဆီးႏွင့္ဘာစီလိုနာတိုက္စစ္မႉးေဟာင္းဂတ္ဂြၽန္ဆင္ရဲ႕သားမ်ားဟာမိသားစုရဲ႕ႀကီးမားတဲ့အစဥ္အလာကိုျဖည့္ဆည္းႏိုင္ခဲ့ၾကၿပီျဖစ္ပါတယ္။ဂတ္ဂြၽန္ဆင္ရဲ႕သားႏွစ္ဦးျဖစ္တဲ့အင္ဒရီႏွင့္ဆဗင္တို႔ဟာလက္ခ်က္စတိန္းအား၄-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာညီအစ္ကိုႏွစ္ဦးေပါင္းစပ္ၿပီးအိုက္စလန္အတြက္အႏိုင္ဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့ၾကပါတယ္။

အင္ဒရီႏွင့္ဆဗင္တို႔ဟာအိုက္စလန္လက္ေ႐ြးစင္အသင္းတြင္ကစားခြင့္ရရွိတဲ့တတိယေျမာက္ဂတ္ဂြၽန္ဆင္မ်ိဳးဆက္မ်ားျဖစ္ၾကပါတယ္။

မေန႔တုန္းကလက္ခ်က္စတိန္းအားအိုက္စလန္က၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအင္ဒရီဂတ္ဂြၽန္ဆင္ဟာဆဗင္ဂတ္ဂြၽန္ဆင္ရဲ႕ဖန္တီးမႈကေနဖခင္ျဖစ္သူဂတ္ဂြၽန္ဆင္ဂုဏ္ယူေနေစမယ့္အႏိုင္ဂိုးကိုသြင္းယူခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးဂႏၴဝင္ဂတ္ဂြၽန္ဆင္ဟာအိုက္စလန္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူျဖစ္ၿပီးလက္ရွိအခ်ိန္တြင္အိုက္စလန္အသင္းလက္ေထာက္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္ေနပါတယ္။သူဟာ၁၉၉၆ခုႏွစ္တုန္းကဖခင္ျဖစ္သူအစားလူစားဝင္ေရာက္ကစားကာအိုက္စလန္အတြက္ပထမဆုံးပြဲကိုကစားခြင့္ရရွိခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူတို႔သားအဖႏွစ္ဦးဟာအတူကစားခြင့္မရခဲ့ၾကပါဘူး။

ဒါေပမယ့္ဂတ္ဂြၽန္ဆင္ရဲ႕သားမ်ားျဖစ္ၾကတဲ့အင္ဒရီ(၁၉ႏွစ္)ႏွင့္ဆဗင္(၂၃ႏွစ္)တို႔ဟာတနလၤာေန႔တုန္းက၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာညီအစ္ကိုႏွစ္ဦးေပါင္းစပ္ၿပီးအႏိုင္ဂိုးတစ္ဂိုးရယူႏိုင္ခဲ့ၾကပါတယ္။

အရန္အျဖစ္လူစားဝင္ေရာက္ကစားခဲ့ၾကတဲ့သူတို႔ႏွစ္ဦးဟာပြဲခ်ိန္၈၉မိနစ္မွာအိုက္စလန္အတြက္စတုတၳအႏိုင္ဂိုးကိုေပါင္းစပ္သြင္းယူခဲ့ၾကပါတယ္။အစ္ကိုျဖစ္သူဆဗင္ရဲ႕ဖန္တီးမႈကေနရီးရဲလ္မက္ဒရစ္လူငယ္ကစားသမားအင္ဒရီကအျပင္းပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။အင္ဒေရဟာအိုက္စလန္အတြက္၄ပြဲကစားထားရာမွာဒုတိယေျမာက္ဂိုးကိုသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။